စာချုပ် ကုန်တော့မယ့် မက်ဆီ ကို PSG နဲ့ ဘာစီလိုနာ တို့ အပြိုင် လု ကြိုးစားကြဦးမယ့် အခြေအနေ

အာဂျင်တီးနား တိုက်စစ်ကြယ်ပွင့် လီယွန်နယ် မက်ဆီရဲ့ PSG အသင်းနဲ့ လက်ရှိ စာချုပ်က လာမယ့် နွေရာသီမှာ ကုန်တော့မှာဖြစ်ပါတယ်။ မက်ဆီကို PSG အသင်းက အသင်းမှာ ဆက်ရှိနေစေချင်သလို ကလပ်ဟောင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းကလည်း ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။

မက်ဆီက PSG အသင်းထံကို ပြီးခဲ့တဲ့နှစ် နွေက ဘာစီလိုနာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာခဲ့တာပါ။ မက်ဆီရဲ့ ပြင်သစ်က ပထမဆုံး ရာသီမှာ ရုန်းကန်ခဲ့ရပြီး ပြင်သစ်လိဂ်မှာ ၆ ဂိုးသာ သွင်းယူနိူင်ခဲ့ပါတယ်။

ဒီနှစ် ဘောလုံးရာသီသစ်မှာတော့ မက်ဆီက ပုံစံဆိုးကို ချန်ထားခဲ့ပြီး ၆ ဂိုးသွင်းပြီး အသင်းဖော်တွေအတွက် ဂိုးပေါင်း များစွာ ဖန်တီးပေးနိူင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီက ဘာစီလိုနာ အသင်းနဲ့ စာချုပ် ကိစ္စ ညှိမရပဲ ထွက်ခွာခဲ့ရတဲ့ အပေါ် မက်ဆီက အခုချိန်ထိ စိတ်ခု နေဆဲဖြစ်ပါတယ်။ ဘာကာ ဥက္ကဌ လာပေါ်တာ နဲ့ နည်းပြ ဇာဗီ ကတော့ မက်ဆီကို ဘာစီလိုနာထံ ပြန်လာစေချင်နေပါတယ်။

လာပေါ်တာက ‘ကျွန်တော်တို့ မက်ဆီ အပေါ်မှာ အကြွေးတင်ပါတယ်။ သူ့ ကစားသမား ဘဝကို ဘာစီလိုနာ ဂျာစီ ဝတ်ပြီး ပရိတ်သတ်ပေါင်းများစွာ ရှေ့မှာ လက်ခုပ်သံညံ ပြီး ကုန်ဆုံးစေချင်ပါတယ်။’ လို့ဆိုပါတယ်။

နည်းပြ ဇာဗီကတော့ မက်ဆီကို နူးကမ့်မှာ ပြန်လာစေချင်လား ဆိုတဲ့ မေးခွန်းအပေါ် ‘ပြန်လာစေချင်ပါတယ်။ ဒါပေမယ့် သူက တစ်ခြားကလပ်နဲ့ စာချုပ် ရှိနေတာကြောင့် မဖြစ်နိူင်ဘူး။ ခုချိန်မှာ မက်ဆီ အကြောင်းပြောတာ သိပ်ပြီး အဓိပ္ပာယ် မရှိပါဘူး။’ ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။

PSG အသင်းကတော့ အခုချိန်မှာ မက်ဆီ နဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် အသည်းအသန် ကြိုးစားနေတာဖြစ်ပြီး မက်ဆီကို အနည်းဆုံး ၂ နှစ် ဆက်နေစေချင်တာ ဖြစ်ပါတယ်။

ခုချိန်မှာ ဘာစီလိုနာ နဲ့ PSG အသင်းက မက်ဆီ ကို အသည်းအသန်ရဖို့အတွက် ကြိုးစားနေပေမယ့် မက်ဆီကတော့ အလျင်စလို ဆုံးဖြတ်မှာ မဟုတ်ပဲ ကမ္ဘာ့ ဖလားပြီးမှ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ မက်ဆီသာ အဆုံးအဖြတ် မပေးသေးရင်တော့ နောက်နှစ်နွေမှာ