ဘရိုက်တန်ကို သရေ ဆိုပေမယ့် ရှုံးချက်က နာ ဆိုသလို ခံစားနေရတဲ့ လီဗာပူး နည်းပြ ကလော့ပ်

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်က မနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ မှာ ဘရိုက်တန်အသင်းကို နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရပြီး သရေကျခဲ့တဲ့ အပေါ် မပျော်ရွှင် ဖြစ်နေပြီး သရေဆိုပေမယ့် ရှုံးသွားသလို ခံစားရကြောင်း ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ဟာ မြန်နှုန်းမြင့် ကစားဟန်ကို အသုံးပြုကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်းရဲ့ ပွဲစဉ်ဟာ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။

ကလော့ပ်က – “ သရေ ဆိုပေမယ့် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့သလိုကို ခံစားနေရပါတယ်။ ဒါက ကျွန်တော်တို့ ၂ဂိုးပြတ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးမှ သရေကျခဲ့တဲ့ အချက်တခုထဲကြောင့် မဟုတ်ပါဘူး။ ကျွန်တော် ဒီအသင်းကို ကိုင်တွယ်တဲ့ အချိန်တွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် သွင်းဂိုး ၂ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ပယ်ဖျက်ခံရတာကြောင့်လဲ ပါပါတယ်။

ဆာဒီယို(မာနေး)ရဲ့ ဒုတိယ သွင်းဂိုးက အတော်လေး ကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ ကျွန်တော်တို့ ဂိုးမရခဲ့ပါဘူး။ တကယ်လို့ ခင်ဗျားက တောက်လျှောက် ဖိအားပေး ကစားနေမယ် ဆိုရင် ဒီလို အခြေအနေတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီဂိုးကို လက်ထိဘောကြောင့် ခွင့်မပြုခဲ့တာလို့ ထင်ပါတယ်။

ပထမပိုင်းရဲ့ အကောင်းဆုံး အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ဘရိုက်တန်အသင်းကို အတော်လေး ဖိအားပေး ကစားနိုင်ခဲ့ပြီး ကွင်းလယ်ဗဟိုကနေ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ဂိုးပဲ ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံ မကောင်းတော့ပါဘူး။ အသင်းသားတွေရဲ့ တုံ့ပြန်မှုကိုလည်း ကျွန်တော် မကြိုက်ပါဘူး။ သူတို့တွေက “ဟာ ဒီပွဲကြီးက ခက်လိုက်တာ” ဆိုပြီး တွေးနေကြပုံပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂရေဟမ် ပေါ်တာရဲ့ ဘရိုက်တန်အသင်းကို လီဗာပူးက အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံ ကစားခဲ့ရပြီး ဦးဆောင်ဂိုး ၂ဂိုးကိုလည်း ပွဲကစားချိန် မိနစ် ၂၀ကျော်ထဲက ရရှိခဲ့ပေမယ့် ချေပဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ကာ ရမှတ် ၁မှတ်သာ ရခဲ့ပါတယ်။

ZG

လီဗာပူးအသင္းရဲ႕ နည္းျပျဖစ္သူ ယာဂင္ ကေလာ့ပ္က မေန႔ညမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ မွာ ဘ႐ိုက္တန္အသင္းကို ေနာက္က် ေခ်ပဂိုးေတြ ေပးခဲ့ရၿပီး သေရက်ခဲ့တဲ့ အေပၚ မေပ်ာ္ရႊင္ ျဖစ္ေနျပီး သေရဆိုေပမယ့္ ရံႈးသြားသလို ခံစားရေၾကာင္း ပြဲ အျပီးမွာ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းနဲ႔ ဘ႐ိုက္တန္အသင္းတို႔ဟာ ျမန္ႏႈန္းျမင့္ ကစားဟန္ကို အသုံးျပဳၾကတဲ့ အသင္းေတြ ျဖစ္တာေၾကာင့္ သူတို႔ႏွစ္သင္းရဲ႕ ပြဲစဥ္ဟာ အႀကိတ္အနယ္ ရွိတဲ့ ပြဲေကာင္း တပြဲ ျဖစ္ခဲ့ပါတယ္။

ကေလာ့ပ္က – “ သေရ ဆိုေပမယ့္ ကြၽန္ေတာ္တို႔ ရႈံးနိမ့္ခဲ့သလိုကို ခံစားေနရပါတယ္။ ဒါက ကြၽန္ေတာ္တို႔ ၂ဂိုးျပတ္နဲ႔ ပြဲကို ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ သေရက်ခဲ့တဲ့ အခ်က္တခုထဲေၾကာင့္ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ဒီအသင္းကို ကိုင္တြယ္တဲ့ အခ်ိန္ေတြထဲမွာ အေကာင္းဆုံးလို႔ ေျပာရမယ့္ သြင္းဂိုး ၂ဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္ ပယ္ဖ်က္ခံရတာေၾကာင့္လဲ ပါပါတယ္။

ဆာဒီယို(မာေနး)ရဲ႕ ဒုတိယ သြင္းဂိုးက အေတာ္ေလး ေကာင္းခဲ့ေပမယ့္ ကံမေကာင္းစြာပဲ ကြၽန္ေတာ္တို႔ ဂိုးမရခဲ့ပါဘူး။ တကယ္လို႔ ခင္ဗ်ားက ေတာက္ေလွ်ာက္ ဖိအားေပး ကစားေနမယ္ ဆိုရင္ ဒီလို အေျခအေနေတြ ရွိလာႏိုင္ပါတယ္။ ဒါေပမယ့္ ဒီဂိုးကို လက္ထိေဘာေၾကာင့္ ခြင့္မျပဳခဲ့တာလို႔ ထင္ပါတယ္။

ပထမပိုင္းရဲ႕ အေကာင္းဆုံး အခိုက္အတန္႕ေတြမွာ ကြၽန္ေတာ္တို႔ ဘ႐ိုက္တန္အသင္းကို အေတာ္ေလး ဖိအားေပး ကစားႏိုင္ခဲ့ၿပီး ကြင္းလယ္ဗဟိုကေန အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ၂ဂိုးပဲ ရခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံ မေကာင္းေတာ့ပါဘူး။ အသင္းသားေတြရဲ႕ တုံ႔ျပန္မႈကိုလည္း ကြၽန္ေတာ္ မႀကိဳက္ပါဘူး။ သူတို႔ေတြက “ဟာ ဒီပြဲႀကီးက ခက္လိုက္တာ” ဆိုၿပီး ေတြးေနၾကပုံပါပဲ” လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီရာသီမွာ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တဲ့ ဂေရဟမ္ ေပၚတာရဲ႕ ဘ႐ိုက္တန္အသင္းကို လီဗာပူးက အိမ္ကြင္း အန္ဖီးလ္မွာ လက္ခံ ကစားခဲ့ရၿပီး ဦးေဆာင္ဂိုး ၂ဂိုးကိုလည္း ပြဲကစားခ်ိန္ မိနစ္ ၂၀ေက်ာ္ထဲက ရရွိခဲ့ေပမယ့္ ေခ်ပဂိုးေတြ ျပန္လည္ ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ ၂-၂ ဆိုတဲ့ ရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ကာ ရမွတ္ ၁မွတ္သာ ရခဲ့ပါတယ္။