စီးတီးလောက် ငွေမသုံးနိုင်ဘူး ဆိုတဲ့ ကလော့ပ်၊ ပေါ့ဘာနဲ့ ကန်တေကို လက်လွှတ်ရမယ့် ပြင်သစ်၊ ဖိုဒန် စာချုပ်သစ်နဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းများ

ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲမှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူပေးခဲ့တဲ့ ဘရက်ဖို့ဒ် တိုက်စစ်မှူး တိုနေးဟာ အင်္ဂလန်အသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သုံးသပ်သူတွေက ချီးကျူးမှုတွေ ပြုလုပ်နေကြပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းအတွက် ထိုးနှက်မှုတွေ အဖြစ် အားထားရတဲ့ ကွင်းလယ်သမားတွေ ဖြစ်တဲ့ ဂျူဗင်တပ်မှ ပေါ့ဘာ၊ ချယ်ဆီးမှ ကန်တေ တို့ ဒဏ်ရာ ကိုယ်စီ ရနေပြီး ကမ္ဘာ့ဖလား လွဲချော်ဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဖိုဒန်ကို ၂၀၂၇ အထိ သက်တမ်းရှိစေမယ့် ၅ နှစ် စာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကတော့ ၎င်းတို့အသင်းဟာ ပြိုင်ဘက်အသင်းတွေလောက် ငွေသုံးစွဲလိုခြင်း မရှိ ခဲ့တာကြောင့် ကစားသမားကောင်း ရရှိဖို့ ခက်ခဲခဲ့ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေး အင်အားပိုင်းမှာ မန်စီးတီးနဲ့ မယှဉ်ပြိုင်နိုင်ဘူးလို့ နည်းပြ ယာဂန်ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ ၎င်းတို့ထုတ်ပယ်လိုက်တဲ့ နည်းပြဟောင်း နူနို ဆန်းတို့စ်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ ပြန်လည် စဉ်းစားနေကြပြီ ဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်း တောင်ပံကစားသစ် အန်တိုနီကတော့ ၎င်းအနေနဲ့ ရော်နယ်ဒိုထံက နေ့စဉ်သင်ယူမှုတွေ ပြုလုပ် နေရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ် ကွင်းလယ်ကစားသမား လိုင်မားကို ခေါ်ယူဖို့ လီဗာပူးလ်နဲ့အပြိုင် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

အင်တာမီလန် ကို ချဲလ်ဆီး ကနေ ပြောင်းလာတဲ့ တိုက်စစ်မှူး လူကာကူ ဟာ လွန်ခဲ့တဲ့ ၆ ပတ် ကတည်းက ဒဏ်ရာကြောင့် နားနေရပြီး လာမယ့် အပတ်တွေထဲမှာ ကစားနိုင်ချေ ရှိမရှိ အတွက် စစ်ဆေးမှုပြုလုပ် ရဦးမယ်လို့ ကြားသိရ ပါတယ်။

နယူးကာဆယ် ကတော့ အားထားရတဲ့ ဘရာဇီး ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရှိရပါတယ်။