စောင့်ကြည့်ခံနေဆဲ ရက်ဖို့ဒ်၊ ထရိန်နင်မှာ အဆင်မပြေတဲ့ ရော်နယ်ဒို၊ အသင်းသစ် ရမယ့် ကားရစ်နဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

စီ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ထရိန်နင်မှာ နည်းပြ တန်ဟက်ရဲ့ ဘောလုံး နည်းစနစ်တွေကို မလိုက်နာလိုဘဲ ခေါင်းမာစွာ အမျက်ထွက်နေတယ် လို့ အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်က ကြာသပတေးည ဆိုပရပ်စ်မြေမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်ပွဲစဉ်(၃)အတွင်း ယူနိုက်တက်အသင်း ဘက်က လူစားဝင်လာပြီး အိုမိုနီးယားနီကိုရှား အသင်းကို ဂိုးတွေ သွင်းခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီမာရှယ်တို့ ၂ဦး ကို ချီးကျူးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ရဲ့ လက်ရှိ စာချုပ်ဟာ နောက်နှစ်နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေ အများအပြား ရှိနေပါတယ်။ အဲဒီထဲမှာ အာဆင်နယ်အသင်း လည်း ပါဝင်နေတယ်လို့ Football Insider က ဖော်ထုတ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား အန်တိုနီဟာ မန်ချက်စတာ ဒါဘီပွဲမှာ ခံစစ်ပိုင်း ကူဖို့ နည်းပြ တန်ဟက်ရဲ့ ညွှန်ကြားချက်တွေ အား နားမထောင်ဘဲ လစ်လျူရှုခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် မှာ ရုန်းကန်နေရတဲ့တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချို အနေနဲ့ အာဆင်နယ် မှာသာဆို ခြေစွမ်းပြ ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ဘောလုံး သုံးသပ်သူ ဂျေဆန်ကန်ဒီ က သုံးသပ် ပြောကြား လိုက်ပါတယ်။

မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းကနေ ထွက်ခွာလိုပါက ထွက်ခွာနိုင်ကြောင်း လမ်းဖွင့် ပေးထားတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ်။

ဘိုင်ယန်မြူးနစ် စီအီးအို အိုလီဗာခန်းက အသင်းအနေနဲ့ အခုနွေရာသီမှာ ယူနိုက်တက်စတား ရော်နယ်ဒိုကို ခေါ်ယူဖို့ စဉ်းစားခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပေါ်တူဂီစတားဟာ ယူနိုက်တက်ကနေ ထွက်ခွာဖွယ်ရှိနေပြီး ချန်ပီယံလိဂ် ကစားချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာ လာတဲ့ လက်ထောက် နည်းပြဟောင်း မိုက်ကယ် ကာရစ် ဟာ ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ်။