မြန်မာ တစ်ဦး အပါအဝင် မက်ဆေ့ကနေ လူမျိုးရေးခွဲခြား ဆဲဆိုမှုတွေကို ဖော်ထုတ်လိုက်တဲ့ ဇာဟာ
ခရစ္စတယ်ပဲလေ့စ် တောင်ပံ တိုက်စစ် ကစားသမား ဇာဟာကတော့ အွန်လိုင်းပေါ်က လူမျိုးရေး ခွဲခြားမှုတွေကို အဓိက ထား ဖြေရှင်းဖို့ အင်စတာဂရမ်ကို တောင်းဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့က မန်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂၈ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ အင်စတာဂရမ်ကနေ သူ့အပေါ် ပြုလုပ်ခဲ့တဲ့ လူမျိုးခွဲခြားမှု မှတ်ချက်နဲ့ မက်ဆေ့ချ် screenshot တွေကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။
အီတီဟတ်မှာကစားခဲ့တဲ့ အဆိုပါပွဲစဉ်ရဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့တဲ့ ဇာဟာကြောင့်ပဲ စီးတီးနောက်ခံလူ လာပေါ်တီ တိုက်ရိုက်အနီကတ်နဲ ထုတ်ပယ်ခံခဲ့ရပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ ပွဲပြီးဆုံးချိန်မှာတော့ အွန်လိုင်းပေါ်က ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပုံကို အင်စတာဂရမ် ကနေ သူ့ဆီပို့ထားတဲ့ မက်ဆေ့ဂျ်တွေကို ဖော်ထုတ်ပြသပြီး ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေ အနေနဲ့ ဒီအခြေအနေတွေကို ထိန်းချုပ်သင့်ကြောင်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဇာဟာက “ ဒီမက်ဆေ့ဂျ်တွေက “ We Stand With You ” ဆိုပြီး ပြောခဲ့တဲ့လူတွေဆီက မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်အတွက်တော့ တကယ်ရွံစရာကောင်းတဲ့ လူတွေပါပဲ။ ဒီလိုလူတွေအတွက် ကျွန်တော် တည်ရှိနေတာ မဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့သင်ပါပြီ။ ကျွန်တော့်ကို ဒီလို ခွဲခြား ဆက်ဆံခံရလဲ ကိစ္စမရှိပါဘူး။ အခုခေတ်က ကိုယ့်အလုပ်ကိုယ်လုပ်နေလည်း ဒါတွေက ကြုံနေရဦးမှာပဲ။
ကျွန်တော့်အသားအရောင်က ခင်ဗျားတို့အတွက် ပြဿနာရှိလည်း ကျွန်တော် ဂရုမစိုက်ဘူး၊ လူမည်း တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူတယ်။ ပြောစမ်းပါဦး ခင်ဗျားတို့ ဒီကိစ္စကို တကယ်ရော ဖြေရှင်းဖို့ ကြိုးစားနေကြရဲ့လား ” ဆိုပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းကလည်း ကစားသမား အတော်များများ အွန်လိုင်းကနေ လူမျိုးရေးခွဲခြားမှုတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်က အများစုဖြစ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒါတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ လိုအပ်လာပါတယ်။
အင်စတာဂရမ်က စည်းမျဉ်းအသစ်တွေ ချမှတ်သွားမယ်လို့ ကြေညာထားသလို တွစ်တာကလည်း ဗြိတိန်ဘောလုံးလောကရဲ့ လူမျိုးရေးခွဲခြားမှု ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောဆို ထားပါတယ်။

ZG
ခရစၥတယ္ပဲေလ့စ္ ေတာင္ပံ တိုက္စစ္ ကစားသမား ဇာဟာကေတာ့ အြန္လိုင္းေပၚက လူမ်ိဳးေရး ခြဲျခားမႈေတြကို အဓိက ထား ေျဖရွင္းဖို႔ အင္စတာဂရမ္ကို ေတာင္းဆိုခဲ့ပါတယ္။
တနဂၤေႏြေန႔က မန္စီးတီးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမားဟာ အင္စတာဂရမ္ကေန သူ႔အေပၚ ျပဳလုပ္ခဲ့တဲ့ လူမ်ိဳးခြဲျခားမႈ မွတ္ခ်က္နဲ႔ မက္ေဆ့ခ်္ screenshot ေတြကို ထုတ္ေဖာ္ျပသသြားခဲ့ပါတယ္။
အီတီဟတ္မွာကစားခဲ့တဲ့ အဆိုပါပြဲစဥ္ရဲ႕ အဖြင့္ဂိုးကို သြင္းယူခဲ့တဲ့ ဇာဟာေၾကာင့္ပဲ စီးတီးေနာက္ခံလူ လာေပၚတီ တိုက္႐ိုက္အနီကတ္နဲ ထုတ္ပယ္ခံခဲ့ရပါတယ္။
အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ဟာ ပြဲၿပီးဆုံးခ်ိန္မွာေတာ့ အြန္လိုင္းေပၚက ပစ္မွတ္တစ္ခုျဖစ္လာခဲ့ပုံကို အင္စတာဂရမ္ ကေန သူ႔ဆီပို႔ထားတဲ့ မက္ေဆ့ဂ်္ေတြကို ေဖာ္ထုတ္ျပသၿပီး ဆိုရွယ္မီဒီယာ ကုမၸဏီေတြ အေနနဲ႔ ဒီအေျခအေနေတြကို ထိန္းခ်ဳပ္သင့္ေၾကာင္း တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။
ဇာဟာက “ ဒီမက္ေဆ့ဂ်္ေတြက “ We Stand With You ” ဆိုၿပီး ေျပာခဲ့တဲ့လူေတြဆီက မဟုတ္ဘူးလို႔ ထင္ပါတယ္။ ကြၽန္ေတာ္အတြက္ေတာ့ တကယ္႐ြံစရာေကာင္းတဲ့ လူေတြပါပဲ။ ဒီလိုလူေတြအတြက္ ကြၽန္ေတာ္ တည္ရွိေနတာ မဟုတ္ပါဘူး။ ဒီျပႆနာကို ေျဖရွင္းဖို႔သင္ပါၿပီ။ ကြၽန္ေတာ့္ကို ဒီလို ခြဲျခား ဆက္ဆံခံရလဲ ကိစၥမရွိပါဘူး။ အခုေခတ္က ကိုယ့္အလုပ္ကိုယ္လုပ္ေနလည္း ဒါေတြက ႀကဳံေနရဦးမွာပဲ။
ကြၽန္ေတာ့္အသားအေရာင္က ခင္ဗ်ားတို႔အတြက္ ျပႆနာရွိလည္း ကြၽန္ေတာ္ ဂ႐ုမစိုက္ဘူး၊ လူမည္း တစ္ေယာက္ျဖစ္ရတာ ဂုဏ္ယူတယ္။ ေျပာစမ္းပါဦး ခင္ဗ်ားတို႔ ဒီကိစၥကို တကယ္ေရာ ေျဖရွင္းဖို႔ ႀကိဳးစားေနၾကရဲ႕လား ” ဆိုၿပီး အင္စတာဂရမ္မွာ တင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့လေတြတုန္းကလည္း ကစားသမား အေတာ္မ်ားမ်ား အြန္လိုင္းကေန လူမ်ိဳးေရးခြဲျခားမႈေတြ ႀကဳံေတြ႕ခဲ့ၾကရပါတယ္။ အထူးသျဖင့္ ပရီးမီးယားလိဂ္က အမ်ားစုျဖစ္လို႔ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ဒါေတြကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္လာပါတယ္။
အင္စတာဂရမ္က စည္းမ်ဥ္းအသစ္ေတြ ခ်မွတ္သြားမယ္လို႔ ေၾကညာထားသလို တြစ္တာကလည္း ၿဗိတိန္ေဘာလုံးေလာကရဲ႕ လူမ်ိဳးေရးခြဲျခားမႈ ျပႆနာေတြကို ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းသြားမယ္လို႔ ေျပာဆို ထားပါတယ္။