အထူး လက်စွမ်းပြလို့ ချီးကျူးခံနေရတဲ့ ကီပါ၊ စတားလင်းကို နေရာပြောင်းဖို့ ကြံနေတဲ့ ပေါ်တာနဲ့ ယနေ့ည ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီး အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စ်တွန် ဗီလာ အသင်းကို အဝေးကွင်းမှာ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ ပြိုင်ပွဲစုံ ၅ပွဲဆက် အနိုင်ရခဲ့ပါတယ်။
ချဲလ်ဆီးအသင်း နည်းပြ ဂရေဟမ်ပေါ်တာက ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ကီပါကို ကမ္ဘာ့အဆင့်ဂိုးသမားလို့ ချီးကျူးပြောကြားလိုက်ပါတယ်။

ကီပါဟာ ၂၀၁၈ တုန်းက ဘီလ်ဘာအိုအသင်းထံကနေ ပေါင် ၇၁ သန်းနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး မက်ဂင်းနဲ့ ရမ်ဆေး တို့ရဲ့ ဂိုးရနိုင်တဲ့အခွင့်အရေး ၂ ကြိမ်ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ စပိန်သားဟာ ဒန်နီအင့်စ်ရဲ့ ခေါင်းတိုက် ချက်ကိုလည်း ထပ်မံလက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူး အူဘာမီးယန်းက သူအနေနဲ့ လန်ဒန်ကလပ်ကို ပြောင်းရွှေ့ခဲ့တာကြောင့် အာဆင်နယ် အသင်းဖော်ဟောင်း လာကာဇက်တီအနေနဲ့ မယုံ ကြည်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက တောင်ပံ တိုက်စစ်မှုး ရာဟင်း စတားလင်းကို နောက်ဆင်းကာ တောင်ပံ ခံစစ်သမား အဖြစ် ကစားစေဖို့ စဉ်းစားနေကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။
ကီပါ အထူး လက်စွမ်းပြနေတာကြောင့် ဂိုးသမား မန်ဒီ အနေနဲ့ အရန်ခုံမှာ ဆက်နေရဖို့ ရှိနေပြီး ကာရာဘောင်း ဂိုးသမား ဖြစ်သွားနိုင်တယ်လို့ ချဲလ်ဆီး ပရိသတ်တွေက ပြောဆိုနေကြပါတယ်။