စတာလင် အတွက် ပေါ်တာရဲ့ ဆင်ခြေ၊ ဒီည ဆဲလ်ဘတ်ပွဲ လွဲမယ့် အသင်းသား၊ လက်မလျှော့သေးတဲ့ ကွင်းလယ်ပစ်မှတ်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ဒီည ရက်ဘူးလ် ဆဲလ်ဘတ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပွဲမှာ ချဲလ်ဆီးအသင်းမှ ဆီနီဂေါ လက်ရွေးစင် ခံစစ်မှုး ကူလီဘာလေ ဒူး ဒဏ်ရာကြောင့် မပါဝင်နိုင်ကြောင်း နည်းပြ ပေါ်တာက အတည်ပြုခဲ့ပါတယ်။
ချဲလ်ဆီး အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွီတာ ကတော့ ကမ္ဘာ့ဖလား မတိုင်ခင်မှာ ပွဲဆက်တွေ များလွန်းမှု အပေါ် ဝေဖန်ပြောဆို သွားခဲ့ပြီး ဖီဖာ နဲ့ ကလပ် အသင်း အဖွဲ့ချုပ်တွေ အကြား ညှိနှိုင်း ဆောင်ရွက်မှု အားနည်းတာကို ထောက်ပြ ပြောဆိုခဲ့ ပါတယ်။
ချဲလ်ဆီးအသင်း နည်းပြ ဂရေဟမ် ပေါ်တာက တောင်ပံတိုက်စစ်သမား ရာဟင်း စတာလင် ကို အစွန်ခံစစ် ဆင်း ကစားခိုင်းနေတာနဲ့ ပတ်သတ်ပြီး သူ့ ဆုံးဖြတ်ချက် အပေါ် ကာကွယ် ပြောဆိုသွားပါတယ်။ ပေါ်တာက အသင်းလိုက် ကောင်းလာရင် ကစားသမား တစ်ဦးချင်းစီ ခြေစွမ်းလည်း တိုးတက် ကောင်းမွန် လာမယ် လို့ ဆိုခဲ့တာပါ။

ချဲလ်ဆီး ဟာ ရုရှား ကွင်းလယ် ကစားသမား အာဆန် ဇက်ဟာရန် ကို ခေါ်ယူရေး အတွက် လက်မလျော့ သေးဘူးလို့ သိရပါတယ်။
ချဲလ်ဆီး ဟာ နွေရာသီတုန်းက ဇက်ဟာယန် ကို ဒိုင်နမို မော်စကို ကနေ ပေါင် ၁၂.၆ သန်း နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ ပေမယ့် ရုရှား ကို ပိတ်ပင်ထားတဲ့ ဗြိတိန် အစိုးရက အလုပ်ပါမစ် ထုတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ကြားသိရ ပါတယ်။
ချဲလ်ဆီး ဟာ လာမယ့် ဇန်နဝါရီ မှာ ဟာကင် ဇီယက်ချ် ကို ရှင်းထုတ်သွားဖို့ စိတ်ကူး ရှိနေပြီး အေစီမီလန် ကို မပြောင်းဖြစ် ပါက ယူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ နဲ့ လဲလှယ်ဖို့ စိတ်ကူး ထားတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲ အလွန်မှာ ပြန်လည် စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ရက် နဲ့ အချိန်ကို မနေ့က သတ်မှတ် ထုတ်ပြန် ပေးလိုက်ပြီး လီဗာပူး၊ အာဆင်နယ် တို့ဟာ ဘောက်ဆင်ဒေး ( ဒီဇင်ဘာ ၂၆ ) ည ၈ နာရီ ( ဗြိတိန်စံတော်ချိန် ) မှာ ကစားကြရမှာ ဖြစ်ပြီး ချဲလ်ဆီး၊ မန်ယူနိုက်တက် တို့ရဲ့ ပွဲတွေ ကတော့ ဒီဇင်ဘာ ၂၇ မှသာ ကစားရမယ်လို့ သိရပါတယ်။