ဖိုဒန် ဂိုး ကို ပေးသင့်တယ်လို့ ဘာနာဒို ပြောဆို၊ ပျော်နေပါတယ် ဆိုတဲ့ ဘတ်ပီ၊ ဒိုလေး လူစားလဲမှုနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပေကတော့ အသင်းမှာ မပျေ်ာရွှင် မကျေနပ်လို့ ဇန်နဝါရီမှာ ထွက်ခွာလိုနေတယ် ဆိုတဲ့ သတင်းတွေ့ မှားယွင်းကြောင်းနဲ့ လက်ရှိ ကလပ်မှာ ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် က နယူးကာဆယ်နဲ့ ပွဲမှာ ရော်နယ်ဒိုကို လူစားလဲခဲ့မှုနဲ့ ပတ်သက်ပြီး ကစားသမားက ပွဲစဉ်အတွင်း ယခုထက် ပိုမို ရွှင်ပျစွာ ကစားခဲ့သင့်ပြီး ကွင်းအတွင်း စိတ်ပျက်တဲ့ ပုံစံမျိုး မကစားသင့်ကြောင်း ပွဲအပြီးမှာတော့ ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်သမား ဘာနာဒို ဆေးလ်ဗားက ဖိုဒန်ရဲ့ သွင်းဂိုး ကို ခွင့်ပြုသင့်ကြောင်း ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က တသမှတ်တည်း ရှိသင့်ကြောင်း ဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ နဂိုခြေစွမ်းတွေအတိုင်း ကစားပြနိုင်ခဲ့တဲ့ နောက်ခံလူ ဗန်ဒိုက် ရဲ့ အရည်အသွေး တွေကို လီဗာပူးလ် နောက်ခံလူဟောင်း ကာရေဂါက ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ရီးရဲလ်အသင်းကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ရအပြီးမှာတော့ ဘာစီလိုနာအသင်းနည်းပြ ဇာဗီတစ်ယောက် အသင်းရဲ့ အနေအထားကို ဝန်ခံသွားခဲ့ပြီး ၎င်းတု့ိ ပြောင်းလဲဖို့ လိုအပ်နေသေးကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်း ဂိုးသမား ကီပါဟာ ဗီလာနဲ့ ပွဲမှာ ကမ္ဘာ့အဆင့် လက်စွမ်းမျိုး ထုတ်ပြခဲ့တာ ဖြစ်ကြောင်း နည်းပြ ပေါ်တာက ချီးကျူးလိုက်ပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ရဲ့ ပွဲစဉ်မှာတော့ နေမာရဲ့ တစ်လုံးထဲသော ဂိုးကြောင့် ပီအက်စ်ဂျီတို့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ် အသင်းကလည်း ဖရိုင်းဘတ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ယူနီယန် ဘာလင် အသင်းနဲ့ ရမှတ် ၄ မှတ်အကွာ အနေအထားမှာ ဆက်လက်ရပ်တည်နေပါတယ်။