ပရိသတ်တွေကို တောင်းပန်တဲ့ တူချယ်၊ ဂျိမ်းစ်အတွက် ဂျော်ဂျင်ဟိုရဲ့ ဆင်ခြေနဲ့ ချဲလ်ဆီး သတင်းတိုများ

ခံစစ်မှုး ရူဒီဂါက စတန်းဖို့ ဘရစ်ချ်မှာ ပျော်ရွှင်နေပြီး မာရီနာနဲ့လည်း စာချုပ် သက်တမ်းတိုး ကိစ္စများ ပြောဆို ဆွေးနွေးနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ နောက်နှစ်နွေမှာ စာချုပ်ကုန်မယ့် ရူဒီဂါဟာ သက်တမ်း မတိုးသေးတာကြောင့် ရီးရဲလ်ကလည်း ခေါ်ဖို့ စောင့်ကြည့်နေပါတယ်။

နည်းပြတူချယ် နယူးကာဆယ်နဲ့ပွဲမှာ ချဲလ်ဆီးပရိသတ်တွေက သူ့နာမည်ကိုသီးချင်စပ်ဆိုကြတာကို သူ့အနေနဲ့ မကြားမိခဲ့ကြောင်း၊ ဒီအတွက် ပရိသတ်တွေကို တောင်းပန်လိုကြောင်း၊ ပရိသတ်တွေရဲ့ အားပေးမှုက အံ့မခန်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ အက်ပီကွီတာနဲ့ ကွင်းလယ်လူ မေဆန်မောင့်တို့အနေနဲ့ မယ်လ်မိုနဲ့ ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ကြောင်း သိရပါတယ်။

အင်တာ စီအီးအို ဘာရော့တာက ယူရို ၁၁၅ သန်းတန် လူကာကူနဲ့ သူတို့ ရိုးမားကနေ အလွတ်နဲ့ ခေါ်လိုက်တဲ့ ဒီဇက်ကို တို့ကြား ကွာခြားတာ အများကြီး မရှိပါဘူးလို့ ရိထေ့လိုက်ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ စီးရီးအေကလပ် ဂျူဗင်တပ်လည်း ပါဝင်လာခဲ့ပြီဖြစ်ကြောင်း Fichajes က ဖော်ပြထားပါတယ်။

နယူးကာဆယ်နဲ့ ပွဲမှာ ပွဲပြီးခါနီး ပင်နယ်တီ ရစဉ်က ၂ဂိုးသွင်းထားပြီးသား ရီစ်ဂျိမ်းစ်ကို ဟက်ထရစ် ရအောင် ပင်နယ်တီ ပေးမကန်ခဲ့တဲ့ အပေါ် ဂျော်ဂျင်ဟိုက ဂျိမ်းစ် သာ တောင်းဆိုရင်တော့ ပေးကန်ဖို့ ပြောဖြစ်မှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီး နောက်ခံလူ ရီစီဂျိမ်းစ်အနေနဲ့ ဒီရာသီ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ဂိုး ပါဝင်ပတ်သက်မှု အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ရီစီဂျိမ်းစ်အနေနဲ့ ဒီရာသီမှာအသင်းအတွက် ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားပါတယ်။

စပါးအသင်းဟာ လက်ရှိ နည်းပြ ဆန်တိုစ်ကို ထုတ်ပယ်လိုက်ပြီးနောက် ချဲလ်ဆီးနည်းပြဟောင်း ကွန်တီကို ပရီးမီးယားလိဂ် သို့ ပြန်ခေါ်ကာ ဆန်တိုစ်နေရာ အစားထိုး ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။