ရော်နယ်ဒိုနဲ့ စကားပြောမယ့် တန်ဟက်၊ ဖြစ်နိုင်ဖွယ် အသင်းသစ်၊ ပြောင်းလဲထားတဲ့ ပွဲစဉ်များနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ဒီကနေ့မှာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို နဲ့ တွေ့ဆုံကာ ရှေ့ဆက်မယ့် အနေအထား တွေကို ဆွေးနွေး ပြောဆို မယ်လို့ သိရပါတယ် ။
ရော်နယ်ဒို ဟာ စပါး နဲ့ ပွဲစဉ်က ဖြစ်ရပ်ကြောင့် အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းဖို့ တန်ဟတ် က အပြစ်ပေးထားခဲ့သူ ဖြစ်ပါတယ်။
နာပိုလီက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်အား ချဲလ်ဆီးထံ ရောင်းထုတ်ပြီး မန်ချက်စတာ ယူနိုက်တက် မှ စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရန် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်က သူတို့အသင်းဟာ နည်းပြ အဲရစ် တန်ဟက်ရဲ့လက်အောက်မှာ လမ်းကြောင်းပေါ်မှန်ကို ပြန်လည် ရောက်ရှိနေပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကင်းထောက်တွေဟာ ဂျာမန် ဘွန်ဒစ်လီဂါ ကလပ် လေဗာကူဆင် မှာ ကစားနေတဲ့ နယ်သာလန် ကစားသမား ဂျာမိန်း ဖရင်းပေါင် ရဲ့ ခြေစွမ်းတွေကို အကဲခတ် လေ့လာ နေတယ်လို့ သိရပါတယ်။ ဖရင်းပေါင် ဟာ ဒီရာသီမှာ ဘွန်ဒစ်လီဂါ သွင်းဂိုး ၅ ဂိုးထိ ရရှိ ထားတယ်လို့ ကြားသိရ ပါတယ်။
မန်ယူနိုက်တက် လက်ထောက် နည်းပြအဖြစ် လုပ်ကိုင် ခဲ့ဖူးတဲ့ မိုက်ကယ် ကာရစ် ကတော့ မစ်ဒယ်ဘရော့ အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ် ခံခဲ့ရတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲ အလွန်မှာ ပြန်လည် စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ရက် နဲ့ အချိန်ကို မနေ့က သတ်မှတ် ထုတ်ပြန် ပေးလိုက်ပြီး လီဗာပူး၊ အာဆင်နယ် တို့ဟာ ဘောက်ဆင်ဒေး (ဒီဇင်ဘာ ၂၆) ည ၈ နာရီ ( ဗြိတိန်စံတော်ချိန်) မှာ ကစားကြရမှာ ဖြစ်ပြီး ချဲလ်ဆီး၊ မန်ယူနိုက်တက် တို့ရဲ့ ပွဲတွေ ကတော့ ဒီဇင်ဘာ ၂၇ မှသာ ကစားရမယ်လို့ သိရပါတယ်။