မန်ယူ ကို ကိုယ်တိုင် မဝယ်နိုင်ပေမယ့် ကြားခံပွဲစား လုပ်ပေးဖွယ် ရှိနေတဲ့ သရဲနီဟောင်း ဘက်ခမ်း

မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူမယ့် ဘယ်ရင်းနှီးမြှပ်နှံသူနဲ့မဆို ဆွေးနွေးသွားမယ်လို့ ဒေးဗစ်ဘက်ခမ်းက ပြောခဲ့ကြောင်း သတင်းတွေအအရ သိရပါတယ်။

ဘက်ခမ်းဟာ သူ့အသင်းဟောင်းကို ဝယ်ဖို့ သူကိုယ်တိုင်တတ်နိုင်မှာ မဟုတ်ပေမယ့် ကလပ်ကို ရင်းနှီးမြှပ်နှံမယ့် အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ဖု့ိရှိတာပါ။

ဘက်ခမ်းက မန်ယူနဲ့သမိုင်းကြောင်းကောင်းခဲ့သူဖြစ်တာမို့ အသင်းကို ဝယ်ချင်တဲ့ဘယ်သူ့အတွက်ဆို သူနဲ့ပူပေါင်းမှုဟာ အကျိုးရှိစေမှာလည်းဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဘက်ခမ်းဟာ ၂၀၀၃ ခုနှစ်မှာ မန်ယူကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားပြီးကတည်းက အသင်းဟောင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို

အမြဲတစေ ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး လက် ရှိမှာလည်း မန်ယူဘုတ်အဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါကြောင့် ဘက်ဟမ်းရဲ့ အရှိန်သြဇာ လွှမ်းမိုးမှု ဟာ လက်ရှိ ဂလေဇာ မိသားစု အပါအဝင် တာဝန်ရှိသူတွေအပေါ်မှာ အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိနေတာကြောင့် အခုလိုမျိုး သတင်းထွက်လာတာလည်းဖြစ်ပါတယ်။

အဲဒီမန်ယူဂန္ထဝင်ဟောင်းဟာ ကလပ်ကို ကမ်းလှမ်းမှုလုပ်မယ့်ဘယ်သူနဲ့မဆို ဆွေးနွေးသွားမှာလို့ အင်္ဂလန်က Financial Times သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဘက်ခမ်းဟာ ယူနိုက်တက်ရဲ့အရေးပါတဲ့ ဂန္ထဝင်တစ်ယောက်ဖြစ်ခဲ့သလို အသင်းပရိသတ်တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူပါ။

ဒါကြောင့် သူရွေးချယ်မယ့်အဖွဲ့အစည်းဟာ မန်ယူကိုဝယ်ယူနိုင်ဖို့ ပိုပြီးအခွင့်အလမ်းကောင်းနိုင်ပါတယ်။ ဘက်ခမ်းဟာ အရင်ကလည်း ရင်းနှီးမြှပ်နှံသူတွေရဲ့ချဉ်းကပ်ခြင်းခံခဲ့ရပေမယ့် ဆွေးနွေးမှုတွေက အရာမထင်ခဲ့ပါဘူး။

မေဂျာလိဂ်ကလပ်အင်တာမီယာမီရဲ့ပူးတွဲပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ အဲဒီအင်္ဂလန်အသင်းခေါင်းဆောင်းဟောင်းဟာ ၂၀၂၂ ကာ တာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အထူးသံတမန်အဖြစ် တာဝန်ယူခဲ့တာကြောင့် ဥရောပ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း အတော်များများ ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

မန်ယူရဲ့ ခေါ်ဈေးဟာ ကာလပေါက် ဈေးထက် အရမ်းကို မြင့်မားလွန်းနေတာကြောင့် တော်ရုံတန်ရုံ စီးပွားရေး လုပ်ငန်းရှင်မျိုးဟာ အနားမကပ်နိုင်သလို စုပေါင်းစပ်ပေါင်း၊ ဒါမှမဟုတ် အစု ရှယ်ယာတွေနဲ့ ဝယ်မှသာ ဖြစ်နိုင်မယ့် အနေအထားရှိနေပြီး

လက်ရှိမှာတော့ မန်ယူ အသင်းရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ ဗြိတိန်ရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ သတင်းတွေ ပြန်လည်ထွက်ပေါ်နေပါတယ်။