ဒီဂီယာရဲ့ ဟက်ထရစ် ကာကွယ်မှု၊ ရပ်ဖို့ဒ် ရာပြည့်သွင်းဂိုးနဲ့ အတူ ယူနိုက်တက်ရဲ့ ပွဲဆက် အိမ်ကွင်း နိုင်ပွဲ

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ ဝက်စ်ဟမ်းကို ၁-ဝ နဲ့ နိုင်ပြီး အိမ်ကွင်းနိုင်ပွဲ ဆက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်ရဲ့ ရာပြည့်သွင်းဂိုး၊ ဒီဂီယာရဲ့ ဟက်ထရစ် ကာကွယ်မှုကြောင့်လည်း ယူနိုက်တက် တို့ ပျော်နိုင်ခဲ့တာပါ။

အခုနိုင်ပွဲအတွက် အနိုင်ဂိုးရှင် ရပ်ရှ်ဖို့ဒ် တစ်ယောက်တည်းမဟုတ်ဘဲ ဝက်စ်ဟမ်းအသင်းရဲ့ အပိုင် ဂိုးသွင်းခွင့် (၃)ကြိမ်လုံး ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကိုလည်း မဖြစ်မနေ ချီးကျူးရမှာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ ပွဲထွက်ကစားသမားစာရင်းက အပြောင်းအလဲတချို့ရှိခဲ့ပြီး အန်တိုနီကို လူစာရင်းထဲမှာတောင် မထည့်ဘဲ တောင်ပံတိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ အီလန်ဂါတို့ကို အသုံးပြုခဲ့သလို မက်ဂွိုင်းယားလည်း ပွဲထွက်ခွင့် ပြန်ရခဲ့တယ်။

ဒါပေမဲ့ မက်ဂွိုင်းယားရဲ့ ပုံစံက ဘာမှ ထူးထူးခြားခြားတိုးတက်လာတာမျိုး မတွေ့ရဘဲ ဘောလုံးပေးချက် (၅)ကြိမ်မှာ (၄)ကြိမ်လောက်က လွဲခဲ့သလို ပွဲပြီးခါနီးလောက်မှာ ဘိုဝင်ကို Foul လုပ်ခဲ့ပေမယ့် ကံကောင်းလို့ ပြစ်ဒဏ်ဘော မပေးခဲ့ရတာပါ။

ယူနိုက်တက်အသင်းက မိနစ်(၃၀)လောက်ကို ဖိအားပေးကစားနိုင်ပြီး အခွင့်အရေးတချို့လည်း ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဝက်စ်ဟမ်းအသင်းရဲ့ Double Pivot နှစ်ဦးဖြစ်တဲ့ ဆိုချက်နဲ့ ဒီကလန်ရိုက်စ်တို့က

ယူနိုက်တက် ကွင်းဘက်ခြမ်းအထိ တက်ပြီး Press လုပ်ခဲ့သလို တောင်ပံနှစ်ဖက်က ဘန်ရာမာ၊ ဘိုဝင်တို့ကလည်း ယူနိုက်တက် ကွင်းလယ်ကို နေရာလွတ် မပေးဘဲ ဘောလုံးလမ်းကြောင်းတွေ ဖြတ်တောက်ခဲ့တာကြောင့် ကစားရ ကြပ်သွားခဲ့တယ်။

ပထမပိုင်းမှာကတည်းက ယူနိုက်တက်ကွင်းလယ် လုပ်အားကျသွားပေမယ့် (၃၈)မိနစ်မှာတော့ အဲရစ်ဆင်ရဲ့ အကွက်မြင်မြင် ပေးပို့မှုကနေ ရပ်ရှ်ဖို့ဒ် ခေါင်းဝင်တိုက်ပြီးတော့ ဂိုးသွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အဲရစ်တန်ဟက်ရဲ့ လူစားလဲပုံတွေက ဝေဖန်ချင်စရာဖြစ်ပြီး ညာခြမ်းမှာ ခြေစွမ်းမပြနိုင်တဲ့ အီလန်ဂါကို ထုတ်တာ မှန်ပေမယ့် တွမ်မီနေးကို ထည့်ပြီးတော့ ဘရူနိုဖာနန်ဒက်စ်ကို ညာခြမ်းတိုက်စစ် ပြောင်းကစားခဲ့တာက မှားယွင်းတယ် လို့ မြင်မိတယ်။

ဖြစ်သင့်တာက ပြီးခဲ့တဲ့ ရှရစ်ဖ်နဲ့ပွဲကလို စီရော်နယ်လ်ဒိုကို အထောင်၊ ရပ်ရှ်ဖို့ဒ်ကို နောက်ချန် တိုက်စစ် နေရာပြောင်းပြီး
ဘယ်ခြမ်းမှာ ဂါနာချိုကို လူစားဝင်ကစားစေသင့်ပါတယ်။

တွမ်မီနေး ဝင်လာပေမယ့် ယူနိုက်တက်ကွင်းလယ်က ဝက်စ်ဟမ်းတိုက်စစ်ကို ထင်သလောက် မတားဆီးနိုင်ဘဲ ဒုတိယ ပိုင်းမှ လူစားဝင်ကစားခဲ့တဲ့ အန်တိုနီကလည်း ယူနိုတက်ခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တယ်။

ဒုတိယပိုင်း အချိန်အများစုမှာ ယူနိုက်တက်တို့ ခံစစ်ပဲ ကစားခဲ့ရပြီး ကွင်းလယ် Function တစ်ခုလုံး ဘယ်လိုမှ ဟန်ချက်မညီခဲ့ဘူး။

ဖရက်ဒ်ကို လူစားထိုးခဲ့ပေမယ့် ဒုံရင်းက ဒုံရင်းပါပဲ။ ဒုတိယပိုင်းမှာ ယူနိုက်တက်အတွက် သူရဲကောင်းဖြစ်ခဲ့တာက ဒီဂီယာပဲ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဘက်က အန်တိုနီရဲ့ အပြင်းကန်ချက်၊ ဇူးမားရဲ့ ခေါင်းတိုက်ချက်နဲ့ ပွဲပြီးခါနီးမှာ ဒီကလန်ရိုက်စ်ရဲ့ အပိုင် ကန်သွင်းမှုတွေကို ဒီဂီယာ လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ယူနိုက်တက်တို့ အိမ်ကွင်း(၂)ပွဲဆက် နိုင်ပွဲရခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ မေန႔ညက ပရီးမီးယားလိဂ္ ပြဲမွာ ဝက္စ္ဟမ္းကို ၁-ဝ နဲ႕ နုိင္ျပီး အိမ္ကြင္းႏိုင္ပြဲ ဆက္နုိင္ခဲ့ပါတယ္။ ဒီပြဲမွာ ရပ္ရွ္ဖို႔ဒ္ရဲ႕ ရာျပည့္သြင္းဂိုး၊ ဒီဂီယာရဲ႕ ဟက္ထရစ္ ကာကြယ္မႈေၾကာင့္လည္း ယူနိုက္တက္ တို႔ ေပ်ာ္နုိင္ခဲ့တာပါ။

အခုႏိုင္ပြဲအတြက္ အနိုင္ဂိုးရွင္ ရပ္ရွ္ဖို႔ဒ္ တစ္ေယာက္တည္းမဟုတ္ဘဲ ဝက္စ္ဟမ္းအသင္းရဲ႕ အပိုင္ ဂိုးသြင္းခြင့္ (၃)ႀကိမ္လံုး ကို လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တဲ့ ဂိုးသမား ဒီဂီယာကိုလည္း မျဖစ္မေန ခ်ီးက်ဴးရမွာျဖစ္ပါတယ္။

အဲရစ္တန္ဟက္ရဲ႕ ပြဲထြက္ကစားသမားစာရင္းက အေျပာင္းအလဲတခ်ိဳ႕ရွိခဲ့ၿပီး အန္တိုနီကို လူစာရင္းထဲမွာေတာင္ မထည့္ဘဲ ေတာင္ပံတိုက္စစ္မွာ ရပ္ရွ္ဖို႔ဒ္၊ အီလန္ဂါတို႔ကို အသုံးျပဳခဲ့သလို မက္ဂြိဳင္းယားလည္း ပြဲထြက္ခြင့္ ျပန္ရခဲ့တယ္။

ဒါေပမဲ့ မက္ဂြိဳင္းယားရဲ႕ ပုံစံက ဘာမွ ထူးထူးျခားျခားတိုးတက္လာတာမ်ိဳး မေတြ႕ရဘဲ ေဘာလုံးေပးခ်က္ (၅)ႀကိမ္မွာ (၄)ႀကိမ္ေလာက္က လြဲခဲ့သလို ပြဲၿပီးခါနီးေလာက္မွာ ဘိုဝင္ကို Foul လုပ္ခဲ့ေပမယ့္ ကံေကာင္းလို႔ ျပစ္ဒဏ္ေဘာ မေပးခဲ့ရတာပါ။

ယူႏိုက္တက္အသင္းက မိနစ္(၃၀)ေလာက္ကို ဖိအားေပးကစားႏိုင္ၿပီး အခြင့္အေရးတခ်ိဳ႕လည္း ရခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ပိုင္းမွာ ဝက္စ္ဟမ္းအသင္းရဲ႕ Double Pivot ႏွစ္ဦးျဖစ္တဲ့ ဆိုခ်က္နဲ႔ ဒီကလန္႐ိုက္စ္တို႔က

ယူႏိုက္တက္ ကြင္းဘက္ျခမ္းအထိ တက္ၿပီး Press လုပ္ခဲ့သလို ေတာင္ပံႏွစ္ဖက္က ဘန္ရာမာ၊ ဘိုဝင္တို႔ကလည္း ယူႏိုက္တက္ ကြင္းလယ္ကို ေနရာလြတ္ မေပးဘဲ ေဘာလုံးလမ္းေၾကာင္းေတြ ျဖတ္ေတာက္ခဲ့တာေၾကာင့္ ကစားရ ၾကပ္သြားခဲ့တယ္။

ပထမပိုင္းမွာကတည္းက ယူႏိုက္တက္ကြင္းလယ္ လုပ္အားက်သြားေပမယ့္ (၃၈)မိနစ္မွာေတာ့ အဲရစ္ဆင္ရဲ႕ အကြက္ျမင္ျမင္ ေပးပို႔မႈကေန ရပ္ရွ္ဖို႔ဒ္ ေခါင္းဝင္တိုက္ၿပီးေတာ့ ဂိုးသြင္းခဲ့ပါတယ္။

ဒုတိယပိုင္းမွာ အဲရစ္တန္ဟက္ရဲ႕ လူစားလဲပုံေတြက ေဝဖန္ခ်င္စရာျဖစ္ၿပီး ညာျခမ္းမွာ ေျခစြမ္းမျပႏိုင္တဲ့ အီလန္ဂါကို ထုတ္တာ မွန္ေပမယ့္ တြမ္မီေနးကို ထည့္ၿပီးေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို ညာျခမ္းတိုက္စစ္ ေျပာင္းကစားခဲ့တာက မွားယြင္းတယ္ လို႔ ျမင္မိတယ္။

ျဖစ္သင့္တာက ၿပီးခဲ့တဲ့ ရွရစ္ဖ္နဲ႔ပြဲကလို စီေရာ္နယ္လ္ဒိုကို အေထာင္၊ ရပ္ရွ္ဖို႔ဒ္ကို ေနာက္ခ်န္ တိုက္စစ္ ေနရာေျပာင္းၿပီး
ဘယ္ျခမ္းမွာ ဂါနာခ်ိဳကို လူစားဝင္ကစားေစသင့္ပါတယ္။

တြမ္မီေနး ဝင္လာေပမယ့္ ယူႏိုက္တက္ကြင္းလယ္က ဝက္စ္ဟမ္းတိုက္စစ္ကို ထင္သေလာက္ မတားဆီးႏိုင္ဘဲ ဒုတိယ ပိုင္းမွ လူစားဝင္ကစားခဲ့တဲ့ အန္တိုနီကလည္း ယူႏိုတက္ခံစစ္ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့တယ္။

ဒုတိယပိုင္း အခ်ိန္အမ်ားစုမွာ ယူႏိုက္တက္တို႔ ခံစစ္ပဲ ကစားခဲ့ရၿပီး ကြင္းလယ္ Function တစ္ခုလုံး ဘယ္လိုမွ ဟန္ခ်က္မညီခဲ့ဘူး။

ဖရက္ဒ္ကို လူစားထိုးခဲ့ေပမယ့္ ဒုံရင္းက ဒုံရင္းပါပဲ။ ဒုတိယပိုင္းမွာ ယူႏိုက္တက္အတြက္ သူရဲေကာင္းျဖစ္ခဲ့တာက ဒီဂီယာပဲ ျဖစ္ပါတယ္။

ဝက္စ္ဟမ္းဘက္က အန္တိုနီရဲ႕ အျပင္းကန္ခ်က္၊ ဇူးမားရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ပြဲၿပီးခါနီးမွာ ဒီကလန္႐ိုက္စ္ရဲ႕ အပိုင္ ကန္သြင္းမႈေတြကို ဒီဂီယာ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔သာ ယူႏိုက္တက္တို႔ အိမ္ကြင္း(၂)ပြဲဆက္ ႏိုင္ပြဲရခဲ့ပါတယ္။