သက်တမ်းတိုးဖို့ ငြင်းမယ့် လာကာဇက်၊ ဆာလီဘာ၊ တီယာနေးတို့နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

လက်စတာနဲ့ပွဲက ခြေစွမ်းဟာ ဒီရာသီ အာဆင်နယ်ရဲ့ အဝေးကွင်း အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ကြောင်း အာဆင်နယ်ဂန္ထဝင်ဟောင်း မာတင်ကီယွန်က ချီးကျူးလိုက်ပြီး ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှု က ကောင်းမွန်ခဲ့ပေမဲ့ နည်းပြအာတီတာရဲ့ အရည်အချင်းကိုလည်း အသိအမှတ် ပြုရမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူ ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ကတော့ လက်စတာနဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာ လက်စတာ ကွင်းလယ်လူ မက်ဒီဆန်ရဲ့ ဖရီးကစ်ကို ကာကွယ်နိုင်ခဲ့တဲ့ အာဆင်နယ်ဂိုးသမား ရမ်ဒေးလ်ကို အထူး ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက နောက်ခံလူ တီယာနေးရဲ့ ဒဏ်ရာအခြေအနေဟာ သက်သာသေးခြင်း မရှိကြောင်း၊ တီယာနေးအနေနဲ့ ပြေးတဲ့အခါမျိုးမှာ သက်သောင့်သက်သာ မဖြစ်ကြောင်း၊ သူတို့အနေနဲ့ တီယာနေးကို လိုအပ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

နည်းပြအာတီတာက မာဆေးမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဆာလီဘာအနေနဲ့ လာမဲ့ရာသီ အသင်းမှာ နေရာရနိုင်သေးကြောင်း၊ အသင်းအနေနဲ့ ဆာလီဘာနဲ့ အမြဲတမ်း အဆက်အသွယ်ရှိကြောင်း၊ အီဒူးဟာ အငှား ချထားတဲ့ ကစားသမားတွေကို အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ပရိသတ်တွေ က လာမဲ့ပွဲစဉ်တွေမှာ လူငယ်တိုက်စစ်မှူး အန်ကီတီယာ ကိုအခွင့်အရေးပေးဖို့ တောင်းဆိုနေကြပါတယ်။ လက်စတာနဲ့ပွဲမှာလည်း ၎င်းကို ပွဲထွက်စာရင်းမှာ အသုံးပြုဖို့ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

အာဆင်နယ် တိုက်စစ်မူှး လာကာဇက်အနေနဲ့ အသင်းရဲ့စာချုပ်သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်မှာ ဖြစ်ကြောင်း စပိန်မီဒီယာ တစ်ခုကဖော်ပြခဲ့ပါတယ်။ လာကာဇက်အနေနဲ့ လာမဲ့နွေမှာအသင်းကနေ အလွတ်နဲ့ ထွက်ခွာဖွယ် ရှိုနေတာပါ။

ZG

လက္စတာနဲ႔ပြဲက ေျခစြမ္းဟာ ဒီရာသီ အာဆင္နယ္ရဲ႕ အေ၀းကြင္း အေကာင္းဆံုး စြမ္းေဆာင္ရည္ ျဖစ္ေၾကာင္း အာဆင္နယ္ဂႏၳ၀င္ေဟာင္း မာတင္ကီယြန္က ခ်ီးက်ဴးလိုက္ျပီး ကစားသမားေတြရဲ႕ ႀကိဳးစား အားထုတ္မႈ က ေကာင္းမြန္ခဲ့ေပမဲ့ နညး္ျပအာတီတာရဲ႕ အရည္အခ်င္းကိုလည္း အသိအမွတ္ ျပဳရမွာ ျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

မန္ယူ ဂႏၳ၀င္ဂိုးသမားႀကီး ပီတာရွမိုက္ကယ္ကေတာ့ လက္စတာနဲ႔ အာဆင္နယ္တုိ႔ ပြဲစဥ္မွာ လက္စတာ ကြင္းလယ္လူ မက္ဒီဆန္ရဲ႕ ဖရီးကစ္ကို ကာကြယ္ႏိုင္ခဲ့တဲ့ အာဆင္နယ္ဂိုးသမား ရမ္ေဒးလ္ကို အထူး ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာက ေနာက္ခံလူ တီယာေနးရဲ႕ ဒဏ္ရာအေျခအေနဟာ သက္သာေသးျခင္း မရွိေၾကာင္း၊ တီယာေနးအေနနဲ႔ ေျပးတဲ့အခါမ်ိဳးမွာ သက္ေသာင့္သက္သာ မျဖစ္ေၾကာင္း၊ သူတုိ႔အေနနဲ႔ တီယာေနးကို လိုအပ္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

နည္းျပအာတီတာက မာေဆးမွာ ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဆာလီဘာအေနနဲ႔ လာမဲ့ရာသီ အသင္းမွာ ေနရာရႏိုင္ေသးေၾကာင္း၊ အသင္းအေနနဲ႔ ဆာလီဘာနဲ႔ အၿမဲတမ္း အဆက္အသြယ္ရွိေၾကာင္း၊ အီဒူးဟာ အငွား ခ်ထားတဲ့ ကစားသမားေတြကို အနီးကပ္ ေစာင့္ၾကည့္လ်က္ ရွိေၾကာင္း ဆုိခဲ့ပါတယ္။

အာဆင္နယ္ ပရိသတ္ေတြ က လာမဲ့ပြဲစဥ္ေတြမွာ လူငယ္တုိက္စစ္မွဴး အန္ကီတီယာ ကိုအခြင့္အေရးေပးဖုိ႔ ေတာင္းဆုိေနၾကပါတယ္။ လက္စတာနဲ႔ပြဲမွာလည္း ၄င္းကို ပြဲထြက္စာရင္းမွာ အသံုးျပဳဖို ႔ပရိသတ္ေတြက ေတာင္းဆုိခဲ့ၾကပါတယ္။

အာဆင္နယ္ တုိက္စစ္မဴွး လာကာဇက္အေနနဲ႔ အသင္းရဲ႕စာခ်ဳပ္သက္တမ္းတုိး ကမ္းလွမ္းမႈကို ျငငး္ဆန္မွာ ျဖစ္ေၾကာငး္ စပိန္မီဒီယာ တစ္ခုကေဖာ္ျပခဲ့ပါတယ္။ လာကာဇက္အေနနဲ႔ လာမဲ့ေႏြမွာအသင္းကေန အလြတ္နဲ႔ ထြက္ခြာဖြယ္ ရွိုေနတာပါ။