ဟာလန်းကို ပရီးမီးယားလိဂ်မှာ ကစားခွင့် မပေးတော့ဖို့ မန်ယူ ပရိသတ်တစ်ဦးက စတင်ပြီး ဆန္ဒမဲ ကောက်ခံနေ
ဟာလန်း ရဲ့ မန်စီးတီး ကစားသမားဘ၀ ကတော့ တစ်ကယ့်ကို ပြီးပြည့်စုံပြီး သူက ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ၁၁ ပွဲ ကစားရာမှာ ၁၉ ဂိုးအထိ သွင်းယူနိူင်ထားပါတယ်။ ပြိုင်ဘက် အသင်းတွေကတော့ ဟာလန်း ကို ဘယ်လို တားဆီးရမလည်း ဆိုတာကို အဖြေရှာနေဆဲဖြစ်ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ် ကစားပြီးသမျှမှာ ဟားလန်း ဂိုးမသွင်းနိူင်တဲ့ အသင်းက ဘုန်းမောက် တစ်သင်းသာ ရှိပြီး မန်ယူ ဖန် တစ်ယောက်ကတော့ အွန်လိုင်းကနေ နော်ဝေးသား မကစားရဖို့အတွက် Change က နေတစ်တင့် တောင်းဆိုခဲ့ပါတယ်။
‘Ten’s hag’s Red’ လို့ အမည်ရတဲ့ အကောင့်က Change က နေ ဟားလန်းကို မန်စီးတီး အသင်းမှာ ကစားခွင့် မရဖို့အတွက် စတင်ပြီးတော့ ပရိတ်သတ်တွေကို လှုံဆော်ပြီး မဲ လိုက်ကောက်ခံနေတာဖြစ်ပါတယ်။

ဟာလန်း က မန်ယူအသင်းဘက်ကို ပြီးခဲ့တဲ့ ပွဲမှာလည်း ဟက်ထရစ်သွင်းယူပြီးနောက် သူက အခုလို စတင်ခဲ့တာဖြစ်ပါတယ်။
ထို ဆန္ဒတင်သွင်းတဲ့ စာရဲ့ ခေါင်းစဉ် ကတော့ ‘ဟာလန်း က တစ်ခြား အသင်းတွေအတွက် တရားမျှတမှု မရှိတဲ့အတွက် ကို FA က ကစားဖို့ တားမြစ်သင့်တယ်’ ဖြစ်ပါတယ်။
သူကတော့ ‘ဟာလန်း မန်စီးတီးမှာ ကစားတာ မတရားပါဘူး။ ခုချိန်မှာ ကျွန်တော်တို့ တွေ တစ်ခုခု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ ဟာလန်း က ဂိုးသွင်းစက် ဖြစ်သလို သူ့အနေနဲ့ အင်္ဂလန်မှာ ကစားခွင့် မပေးသင့်ပါဘူး။’ ဆိုပြီး ရေးခဲ့တာပါ။

ဟာလန်းက ချန်ပီယံလိဂ်မှာလည်း ကိုပင်ဟေဂင် ဘက်ကို ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ခုချိန်မှာ အဆိုပါ လက်မှတ်မှာ လူပေါင်း ၄၇ ယောက် ထိုးပြီးဖြစ်ပါတယ်။ သူကတော့ လက်မှတ် ၁၀၀ လို ချင်တောဖြစ်ပါတယ်။
ဒီ တောင်းဆိုစာ နဲ့ ပတ်သက်ပြီး သိပ်တော့ အဓိပ္ပာယ် မရှိပေမယ့် သူ့ကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ကြောက်နေတယ် ဆိုတာ ပေါ်လွင်နေပြီ ဖြစ်ပါတယ်။
ဂွာဒီယိုလာကတော့ ‘ဟာလန်း ကတော့ တစ်ကယ့်ကို တိုက်စစ်မှူး ကောင်းတစ်ယောက်ဆိုတာ နော်ဝေး၊ ဩစတီးယား၊ ဂျာမနီ နဲ့ အင်္ဂလန်မှာ ပြသခဲ့ပြီဖြစ်ပါတယ်။ သူကတော့ ပွဲတိုင်း မှာ ကစားမှာ မဟုတ်ပါဘူး။ သူ အနားယူဖို့ လိုအပ်ပါတယ်။
သူ မနှစ်က ကစားပွဲပေါင်းများစွာ မကစားနိူင်ပေမယ့် ခုချိန်မှာတော့ ကျွန်တော်တို့ သူ့ ကို အနီးကပ် စောင့်ကြည့်စေတဲ့ သူ့ ဆရာဝန် ရှိတာကြောင့် သူ ကစားနိူင်မှာပါ။’ ဆိုပြီး ပြောကြားလိုက်ပါတယ်။