တိုက်စစ်မှုးတွေ ချာပေမယ့် အဝေးကွင်းနိုင်ပွဲယူပြီး အုပ်စုဗိုလ်အဖြစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်သွားတဲ့ ချဲလ်ဆီး
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက သြစတြီးယားမြေမှာ ဆဲလ်ဘတ် ကို ၂-၁ နဲ့ အနိုင်ကန်ပြီး ချန်ပီယံလိဂ် နောက်တစ်ဆင့် ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဒီပွဲမှာ ၃-၄-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ အူဘာမီယန်၊ ဟာဗက်ဇ်တို့ကို တွဲပေးခဲ့ပါတယ်။
ကွင်းလယ်မှာ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုတို့ကို အသံးုပြုခဲ့ပြီး စတာလင်နဲ့ ပူလီဆစ်တို့ကို Wing Back တွေအဖြစ် သုံးခဲ့ ပါတယ်။ နောက်တန်းမှာ ကူကူရယု်လာ၊ ဆေးလ်ဗား၊ ချာလိုဘတ်ချ်တို့ကို ကစားစေခဲ့တာပါ။ အိမ်ရှင် ဆဲလ်ဘတ် ကလည်း ၄-၁-၂-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ကာ အဒါမူ၊ အိုကာဖော်၊ ဆက်ခိုတို့နဲ့ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တာပါ။
ပွဲအစပိုင်းမှာ ချဲလ်ဆီးတို့ ကစားပုံ အချိတ်အဆက်မမိဘဲ ပျာယာခတ်နေခဲ့ပါတယ်။ မျှော်လင့်ချက်ရှိနေသေးတဲ့ အိမ်ရှင်ဆောဘတ်ကလည်း ချဲလ်ဆီးကို အကောင်းဆုံး တုံ့ြပ်နခဲ့လို့ ပွဲအစပိုင်းမှာ ချဲလ်ဆီး တိုင်ပတ်နေခဲ့ရပါတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ချဲလ်ဆီးတို့ ကစားပုံပိုင်း ကောင်းမွန်လာခဲ့ကာ ၂၂ မိနစ်မှာတော့ ကိုဗာဆစ်က အလိုက်သင့်ပေးပို့မှုကနေတစ်ဆင့် ဂိုးဧရိယာထိပ်နားကနေ အမှတ်မထင် ကန်သွင်းပြီး ချဲလ်ဆီးအွက် အဖွင့်ဂိုး သွင်းယုူခဲ့ပါတယ်။
ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် ချဲလ်ဆီးတို့ တိုက်စစ် ချိတ်ဆက်ပုံပိုကောင်းခဲ့ပြီး အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ၃၁ မိနစ် မှာ ကိုင်ဟာဗက်ဇ်ရဲ့ ဖန်တီးမှုကနေတစ်ဆင့် အူဘာမီယန် ဂိုးသမားနဲ့တစ်ဦးချင်း ပိတ်သွင်းခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
ဒီပွဲစဉ်မှာ အူဘာမီယန်ရဲ့ အဆုံးသတ်စွမ်းရည်က တော်တော်လေး စိတ်ပျက်ဖွယ်ကောင်းပြီး သူသာ အဆုံးသတ် သေချာရင် ပထမပိုင်းမှာကတည်းက ချဲလ်ဆီးတို့ ၃ ဂိုးလာက် ပြတ်သွားနိုင်တဲ့ အနေအထားပါ။ စတာလင်ကလည်း ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ချဲလ်ဆီးတိုက်စစ်မှာ ဂါလက်ချ်ာ၊ ကိုင်ဟာဗက်ဇ်တို့ကိုပဲ အားကိုးနေခဲ့ရပါတယ်။

ဒုတိယပိုင်း စစချင်းမှာတော့ ဆောဘတ်တို့ တန်ပြန်တိုက်စစ်ဆင်မှုကနေ ဘယ်ခြမ်းက ဖြတ်တင်ပေးတာကို အဒါမူက အနီးကပ်အပိုင်ပိတ်သွင်းပြီး အိမ်ရှင်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုး ပြန်ပေးလိုက်ရပြီးနောက် ချဲလ်ဆီးတို့ ပျာမသွားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်ခဲ့ပါတယ်။
စတာလင်၊ ပူလီဆစ်၊ ဟာဗက်ဇ်တို့ရဲ့တိုက်စစ်တွဲလုံးတွေက အားရဖွယ်ရာကောင်းခဲ့ပြီး ချဲလ်ဆီးအတွက် အနိုင်ဂိုးကို ၆၄ မိနစ်မှာ ကိုင်ဟာဗက်ဇ်က ဂိုးဧရိယာအပြင်ဘက်ကနေ လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် ချဲလ်ဆီးဟာ အုပ်စုဗိုလ်နေရာနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
မနေ့ညက ပွဲစဉ်တွေ အပြီးမှာ ချဲလ်ဆီး အပြင် ရီးရဲလ်၊ မန်စီးတီး ၊ ဒေါ့မန် ၊ ပီအက်စ်ဂျီ နဲ့ ဘင်ဖီကာ အသင်းတွေက ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။