ပါတေးနေရာ အစားထိုး ပစ်မှတ်၊ ဒိုလေး ခေါ်ဖို့ တိုက်တွန်းမှု၊ ဆာကာ ကို သုံးစေချင်တဲ့ ရွန်းနီနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ် က ကွင်းလယ်သူ သောမတ်စ် ပါတေးနေရာ အစားထိုးနိုင်ဖို့ စောင့်ကြည့်နေတဲ့အထဲမှာ အက်စ်တွန် ဗီလာရဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်အပြင် ပြင်သစ်ကလပ် လွန်းစ်အသင်းရဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူ ဆီကို ဖိုဖာနာလည်း ပါဝင်နေပြီး ဈေးကွက်ထဲမှာတော့ ယူရိုသန်း ၃၀ အထိ တန်ကြေးရှိနေပါတယ်။

အာဆင်နယ် အသင်းဟာ ယူကရိန်းတောင်ပံကစားသမား မူဒရစ်ခ်ကို ခေါ်ယူဖို့ တကယ် စိတ်ဝင်စားနေတာ ဖြစ်ကြောင်း နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး ရှက်တာဒိုးနက်စ်ခ်ဆီကို တရားဝင် ကမ်းလှမ်းရခြင်း မရှိသေးပေမယ့် ကမ္ဘာ့ဖလားကာလအတွင်းမှာ အချိန်ယူ လုပ်ဆောင်သွားလိမ့်မယ်လို့ သိရပါတယ်။

တောင်ပံတိုက်စစ် ပစ်မှတ်အတွက် အာဆင်နယ် က မူဒရစ်ခ်အပြင် ဘွန်ဒက်စ်လီဂါမှာ မွန်ချန်ဂလာဘက်ချ်အသင်း နဲ့ အတူ ခြေစွမ်းပြနေတဲ့ ပြင်သစ်သား မားကပ်စ် သူရမ်ကိုလည်း စောင့်ကြည့်နေပြီး တိုက်စစ်မှူးနေရာမှာပါ ကစားနိုင်တဲ့ ၂၅ နှစ်သားကို ကိုဒီ ဂက်ခ်ပိုထက် ဈေးသက်သာမယ့် ပစ်မှတ်အဖြစ် ရှုမြင်ထားပါတယ်။

နာမည်ကြီး အာဆင်နယ် ပရိသတ် ဖြစ်တဲ့ အစီအစဉ် တင်ဆက်သူ ပီးယာ့ဇ် မော်ဂန်က အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတွက် ဇန်နဝါရီမှာ ငွေသုံးပြီး လူသစ်ခေါ်ဖို့၊ ရော်နယ်ဒိုကိုလည်း ခေါ်ယူဖို့ တိုက်တွန်းသွားပါတယ်။

တိုင်လီမန်းစ်အနေနဲ့ ဘယ်လိုဖြစ်ဖြစ် အာဆင်နယ်အသင်းကို ရောက်လာတော့မှာဖြစ်ပြီး ဇန်နဝါရီမှာ ငွေအတိုင်းအတာ တစ်ခုအထိ သုံးပြီး ခေါ်ယူမလား၊ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမလားပဲ စောင့်ကြည့်ရမှာလို့ စကိုင်းပေါ့က သုံးသပ်ထားပါတယ်။

အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက အာဆင်နယ်တောင်ပံသမား ဘူကာယို ဆာကာရဲ့ အကြောက်အရွံ့ အတွန့်အဆုတ်မရှိ ကစားတတ်တဲ့ ပုံစံကို သဘောကျနေပြီး လက်ရွေးစင်နည်းပြ ဂါရက် ဆောက်ဂိတ် အနေနဲ့ ညာတောင်ပံမှာ သူ့ကို နေရာပေးဖို့ တိုက်တွန်းလိုက်ပြီး စတာလင်အစား ဦးစားပေး သုံးစွဲဖို့ အကြံပေးသွား ပါတယ်။

ဂျူဗင်တပ်အသင်းဘက်က တာဝန်ရှိသူတွေအနေနဲ့ အာဆင်နယ်အသင်းကို ဆက်သွယ်ခဲ့တယ်လို့ သတင်းထွက်နေပြီး မာဆေးလ်မှာ အငှားချထားခဲ့တဲ့ ပေါင် သန်း ၂၀ တန် ဘယ်နောက်ခံလူ နူနို တာဗာရက်စ်ကို ခေါ်ယူဖို့ နဲ့ လက်ရှိ အငှားစာချုပ်ကို ဖျက်သိမ်းပြီး လွှဲပြောင်းရောင်းချဖို့ မေးမြန်းထားတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဈေးချိုချို ရရှိနိုင်မယ့် ဘာစီလိုနာအသင်းရဲ့ အပယ်ခံတိုက်စစ်မှူး မန်းဖစ် ဒီပိုင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အသက် ၂၈ နှစ်အရွယ် ဟော်လန် တိုက်စစ်မှူးကို စာချုပ်ဖျက်သိမ်းချင်နေတဲ့ ကာတာလန်သားတွေကြောင့် ယူရို ၁၀ သန်းကနေ ၁၅ သန်းကြားနဲ့ ရဖွယ် ရှိပါတယ်။