VIP ခန်း ဝယ်လိုက်တဲ့ ဆာကာ၊ ကွန်တီ လက်သစ်၊ ကွင်းလယ်ပစ်မှတ်၊ မာတင်နယ်လီ သတိရနေသူနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် ဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက သူ့အသင်းဟောင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်တဲ့အထိ တိုးတက်လာမှုမှာ အရေးအပါဆုံး ကစားသမားတွေ ကတော့ ဂါဘရီယယ်လ်‌ ဂျေဆူးစ်၊ ဝီလီယမ် ဆာလီဘာနဲ့ ဂရာနစ် ရှာကာတို့ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ဘရာဇီးလ်ရဲ့ အန်ဂိုလို ကွန်တေလို့ နာမည်ထွက်နေခဲ့တဲ့ ပါးလ်မီးရပ်စ်ကွင်းလယ်လူ ဒါနီလိုကို အာဆင်နယ်က ပါတေး နေရာ အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။ ပါးလ်မီးရပ်စ်ကလည်း ၎င်းကို ၂၀၂၃ ဇန်နဝါရီမှာ ရောင်းချ သွားဖွယ် ရှိပါတယ်။

အီယန်ရိုက်က အာဆင်နယ်တို့အနေနဲ့ ဒီရာသီမှာ ထိပ်ဆုံးလေးသင်းကို ဝင်ရောက်ဖို့ ဆန္ဒပြင်းပြတာ အမှန်ဖြစ်တယ် ဆိုရင် တနင်္ဂနွေနေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ အိမ်ကွင်းပွဲစဉ်ကို မဖြစ်မနေ အနိုင်ရယူရလိမ့်မယ်လို့ သတိပေး လိုက်ပါတယ်။

ဆာကာ က အာဆင်နယ်နဲ့ စာချုပ်သစ် အခုထိ လက်မှတ်မထိုးနိုင်သေးတာကြောင့် အသင်းကနေ ထွက်ခွာနိုင်တယ် ကောလဟာလတွေ ထွက်နေပေမယ့် ကစားသမားက အာဆငန်ယ် အသင်းရဲ့ VIP ပွဲကြည့်စင်တစ်ခန်းကို မိသားစုအတွက် ဝယ်ယူလိုက်တာကြေင့် အမ်းမရိတ်မှာ ဆက်နေဖို့ သေချာသလောက် ရှိလာပါတယ်။

ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူဖို့ မအောင်မြင်လိုက်တဲ့ အက်စ်တန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ဆောင်းရာသီ ဈေးကွက်မှာ အာဆင်နယ်တို့ ထပ်မံကမ်းလှမ်းဖို့ ရှိနေပါတယ်။ ပေါင် ၁၅ သန်းနဲ့ ရည်ရွယ်ထားသလို မရခဲ့ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နွေမှာ ခေါ်ယူနိုင်ဖို့ အကြို သဘောတူညီမှု ရယူဖွယ် ရှိပါတယ်။

မာတီနယ်လီက သူ့အနေနဲ့ အသင်းဖော်ဟောင်း ဒေးဗစ် လူးဝစ်ဇ်ကို လွမ်းနေဆဲဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခုလို အသင်းရဲ့ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားချိန်မှာ ဘရာဇီးလ်သားကြီးကို အားလုံးက သတိရနေကြတယ်လို့ ထုတ်ဖော်သွားပါတယ်။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ်က အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီမှာ စပါး အသင်းအနေနဲ့ စတုတ်စီးတီးရဲ့ ခံစစ်ကစားကွက်နဲ့ ကစားသွားတယ်လို့ ဝေဖန်လိုက်ပြီး အသင်းကြီးအဆင့်အတန်းမှာ ဒီထက်ပိုပြီး တိုက်စစ်နဲ့ ခံစစ်ကို မျှမျှတတ ကစားတတ်ဖို့လိုတယ်လို့ ကွန်တီကို သတိပေးခဲ့ပါတယ်။

ချဲလ်ဆီး၊ စပါး နဲ့ အာဆင်နယ်နောက်ခံလူဟောင်း ဝီလီယမ် ဂါးလတ်စ်က အသင်းရဲ့ ဗဟိုခံစစ်မှာ ခြေစွမ်းပြနေတဲ့ ဆာလီဘာအနေနဲ့ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ဘူးလို့ ထောက်ပြသွားပါတယ်။ ဆာလီဘာက သူ့ရဲ့ တွဲဖက်ကစားသမား ဂါဘရီယယ်လ် မာဂါဟေးဟ်ဆီက သင်ယူနိုင်တဲ့ အရာမျိုး ဘာမှ မရှိတာကြောင့် ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။