ဝိုင်းဝိုင်းလည် ဗလာဟိုဗစ်၊ ဒမ်ဘီလီ၊ ပေါ့ဘာ၊ ရူဒီဂါတို့နဲ့ ယနေ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

ဖီအိုရင်တီးနားနဲ့ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ချင်နေပြီး ၎င်းဟာ မန်စီးတီးနဲ့ ချိတ်ဆက်မှုလည်း ရှိခဲ့ပါတယ်။ ဗလာဟိုဗစ်ကို အာဆင်နယ်နဲ့ လီဗာပူးတို့ကလည်း မျက်စိကျနေတာပါ။

စီးရီးအေကလပ် ရိုးမားအနေနဲ့ ရီးရဲမက်ဒရစ်နောက်ခံလူ နာချိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ရိုးမားနည်းပြ မော်ရင်ဟို က အသက် ၃၁ နှစ်အရွယ်ရှိနောက်ခံလူရဲ့ခြေစွမ်းကို သဘောကျလျက် ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က ဂိုးသမား ရမ်ဒေးလ်အနေနဲ့ အသင်းရဲ့ အဝတ်လဲခန်းအတွင်း ယုံကြည်မှုများစွာ ယူဆောင်လာပေးသူဖြစ်ကြောင်း၊ ရမ်ဒေးလ်ဟာ အံ့အားသင့်ဖွယ် ကောင်းပြီး သံသယရှိသူတွေကို သက်သေပြထားနိုင်ပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူအသင်းဟာ ဟာ ပီအက်စ်ဂျီနဲ့ ဆီနီဂေါ ကွင်းလယ်လူ အီဒရစ်ဆာ ဂေးကို ပြီးခဲ့တဲ့ နွေရာသီမှာ မခေါ်ယူနိုင်ခဲ့တာက ကလပ်မှာ ကစားသမားများစွာ ဆက်ရှိနေခဲ့ပြီး ခိုင်မာတဲ့ ကမ်းလှမ်းမှု မလုပ်နိုင်ခဲ့တာကြောင့်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန်ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း Le 10 Sport က ဖော်ပြထားပါတယ်။ ၂၈ နှစ်အရွယ်ကစားသမားကို ရာသီကုန်မှာအလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယ်သာလန် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဂျူဗင်တပ်အနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ဘာစီလိုနာအနေနဲ့ အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိဖြစ်နေတဲ့ ဒမ်ဘီလီကို နေရာပေးခြငး မရှိတာပါ။

ရီးရဲလ်မက်ဒရစ်ဟာ မန်ယူ ကွင်းလယ်လူ ပေါ့ဘာအပြင် ချဲလ်ဆီးမှ ဂျာမန် ဗဟိုနောက်ခံလူ ရူဒီဂါကိုလဲ ခေါ်ယူဖို့အတွက် အနီးကပ် စောင့်ကြည့်နေပါတယ်။