ရက်ရှ်ဖို့ဒ် ကို အာဆင်နယ် ပြောင်းဖို့၊ မန်ယူကလည်း ရောင်းပေးလိုက်ဖို့ နှစ်သင်းလုံးအား ကော်လီမိုး တိုက်တွန်း
တိုက်စစ်မှုး မားကပ်စ်ရက်ရှ်ဖိုဒ့် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာပြီး အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ကစားရင် အကျိုး ရှိလိမ့်မယ်လို့ စတန် ကော်လီမိုး က သုံးသပ် ပြောကြားရင်း တိုက်တွန်းလိုက်ပါတယ်။
ကော်လီမိုး က ” မားကပ်စ် ရက်ရှ်ဖိုဒ့် က အာဆင်နယ် နဲ့ လုံးဝ အံဝင် ခွင်ကျ ဖြစ်မယ့် ကစားသမားမျိုးပါ။ ကွင်းပြင်ပ မှာဆိုလည်းသူက ကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်ထားသူပါ၊ ဘောလုံး နဲ့ ပတ်သက်ပြီး ပြောရရင် သူက ယူနိုက်တက် မှာ အကြာကြီး ကစားလာတော့ သူသာ တခြား ပြိုင်ဘက် အသင်းကို ပြောင်းရင် ဝေဖန်မှုတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိပါတယ်။
သူ ကိုယ်တိုင်ကလည်း အသင်းကြီး တစ်သင်းမှာ ကစားရတာ ဘယ်လိုမျိုးလဲ ဆိုတာ ကောင်းကောင်းသိသူပါ ။ ဒါကြောင့် အာဆင်နယ် မှာ ကစားလို့ ရင်ဆိုင်ရမယ့် ဖိအားတွေကို သူ ကောင်းကောင်း ကျော်ဖြတ် နိုင်မယ် ဆိုတာ ကျွန်တော် လုံးဝ သံသယ မဖြစ်မိပါဘူး။

ရက်ရှ်ဖိုဒ့် အတွက်လည်း အခု အရွယ်မှာသာ အသင်း ပြောင်းကစားရင် သူ့အတွက် အများကြီး အကျိုး ဖြစ်ထွန်းမှု ရှိစေမှာပါ ။ သူက အခုမှ အသက် ၂၄ နှစ် ပဲ ရှိသေးတာပါ၊ ရှေ့လျှောက် ဘောလုံး ကစားရမယ့် အချိန်တွေ အများကြီး ကျန်နေပါသေးတယ်။
ဆက်လက်ပြီး ကော်လီမိုး က ရက်ရှ်ဖိုဒ့် အတွက် ပေါင် သန်း ၆၀ နဲ့သာ ကမ်းလှမ်းလာရင် ရောင်းထုတ်သင့်တယ်လို့ ယူနိုက်တက် ကို အကြံ ပေးသွားခဲ့ပါတယ်။
” မန်ယူနိုက်တက် ဘက်ကနေ ကြည့်ကြည့်ရအောင်ဗျာ ၊ ကျွန်တော်သာ ယူနိုက်တက် တာဝန်ရှိသူဆိုရင် ရက်ရှ်ဖိုဒ့် ကို ထွက်ခွာခွင့်ပြုပြီး ပိုက်ဆံ ယူမှာပါ ၊ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးသာ ဖြစ်ရင်ပေါ့ဗျာ။
ရက်ရှ်ဖိုဒ့် အတွက် ပေါင် သန်း ၆၀ လောက် အလွယ်ကလေး တောင်းလို့ ရပါတယ် ။ အဲ့ထက်တောင် ပိုတောင်းလို့ ရနိုင်ပါတယ် ၊ ကျွန်တော် ပြောသလိုသာ ဖြစ်လာရင် သုံးဦး သုံးဖက် အကျိုးရှိမယ့် အပြောင်းအရွှေ့ပါ ၊ မန်ယူနိုက်တက် အတွက်ရော အာဆင်နယ် အတွက်ပါ၊ ရက်ရှ်ဖိုဒ့် အတွက်လည်း အကျိုးရှိစေမှာပါ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရုန်းကန် ခဲ့ရတဲ့ ရက်ရှ်ဖိုဒ့် ဟာ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြန်ရနေပြီ ဖြစ်ပြီး ရှစ် ပွဲ ကစားထားရာမှာ ငါးဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားပါတယ် ။