မန်ယူတို့ ဖူလ်ဟမ်ကို ရှုံးကို ရှုံးမှာ ဆိုတဲ့ ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက် ထွက်ပေါ်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ကစားမယ့် ပွဲချိန်ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က ဖူလ်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က ဗီလာကို ဆိုးဆိုးရွားရွား ကစားကာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း မနေ့က ကာရာဘောင်ဖလားမှာ ပြန်လည် အနိုင်ယူကာ တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ ဖြေရှင်းရမယ့် ပြသနာတွေ ရှိနေဆဲပါပဲ။

ယူနိုက်တက်ဟာ ဒီရာသီ အဝေးကွင်းမှာ ၃ ပွဲ ရှုံးထားခဲ့ပြီး ဖြစ်ကာ ခရေဗင်ကော့တစ်ခ်ျမှာလည်း သူတို့ ရုန်းထွက်နိုင်မယ် လို့ ကျွန်တော် မထင်ပါဘူး။
စီးတီးနဲ့ ပွဲစဉ်မှာ ဖူဟမ်ရဲ့ ကစားပုံအပေါ် ကျွန်တော် စိတ်ပျက်ခဲ့ပြီး သူတို့ဟာ ၁ နာရီလောက် လူတစ်ယောက် အသာနဲ့ ကစားခဲ့ပေမယ့် အီတီဟတ်မှာ အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်မှု မရှိတဲ့ပုံပါပဲ။
အိမ်ကွင်းမှာတော့ အရာအားလုံး ခြားနားသွားမှာပါ။ ကျွန်တော်ကတော့ season stop မလုပ်မီ ဖူဟမ်ဟာ အံ့အားသင့်ဖွယ် ရလဒ်ကို ရယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ” လို့ ဆက်တန်က ဆိုထားပါတယ်။
ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ဖူလ်ဟမ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။