ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ အပြီး ရှုံးထွက် တက်သွားသူများ၊ ယူရိုပါလိဂ် ဆင်းသွားရတဲ့ အသင်းများ ထွက်ပေါ်
၂၀၂၂-၂၀၂၃ ဘောလုံး ရာသီရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တွေကတော့ ပြီးဆုံး သွားပါပြီ။ ဒီပွဲတွေ အပြီးမှာတော့ အုပ်စု ပထမနေရာ၊ အုပ်စု ဒုတိယနေရာနဲ့၁၆သင်းအဆင့်ကို တက်လှမ်းနိုင်တဲ့ အသင်းတွေ ပေါ်ထွက်လာခဲ့သလို
ယူရိုပါလိဂ် ဆင်း ကန်ရတော့မယ့် အသင်းတွေလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။
အုပ်စု A မှာ နာပိုလီအသင်းက အုပ်စုပထမနေရာ၊ လီဗာပူးလ်အသင်းက အုပ်စုဒုတိယနေရာနဲ့ ၁၆သင်း အဆင့်ကို တက်လှမ်းနိင်ခဲ့ပြီး အေဂျက်အသင်းတော့ ယူရိုပါလိဂ် ဆင်းကစားရတော့မှာဖြစ်ပါတယ်။
အုပ်စု B မှာတော့ ပေါ်တိုအသင်းက အုပ်စုပထမနေရာ၊ ကလပ်ဘရုဂျက်အသင်းက အုပ်စု ဒုတိယနေရာနဲ့ နောက် တစ်ဆင့် တက်သွားခဲ့ပြီး လေဗာကူဆင်အသင်းအနေနဲ့ ယူရိုပါလိဂ် ဆင်းကစားရမှာဖြစ်ပါတယ်။
အုပ်စု C မှာ ဘိုင်ယန်မြူးနစ် အသင်းက အုပ်စုပထမနေရာ၊ အင်တာအသင်းက အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ ယူရိုပါလိဂ်ဆင်းကစားရတော့မှာပါ။
အုပ်စု D မှာတော့ စပါးအသင်းက အုပ်စုပထမ၊ ဖရန့်ဖတ်အသင်းက အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းကတော့ ယူရိုပါလိဂ် ဆင်းကစားရမှာ ဖြစ်ပါတယ်။

အုပ်စု E မှာတော့ ချဲလ်ဆီးအသင်းက အုပ်စုပထမ၊ အေစီမီလန်က အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ရောက်ခဲ့ပြီး ဆဲလ်ဘတ် အနေနဲ့ ယူရိုပါလိဂ် ကစားသွားရမှာပါ။
အုပ်စု F မှာတော့ ရီးရဲလ်အသင်းက အုပ်စုထိပ်ဆုံးနေရာ၊လိုက်ပ်ဇစ်အသင်းက ဒုတိယနေရာနဲ့ ရှုံးထွက်အဆင့်ကို တက်နိုင်ခဲ့ပြီး ရှက်တာဒိုးနက်အနေနဲ့တော့ ယူရိုပါလိဂ် ဆင်းကစားရတော့မှာဖြစ်ပါတယ်။
အုပ်စု G မှာတော့ မန်စီးတီးအသင်းက အုပ်စု ပထမနေရာ၊ ဒေါ့မွန်အသင်းက အုပ်စုဒုတိယနေရာရရှိခဲ့ပြီး ဆီဗီလာအနေနဲ့ ယူရိုပါလိဂ် ဆင်းကစားရမှာဖြစ်ပါတယ်။
အုပ်စု H မှာတော့ ဘင်ဖီကာအသင်းကအုပ်စုပထမနေရာ၊ ပီအက်စ်ဂျီက ဒုတိယနေရာနဲ့ ၁၆သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းကတော့ ယူရိုပါလိဂ်ဆင်းကစားရတော့မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် မဲခွဲမှုတွေကို လာမယ့် နိုဝင်ဘာ လ ၇ ရက်၊ တနင်္လာနေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး အုပ်စု ပထမ အသင်းတွေနဲ့ အုပ်စု ဒုတိယ အသင်းတွေ တွဲပေးမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံတူ အသင်းတွေချင်းက ထိပ်တိုက်တွေ့ဦးမှာ မဟုတ်ပါဘူး။