ပရိသတ် ၁၂ဝ ကျော် ဆုံးပါးခဲ့ရတဲ့ အင်ဒိုလိဂ်ပွဲ၊ ဘရိုက်တန် ကို ချီးကျူးတဲ့ ကလော့ပ်၊ အသင်းခေါင်းဆောင် ဘယ်လင်ဟမ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
အင်ဒိုနီးရှား ပြည်တွင်းလိဂ်ရဲ့ ဒါဘီပွဲစဉ်ဖြစ်တဲ့ Arema အသင်းနဲ့ Persebaya အသင်းတို့ရဲ့ ပွဲစဉ်မှာတေ့ာ ဧည့်သည် Persebaya အသင်းက ၃-၂ ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီးနောက် ပွဲအပြီး ကွင်းအတွင်းကို ပရိသတ်များစွာ ဝင်ရောက်ပြီး သောင်းကျန်းခဲ့လို့ လူပေါင်း ၁၂၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရကာ လက်ရှိမှာတော့ အင်ဒိုနီးရှားဘောလုံး လိဂ်ကို ရပ်နားထားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ ဘရိုက်တန်အသင်းနဲ့ ၃-၃ သရေကျခဲ့တဲ့ ပွဲစဉ်က ဧည့်သည် ဘရိုက်တန် အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးစကားဆိုသွားခဲ့ပြီး ကစားရ ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကတော့ စပါးအသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂျီးဆပ်ကို ချီးကျူးစကားဆိုသွားခဲ့ပြီး အာဆင်နယ်အသင်း အမြင့်တစ်နေရာရောက်နိုင်ဖို့ ဂျီးဆပ်က မြှင့်တင်ပေးနေတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးစကားဆိုသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမားလေး ဘယ်လင်ဂမ်ကတော့ အသက် ၁၉ နှစ် အရွယ်မှာပဲ ဒေ့ါမွန်အသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
တော့တင်ဟမ် စပါးအသင်းရဲ့ တောင်ပံကစားသမား လူးကပ်စ်မိုရာကတော့ သူ့အနေနဲ့ ဆီဗီလာအသင်းကို ပြောင်းရွေ့ဖို့ စိတ်အားထက်သန်နေပြီး လာလီဂါမှာ ကစားရမှာကို စိတ်ဝင်စားနေတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မူလာနဲ့ ကင်မစ်ချ်တို့အနေနဲ့ ကိုဗစ် ကူးစက် ခံထား ရတာကြောင့် ကွာရန်တင်းဝင်ရတော့မှာဖြစ်တယ်လို့ ဘိုင်ယန်အသင်းက ကြေညာ သွားခဲ့ပါတယ်။
အဲဗာတန် အသင်းပိုင်ရှင် ဟာ အသင်းကို ရောင်းချဖို့ လူသိနည်းတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တယောက်နဲ့ ဆွေးနွေး ညှိနှိုင်း နေတယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ်။ သတင်းတွေအရ မင်နီဆိုးတား အခြေစိုက် ရင်းနှီးမြှပ်နှံသူ တယောက်ဟာ အဲဗာတန် ကို ပေါင် သန်း ၄၀၀ ခန့်နဲ့ ဝယ်ယူဖို့ အလားအလာ ရှိနေတယ်လို့ သိရှိရ ပါတယ်။