စီ ရော်နယ်ဒို က မန်ယူမှာ စတုတ္ထ ဦးစားပေး အဆင့်ပဲ လို့ ပြောခဲ့တဲ့ တန်ဟက်ကို ဝေဖန်သွားတဲ့ အင်္ဂလန် ကွင်းလယ်ဟောင်း

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက် က စီ ရော်နယ်ဒိုဟာ သူ့အတွက် စတုတ္ထ ဦးစားပေး အသင်းခေါင်းဆောင် ဖြစ်တယ်လို့ ဗီလာကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ထိုပွဲမှာ ယူနိုက်တက်တို့ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒိုကလည်း ဒီပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက် ကစားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကို အသင်းခေါင်းဆောင်ပေးရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ တန်ဟက် က

“ကျနော်တို့ရဲ့ အသင်းခေါင်းဆောင် မက်ဂွဲရားက အရန်ခုံမှာပါ။ ဒီဂီယာရှိပေမယ့် သူက ဂိုးသမားတယောက်ဖြစ်ပြီး ကွင်းအနေအထားနဲ့ ဝေးနေပါတယ်။ အဲ့ဒီနောက် ကက်စ်မဲရိုးက အသင်းခေါင်းဆောင်ပါ။ ဒါပေမယ့် သူက အင်္ဂလိပ်လို ကောင်းကောင်း မပြောနိုင်သေးပါဘူး။ “ဒီတော့ ရော်နယ်ဒိုက အသင်းခေါင်းဆောင်ဖြစ်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

ပုံမှန်အားဖြင့် ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင် လက်ပတ် ပေးထားလေ့ရှိပြီး အဲ့ဒီပွဲမှာတော့ အဆိုပါ ပေါ်တူဂီကွင်းလယ်လူက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုမျိုး တန်ဟက် က ပြောကြားခဲ့တဲ့ အပေါ်မှာတော့ ပရီးမီးယားလိဂ် ကွင်းလယ်ဟောင်း တင်ရှားဝုဒ်က စိတ်တိုင်းကျဟန်မရှိပါဘူး။

တင်ရှားဝုဒ် က “တန်ဟက် က ဘာပြောချင်တာလဲ။ ရော်နယ်ဒိုကို ပဉ္စမ ဦးစားပေးလို့ကို ပြောချင်နေတာ။ ဟုတ်တယ် မဟုတ်လား။ သူ ရော်နယ်ဒိုကို အသင်းခေါင်းဆောင် လက်ပတ်ပေးပြီးမှ ဘာကြောင့် ဒီလောက်အထိ ရှင်းပြနေရတာလဲ ဆိုတာကို ကျနော် မသိပါဘူး။ ခင်ဗျားပါးစပ်ကို ပိတ်ထားစမ်းပါ တန်ဟက်။ ” လို့ ပြောကြားခဲ့ပါတယ်။

တန်ဟက် ဟာ ရော်နယ်ဒိုကို ပုံမှန်ပွဲထွက်ခွင့်လည်း ပေးလေ့မရှိဘဲ သူ့စိတ်ကြိုက်ကစားသမားတွေဖြစ်တဲ့ အန်တိုနီ၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်တို့ စုံစုံလင်လင် မကစားနိုင်မှသာ ရော်နယ်ဒိုကို ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ပေးလေ့ ရှိပါတယ်။

ရော်နယ်ဒိုကိုယ်တိုင်လည်း လက်ရှိ ယူနိုက်တက်မှာ သူ့ရဲ့အခြေအနေကို မပျော်မရွှင်ဖြစ်နေတာ သိသာထင်ရှားနေပြီး အနှေးနဲ့ အမြန် ဆိုသလို မန်ချက်စတာ ကလပ်ကို စွန့်ခွာသွားဖွယ် ရှိပါတယ်။