မူဒရစ်နဲ့ တိုင်လီမန်းစ် အလားအလာ၊ ပါရီဒက်စ်၊ ဆာကာရဲ့ အိုင်ဒေါလ်နဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

ဂန်းနားတွေဟာ ဂျူဗင်တပ်အသင်းမှ အာဂျင်တီးနား ကွင်းလယ် ကစားသမား လီဒရို ပါရီဒက်စ် ရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေကြောင်း သတင်း ထွက်နေပါတယ်။

အာဆင်နယ်က အီတလီမှာ အငှားလာ ကစားရင်း ရုန်းကန်နေရတဲ့ ပါရီဒက်စ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားလာဖွယ် ရှိပါတယ်။

အာဆင်နယ်အသင်းဟာ တောင်ပံကစားသမား မိုင်ခါလို မူဒရစ် ကို ခေါ်ယူဖို့ အတွက် ရှက်တာဒိုးနက်နဲ့ ဆွေးနွေးမှု ပြုလုပ်နေပြီ လို့ အီတလီသတင်းတွေက ဖော်ပြလာပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း သူ့ကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ် ထက် အာဆင်နယ် သို့ သွားဖို့ ပို လိုလားနေပါတယ်။

လက်စတာ ကွင်းလယ် ကစားသမား တိုင်လီမန်းစ်ကတော့ အာဆင်နယ် ထံ ပြောင်းရွှေ့ဖို့ စိတ် ဒုန်းဒုန်းချထားပြီ လို့ သိရပါတယ်။

CBS သတင်းဌာနမှ ဘန် ဂျက်ကော့ က မူဒရစ် တိုင်လီမန်းစ်တို့ အလားအလာနဲ့ ပတ်သတ်ပြီး ” နယူးကာဆယ် အသင်းဟာ မူဒရစ်ကို ရဖို့ သိပ်ကြီး ရှေ့ပြေးနေတဲ့ အသင်း မဟုတ်ပါဘူး။ မူဒရစ်က အာဆင်နယ်ကိုပဲ ပြောင်းချင်နေတာပါ။ တိုင်လီမန်းစ်ကလည်း သူ့လိုပဲ အာဆင်နယ် ကို ပြောင်းဖို့ပဲ စိတ် ဆုံးဖြတ်ထားတယ်။

ဒါပေမယ့် ဒီ ကစားသမား နှစ်ယောက်လုံး အတွက် အာဆင်နယ်က ကမ်းလှမ်းမှု တင်သွင်းတာမျိုးတော့ ခုနေမှာ မလုပ်ထားသေးပါဘူး။ ” လို့ ဖော်ထုတ်သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး ဆာကာကတော့ သူရဲ့ ကလေးဘဝက အိုင်ဒေါလ်ဟာ စီရော်နယ်လ်ဒို ဖြစ်တယ်လို့ ဝန်ခံလာခဲ့ပါတယ်။