ဒီည လီဗာပူးနဲ့ ပွဲမတိုင်ခင် ထူးခြားမှုများ၊ ဆာလီဘာကို အာတီတာ ချီးကျူးခြင်း၊ ရက်ဖို့ဒ်အတွက် တိုက်တွန်းသူနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ စုစည်းမှု

အာဆင်နယ်ပွဲမှာ ပွဲထွက်ကစားသမား အားလုံးထံက ခံစစ်အတွက် ကူညီပေးလိုတာကို မြင်လိုကြောင်း ကလော့ပ်က သတိပေးလိုက်ပြီး လီဗာပူးရဲ့ ပွဲထွက်လူစာရင်း ဘယ်လိုဖြစ်မလဲ ကြိုတင် ခန့်မှန်းဖို့ ပြန်လည် ခက်ခဲလာပါပြီ လို့ ပြောဆိုပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက သူ့ရဲ့နောက်ခံလူ ဆာလီဘာဟာ မာန်မာန ထောင်လွှားမှုနဲပါးပြီး အလုပ်ကိုပဲ အာရုံစိုက် တတ်သူဖြစ်ကြောင်း ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

“ သူက ကွင်းထဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရရှိဖို့အကောင်းဆုံးကြိုးစားနေတဲ့သူပါ။ ကျော်ကြားမှုနောက်ကိုလဲ မလိုက်သလို စကားလဲအများကြီးမပြောပါဘူး။ အလုပ်ကိုပဲ ဆက်တိုက် လုပ်နေတဲ့သူမျိုး ဖြစ်ပါတယ် “ လို့ဆိုခဲ့တာပါ။

ဂန်းနားတို့ရဲ့ ပစ်မှတ်ဖြစ်ဖူးခဲ့တဲ့ လီဗာပူး ကွင်းလယ်လူ အာသာမယ်လိုဟာ ဒဏ်ရာကြောင့် ၃ လခန့် နားရတော့မှာဖြစ်ပြီး ဒီနေ့ အာဆင်နယ်နဲ့ ပွဲမှာလည်း ပါဝင်လာဖို့မရှိကြောင်းသိရပါတယ်။ မယ်လိုဟာ ပြီးခဲ့တဲ့နှစ် ကတည်းက အမ်းမရိတ်ဆီကိုရောက်လာဖို့ရေပန်းစားခဲ့တာဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ ညှိနှိုင်းမရခဲ့တာကြောင့် ယခု ရာသီအစမှာ လီဗာပူးထံ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

နည်းပြ အာတီတာက ဒီရာသီ လီဗာပူး ခံစစ်မှာ အမှားများလွန်းနေတဲ့ ထရန့် အလက်ဇန်းဒါး အာနိုး ဟာ တကယ်တော့ အထူး ပါရမီထူး ရှိသူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

စကိုင်းစပေါ့ အစီအစဉ် တင်ဆက်သူ ဒါမက် ဆက်ရှ်က အာဆင်နယ်အသင်းရဲ့ အလားအလာနဲ့ ပတ်သတ်ပြီး “ သူတို့က ချန်ပီယံစိန်ခေါ်သူတွေ ဟုတ်မဟုတ်တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် လက်ရှိလုပ်ဆောင်နေတဲ့အရာတွေကို တစိုက်မတ်မတ်တိုးတက်နေစေပြီး ၊ အပြောင်းအရွှေ့တွေမှာ ဂျေးဆူကိစ္စလိုမျိုး ခေါ်ယူမှု မှန်ကန်ခဲ့မယ်ဆိုရင် တော့ ချန်ပီယံဆုကို ဘာလို့မမှန်းနိုင်ရမှာလဲဗျာ။ ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် အနေနဲ့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့သင့်ကြောင်း၊ မန်ယူကလည်း ရောင်းချပေးလိုက်သင့်ကြောင်း စတန် ကော်လီမိုးက အကြံပြု တိုက်တွန်းသွားပါတယ်။