လီဗာပူးကို အမ်းမရိတ် ကွင်းမှာ အကြိတ်အနယ် ကစားပြီး ချန်ပီယံ ခြေစွမ်းပြ အနိုင်ယူသွားတဲ့ အာဆင်နယ် အသင်း
အာဆင်နယ် ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲ အိမ်ကွင်းမှာ လီဗာပူးအသင်းကို ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားပြီး ၃-၂ နဲ့ အနိုင်ရကာ အဖိုးတန် အနိုင် ၃ မှတ်ကို ရရှိခဲ့ပါတယ်။
အိမ်ရှင်အာဆင်နယ်ကတော့ ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂျေဇူး၊ မာတင်နယ်လီ၊ အိုဒီဂတ်၊ ဆာကာတို့ကိုပဲ တွဲပေးခဲ့တာပါ။ ကွင်းလယ်မှာ ဂျာကာနဲ့ ပါတေးတို့ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာ တိုမီယာဆု၊ ဂါဘရီရယ်၊ ဆာလီဘာ၊ ဘန်ဝှိုက်တို့ကို ကစားစေခဲ့ပါတယ်။
လီဗာပူးကလည်း ၄၂-၃-၁ ကစားကွက်ကိုခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ နူနက်ဇ်၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဆာလတ်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာ သီယာဂိုနဲ့ ဟန်ဒါဆန်တို့အတွဲကို အသုံးပြုခဲ့ပြီး နောက်တန်းမှာ ဆီမီကက်စ်၊ ဗန်ဒိုက်ချ်၊ မာတစ်၊ အာနိုးလ်ကို ပွဲထုတ်ခဲ့တာပါ။

အဆာင်နယ်ဟာ ပွဲအစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲစစချင်းမှာပဲ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ လှပတဲ့ တိုက်စစ်တွဲလံးုကနေ အိုဒီဂတ်ရဲ့ တိကျတဲ့ မျှောထိးုပေးမှုကို မာတင်နယ်လီက ဂိုးသမားအနီးကပ် အဆုံးသတ်သွားခဲ့တာပါ။ ဦးဆောင်ဂိုး စောစောစီးစီး ရရှိခဲ့ပြီးနောက် အာဆင်နယ်တို့ စိတ်ဓာတ်ပိုင်း တက်သွားခဲ့ပြီး ကွင်းလယ်ပိုင်းအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ အာဆင်နယ်ရဲ့ကွင်းလယ်ကစားပုံ အမှားတွေပါလာခဲ့ပြီး ဘောလုံး အပျက်များ ခဲ့ရပါတယ်။ အထးူသဖြင့် ဒီပွဲမှာ လီဗာပးူကွင်းလယ်ကလည်း ပုံစံကောင်းပြခဲ့ပြီး ပါတေးနဲ့ တိုက်စစ်ကြားက အချိတ်အဆက်ကို ကောင်းကောင်း ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။
လီဗာပူးကွင်းလယ်မှာ သီယာဂိုက ခြေစွမ်းကောင်းပြခဲ့ပြီး ဒီယက်ဇ်၊ နူနက်ဇ်တို့ကြားက အချိတ်အဆက်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ကစားပုံက မရဲတရဲဖြစ်နေပြီး တစ်ခုခုကို ရှိန်နေသလိုမျိုး ခံစားနေရပါတယ်။ တိုမီယာဆုက ဆာလတ်ကို အကောင်းဆုံး ထိန်းထားနိုင်ခဲ့သလို နောက်တန်းမှာ ဆာလီဘာကလည်း ပုံစံကောင်းပြနေခဲ့ပါတယ်။
ဒီပွဲမှာ ကွင်းလယ်ဒိုင် အိုလီဗာရဲ့ ဆုံးဖြတ်ချက်တချို့လည်း အိမ်ရှင်အာဆင်နယ်ကို အလေးသာစေပါတယ်။ တဖြည်းဖြည်းနဲ့ ပွဲကို လီဗာပူးက ပိုလွှမ်းမိုးနိုင်လာခဲ့ပြီး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ၃၄ မိနစ် မှာတော လီဗာပူးချေပဂိုး ပြန်ရခဲ့ပြီး ဒီယက်ဇ်ရဲ့ ဖန်တီးပေးမှုကို နူနက်ဇ်က ပြေးဝင်ပိတ်သွင်းခဲ့တာပါ။
ပထမပိုင်းမှာခြေစွမ်းပြနေတဲ့ ဒီယက်ဇ်ဒဏ်ရာရရှိသွားခဲ့တာက လီဗာပူးအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပထမပိုင်းပြီးခါနီးနောက်ဆုံးမိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မာတင်နယ်လီက ထိုးဖောက်တိုက်စစ်ဆင်ပြီး ဖန်တီးပေးခဲ့ရာမှာ ဆာကာက ပိတ်သွင်းပြီး အဆာင်နယ်အတွက် ဦးဆောင်ဂိုးထပ်သွင်းပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ပွဲကပြိုင်ဆိုင်မှု ပိုပြင်းထန်လာခဲ့ပြီး မျက်တော်ငမခတ်တမ်းကြည့်ခဲ့ရတဲ့ပွဲပါ။ ဒုတိယစစချင်းမှာ အာဆင်နယ်က ဖိအားပေးတိုက်စစ်ပေမယ့် တကယ်တမ်းဂိုးရသွားတာက လီဗာပူးပါ။ ဂျိုတာ၊ ဖာမီနိုတို့ရဲ့ ဖော်မြူလာ ကွက်ကို အာဆင်နယ်ခံစစ် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘဲ ဖာမီနိုက လှလှပပ ကန်သွင်းပြီး ချေပဂိုး သွင်းပေးခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရပြီးနောက် အာဆင်နယ်တို့ အစွမ်းကုန်တိုက်စစ်ဆင်ခဲ့ပါတယ်။ အာနိုးလ်နေရာမှာ ဂိုမက်ဇ်ကို ထည့်လိုက်တဲ့ကလော့ရဲ့လုပ်ရပ်မှန်ကန်ခဲ့ပြီး မာတင်နယ်လီကစားရကြပ်စေခဲ့ပါတယ်။ ဒါပေမယ့် တော်တော်လေး အကွက်စီးနေတဲ့ အာဆင်နယ်ရဲ့ တရစပ်တိုက်စစ်ဆင်မှုတွေကို လီဗာပူးနောက်တန်း ဟန့်တားရာမှာ တဖြည်းဖြည်း ပျာယာခတ်လာခဲ့ပါတယ်။
ပွဲကစားချိန် ၇၆ မိနစ်မှာ အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှုကို ဟန့်တားရင်း ဂျေဇူးကို သီယာဂို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အာဆင်နယ် ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ ဒီပင်နယ်ကို ဆာကာက အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။
အဲဒီနောက် ဂိုး နောက် လီဗာပူးတို့ ကစားအားကျသွားခဲ့ကာ အာဆင်နယ်ကပဲ ပွဲကိုထိန်းချုပ်ပြီး အနိုင် ရလဒ် ကို ထိန်းခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဆက်လက် ရပ်တည်နေပြီ ဖြစ်ပါတယ်။