ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ ဂျေးဆု၊ အွန်နရီရဲ့ သတိပေးမှု၊ ဇာဟာ ကို ချိန်ရွယ်ခြင်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ
ပြီးခဲ့တဲ့ နွေက မန်စီးတီး အသင်း ကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့တဲ့ ဂျေးဆု ဟာ ရာသီအစမှာ တုန်းက သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ နဲ့ ခြေစွမ်းပြ နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဂိုးပေါက် ပျောက်နေတာ ၅ ပွဲဆက်တိုက် ရှိလာပြီ ဖြစ်ပါတယ်။
ဂျေးဆု ကတော့ ” ကျွန်တော် နောက်ဆုံး ပွဲထွက် ကစားခဲ့တဲ့ လေးပွဲဆက် ဂိုးသွင်း နိုင်ခဲ့ခြင်း မရှိပါဘူး။ အရင်တုန်းကလည်း အဲ့ဒီလို ဖြစ်ခဲ့ဖူးပါတယ်၊ နောင် အနာဂတ် မှာလည်း ထပ်ဖြစ်လာနိုင်ချေ ရှိတယ် ဆိုတာ သေချာသလောက်ပါပဲ ၊ ဒါက ဘောလုံးမှာ ဖြစ်နေကြပါပဲ ။ ” လို့ ဒီနေ့ည ကစားမယ့် PSV နဲ့ ပွဲကြို အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်တို့က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် တောင်ပံတိုက်စစ် ကစားသမား ဇာဟာ ကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း လီဗာပူးမြို့ အခြေစိုက်သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ လီဗာပူး တို့ရဲ့ ပွဲစဉ်မှာ ဂါဘရီရယ် ကို ဟန်ဒါဆန်က လူမျိုးရေးခွဲခြားတယ် ဆိုပြီး တင်းမာမှုတွေ ဖြစ်ခဲ့ပေမယ့် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု အရ အရေးယူဖို့ မရှိကြောင်း ဆုံးဖြတ်သွားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ကောင်းမွန်စွာ စတင်ထားပေမယ့် ဒီရလဒ် အပေါ် မျောပါမနေသင့်ဘူး လို့ ဂန်းနားဟောင်း အွန်နရီ က သတိပေးလိုက်ပြီး ယခင်နှစ်တွေမှာ လီဗာပူး အရင် ဦးဆောင်ထားပေမယ့် မန်စီးတီး ကျော်တက်ခြင်း ခံရတာကို ကြည့်ကြဖို့ ပြောဆိုလိုက်ပါတယ်။