ဗာရိန်း က ဗန်ဒိုက်၊ ရူဘင်ဒီယက်စ်တို့လို ခြေစွမ်းပြမယ်လို့ အရမ်း မျှော်လင့်မထားဖို့ ယူနိုက်တက်အား သတိပေး
အင်္ဂလန်နောက်ခံလူဟောင်း ဒန်နီမေးလ်က ဗာရန်းအနေဖြင့် ပရီးမီးယားလိဂ်တွင် အသားကျရန် အချိန်ယူရနိုင်ကြောင်း၊ ရီးရဲမက်ဒရစ်မှာကဲ့သို့ လွယ်လွယ်နှင့် အောင်ပွဲရမည်မဟုတ်ကြောင်း သတိပေး ပြောဆိုလိုက်သည်။
ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးဖြစ်သော ဗာရိန်းသည် ပြောင်းရွှေ့ကြေး ပေါင် ၄၂.၇ သန်းဖြင့် မန်ယူသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်သည်။ ဗာရန်းသည် မန်ယူ၏ ဗဟိုခံစစ်တွင် မက်ဂွိုင်းယားနှင့် တွဲဖက်၍ အသင်း၏ အမာခံ ခံစစ်မှူးအဖြစ် ပုံမှန်ကစားရဖွယ်ရှိသည်။ မန်ယူသည် မန်စီးတီးကို အမီလိုက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးအတွက် မက်ဂွိုင်းယားနှင့် တွဲကစားရန် ကမ္ဘာ့အဆင့်မီ ဗဟိုခံစစ်မှူးတစ်ဦးကို အားဖြည့်ခြင်းဖြစ်သည်။

သို့ရာတွင် ပရီးမီးယားလိဂ်ကလပ် လိဒ်စ်နှင့် မန်စီးတီးကစားသမားဟောင်း တစ်ဦးဖြစ်ပြီး အင်္ဂလန်အတွက် ၁၉ ကြိမ် ပါဝင်ကစားထားသော ဒန်နီမေးလ်က ပရီးမီးယားလိဂ်၏ ကြံ့ခိုင်မှု ဦးစားပေးသော ကစားဟန်နှင့် အမြန်နှုန်းကို လိုက်မီရန် ဗာရိန်း အချိန်ယူရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဗာရိန်းရဲ့ စံချိန်တွေကို ကျွန်တော် သိပါတယ်။ သူက ပါရမီရှင်ဆိုတာလည်း သိတယ်။ ရာမို့စ်နဲ့ တွဲကစားခဲ့ရတာဖြစ်တော့ ခံစစ်မှူးကောင်းတစ်ယောက်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဗာရန်းအနေနဲ့ မန်ချက်စတာမြို့၊ မန်ချက်စတာရာသီဥတုနဲ့ အထူးသဖြင့် ပရီးမီးယားလိဂ်ကို ကျင့်သားရဖို့ အချိန်ယူရပါလိမ့်မယ်”
“ဗာရိန်းက ခြေစွမ်းကောင်းတယ်ဆိုတာကို သိပြီးသားပါ။ ဒါပေမယ့် ဗာရန်းမှာ ဒဏ်ရာပြဿနာ တစ်ခု၊ နှစ်ခုရှိပြီး ပြီးခဲ့တဲ့ ရာသီအချို့မှာ သူဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ သူက ရာသီတိုင်းမှာ ပွဲတိုင်းလိုလို ပါဝင်ကစားနိုင်တဲ့ ကစားသမား မဟုတ်ဘူး။ ပရီးမီးယားလိဂ်ရဲ့ ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီးကစားတဲ့ ကစားဟန်ကို ကျင့်သားရဖို့ သူအချိန်ယူရနိုင်ပါတယ်။ စပိန်အသင်းတစ်သင်းမှာ ကစားရင် ပြည်တွင်း အမှတ်ပေးပွဲ ဒါဇင်ဝက်လောက်က အရမ်းခက်ခဲတဲ့ပွဲတွေ ဖြစ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ပွဲတိုင်းက အရမ်းခက်ခဲတဲ့ပွဲတွေ ဖြစ်နိုင်ပါတယ်”
“ပရီးမီးယားလိဂ်မှာ လာကစားတဲ့ နိုင်ငံခြားကစားသမားတွေက ပြိုင်ပွဲရဲ့ ပြင်းထန်မှုကို အမြဲတမ်း ပြောကြတယ်။ ဘယ်ပွဲမှ မလွယ်သလို ဇယားအောက်ဆုံးက အသင်းတွေနဲ့ဆိုရင်လည်း မိနစ် ၉၀ အပြည့် တိုက်ခိုက်ရတာမျိုးပါ။ ဒီအတွက် ဗာရိန်း အချိန်ယူရနိုင်တယ်”
“ သူက မက်ဂွိုင်းယားရဲ့ဘေးမှာ အကောင်းဆုံး ကစားဖော် ဖြစ်လာနိုင်ပါတယ်။ ဘယ်အစွန်မှာ လုရှောက အရမ်းကောင်းနေပြီး ညာအစွန်မှာတော့ ဝမ်ဘစ်ဆာကာ ဒါမှမဟုတ် ထရစ်ပီယာ ကစားပါလိမ့်မယ်”
“ဗာရိန်း ကိုခေါ်လိုက်နိုင်တာက ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် ဗန်ဒိုက် ဒါမှမဟုတ် ရူဘင်ဒီယက်စ်တို့လို အကောင်းဆုံးခြေစွမ်း ပြနိုင်မယ်လို့ ယူနိုက်တက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားလို့ မရဘူး”ဟု မေးလ်က သတိပေး ပြောဆိုခဲ့သည်။

ZG
အဂၤလန္ေနာက္ခံလူေဟာင္း ဒန္နီေမးလ္က ဗာရန္းအေနျဖင့္ ပရီးမီးယားလိဂ္တြင္ အသားက်ရန္ အခ်ိန္ယူရႏိုင္ေၾကာင္း၊ ရီးရဲမက္ဒရစ္မွာကဲ့သို႔ လြယ္လြယ္ႏွင့္ ေအာင္ပြဲရမည္မဟုတ္ေၾကာင္း သတိေပး ေျပာဆိုလိုက္သည္။
ကမာၻ႔အဆင့္ေနာက္ခံလူတစ္ဦးျဖစ္ေသာ ဗာရိန္းသည္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂.၇ သန္းျဖင့္ မန္ယူသို႔ ေျပာင္းေ႐ႊ႕ရန္ သေဘာတူညီမႈရရွိခဲ့ၿပီ ျဖစ္သည္။ ဗာရန္းသည္ မန္ယူ၏ ဗဟိုခံစစ္တြင္ မက္ဂြိဳင္းယားႏွင့္ တြဲဖက္၍ အသင္း၏ အမာခံ ခံစစ္မႉးအျဖစ္ ပုံမွန္ကစားရဖြယ္ရွိသည္။ မန္ယူသည္ မန္စီးတီးကို အမီလိုက္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေရးအတြက္ မက္ဂြိဳင္းယားႏွင့္ တြဲကစားရန္ ကမာၻ႔အဆင့္မီ ဗဟိုခံစစ္မႉးတစ္ဦးကို အားျဖည့္ျခင္းျဖစ္သည္။
သို႔ရာတြင္ ပရီးမီးယားလိဂ္ကလပ္ လိဒ္စ္ႏွင့္ မန္စီးတီးကစားသမားေဟာင္း တစ္ဦးျဖစ္ၿပီး အဂၤလန္အတြက္ ၁၉ ႀကိမ္ ပါဝင္ကစားထားေသာ ဒန္နီေမးလ္က ပရီးမီးယားလိဂ္၏ ႀကံ့ခိုင္မႈ ဦးစားေပးေသာ ကစားဟန္ႏွင့္ အျမန္ႏႈန္းကို လိုက္မီရန္ ဗာရိန္း အခ်ိန္ယူရမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။
“ဗာရိန္းရဲ႕ စံခ်ိန္ေတြကို ကြၽန္ေတာ္ သိပါတယ္။ သူက ပါရမီရွင္ဆိုတာလည္း သိတယ္။ ရာမို႔စ္နဲ႔ တြဲကစားခဲ့ရတာျဖစ္ေတာ့ ခံစစ္မႉးေကာင္းတစ္ေယာက္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ဗာရန္းအေနနဲ႔ မန္ခ်က္စတာၿမိဳ႕၊ မန္ခ်က္စတာရာသီဥတုနဲ႔ အထူးသျဖင့္ ပရီးမီးယားလိဂ္ကို က်င့္သားရဖို႔ အခ်ိန္ယူရပါလိမ့္မယ္”
“ဗာရိန္းက ေျခစြမ္းေကာင္းတယ္ဆိုတာကို သိၿပီးသားပါ။ ဒါေပမယ့္ ဗာရန္းမွာ ဒဏ္ရာျပႆနာ တစ္ခု၊ ႏွစ္ခုရွိၿပီး ၿပီးခဲ့တဲ့ ရာသီအခ်ိဳ႕မွာ သူဒဏ္ရာရခဲ့တာ ျဖစ္ပါတယ္။ သူက ရာသီတိုင္းမွာ ပြဲတိုင္းလိုလို ပါဝင္ကစားႏိုင္တဲ့ ကစားသမား မဟုတ္ဘူး။ ပရီးမီးယားလိဂ္ရဲ႕ ျပင္းျပင္းထန္ထန္ ေပါက္ကြဲၿပီးကစားတဲ့ ကစားဟန္ကို က်င့္သားရဖို႔ သူအခ်ိန္ယူရႏိုင္ပါတယ္။ စပိန္အသင္းတစ္သင္းမွာ ကစားရင္ ျပည္တြင္း အမွတ္ေပးပြဲ ဒါဇင္ဝက္ေလာက္က အရမ္းခက္ခဲတဲ့ပြဲေတြ ျဖစ္ႏိုင္ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ ပြဲတိုင္းက အရမ္းခက္ခဲတဲ့ပြဲေတြ ျဖစ္ႏိုင္ပါတယ္”
“ပရီးမီးယားလိဂ္မွာ လာကစားတဲ့ ႏိုင္ငံျခားကစားသမားေတြက ၿပိဳင္ပြဲရဲ႕ ျပင္းထန္မႈကို အၿမဲတမ္း ေျပာၾကတယ္။ ဘယ္ပြဲမွ မလြယ္သလို ဇယားေအာက္ဆုံးက အသင္းေတြနဲ႔ဆိုရင္လည္း မိနစ္ ၉၀ အျပည့္ တိုက္ခိုက္ရတာမ်ိဳးပါ။ ဒီအတြက္ ဗာရိန္း အခ်ိန္ယူရႏိုင္တယ္”
“ သူက မက္ဂြိဳင္းယားရဲ႕ေဘးမွာ အေကာင္းဆုံး ကစားေဖာ္ ျဖစ္လာႏိုင္ပါတယ္။ ဘယ္အစြန္မွာ လုေရွာက အရမ္းေကာင္းေနၿပီး ညာအစြန္မွာေတာ့ ဝမ္ဘစ္ဆာကာ ဒါမွမဟုတ္ ထရစ္ပီယာ ကစားပါလိမ့္မယ္”
“ဗာရိန္း ကိုေခၚလိုက္ႏိုင္တာက ေကာင္းတဲ့ကိစၥပါ။ ဒါေပမယ့္ ဗန္ဒိုက္ ဒါမွမဟုတ္ ႐ူဘင္ဒီယက္စ္တို႔လို အေကာင္းဆုံးေျခစြမ္း ျပႏိုင္မယ္လို႔ ယူနိုက္တက္ ၁၀၀ ရာခိုင္ႏႈန္း ယုံၾကည္ထားလို႔ မရဘူး”ဟု ေမးလ္က သတိေပး ေျပာဆိုခဲ့သည္။