မက်ဂွဲရား က သိပ်ကို ကောင်းတဲ့ နောက်ခံလူပါလို့ အမှားတွေ မြင်လျက် ဇွတ်ချီးကျူးသွားတဲ့ မန်ယူနည်းပြ တန်ဟက်
ဝက်စ်ဟမ်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအသင်းရဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွဲရား ခြေစွမ်းဟာ ထူးချွန်တဲ့ စွမ်းဆောင်ရည် ပဲ လို့ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ချီးကျူးခဲ့ပါတယ်။
တန်ဟက် က ချီးကျူးခဲ့ပေမယ့် မက်ဂွဲရားဟာ ပြိုင်ဘက် ကစားသမား ဘိုဝင်အတွက် အခွင့်အရေးကောင်းကို တားဆီးရာမှာ နောက်ကျပိတ်ဆို့မှု၊ ဒက်ကလန်ရိုက်စ်အပေါ် ပြင်းထန်တဲ့ ဖျက်ထုတ်မှု အပါအဝင် ဗဟိုနောက်ခံလူဟာ ယူနိုက်တက်ရဲ့ နိုင်ပွဲအတွက် အရေးပါတဲ့ နှောင့်ယှက်မှုတချို့ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ မက်ဂွဲရားရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ကတော့ ဖေးမ ချီးကျူးစကားသာ ပြောဆိုခဲ့ပါတယ်။

“ပင်နယ်တီဧရိယာကို ကာကွယ်တဲ့နေရာမှာ မက်ဂွဲရား က အံ့ဩစရာကောင်းအောင် ထူးချွန်ခဲ့ပါတယ်။ သူက တကယ် ကောင်းတဲ့ နောက်ခံလူတစ်ယောက်ပါ။
အသင်းအတွက် သူ ဘယ်လောက် အရေးပါလဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရတယ်။ clean sheet နဲ့အတူ သူပြန်လာနိုင်ခဲ့လို့ အသင်းအတွက်ရော မက်ဂွဲရား အတွက်ပါ ကျွန်တော် ပျော်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒီနေ့ပွဲဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ မက်ဂွဲရားရဲ့ လေးပွဲမြောက်သာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ တံကောက်ကြော ဒဏ်ရာကြောင့် စက်တင်ဘာ အစောပိုင်းကတည်းက မကစားခဲ့ရတာဖြစ်ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်းထဲ ပြန်ပါလာခဲ့တာပါ။
နည်းပြ တန်ဟက်ရဲ့ မန်ယူ အသင်းဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။