ချယ်ဆီးအသင်းသားဟောင်းတွေရဲ့ ရန်ပွဲ၊ ဂိုးသမား ပစ်မှတ်၊ အကောင်းဆုံး ဆုတွေ ရနေတဲ့ အပယ်ခံများနဲ့ ယနေ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးအသင်းဟာ လိဒ် ဂိုးသမား မက်စ်လီယာ ကို စောင့်ကြည့်နေကြောင်း သတင်းထောက် ဆိုင်မွန် ဖိလစ်က ဖော်ထုတ်ထားပါတယ်။ အသက် ၂၂ နှစ် အရွယ် ဂိုးသမားကို ချယ်ဆီးက ပွဲထွက်နေရာ ပေးဖို့ ပစ်မှတ်ထားနေပြီး စပါးအသင်းကလည်း လိုရစ် နေရာ ဆက်ခံဖို့ မက်စ်လီယာကို အလေးအနက် ချိန်ရွယ်နေပါတယ်။

ချယ်ဆီးမှာ ပွဲကစားခွင့် သိပ်မရတဲ့ ဟာကင် ဇီယက်ချ်နဲ့ ပူလီဆစ်တို့ဟာ ကမ္ဘာ့ဖလားမှာတော့ နိုင်ငံအသင်းတွေနဲ့ အတူ ခြေစွမ်းပြပြီး Man of the Match ဆုတွေကိုပါ ရရှိနေပါတယ်။

ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ဗဟိုခံစစ်မှုး စကရီနီယာ ကို အင်တာမီလန် အသင်းက သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ညှိနှိုင်း မရ ဖြစ်နေပါတယ်။ ၎င်းကို ချယ်ဆီးက ပြီးခဲ့တဲ့နွေတည်းက ချိတ်ဆက်ပြီး ခံစစ် အင်အားဖြည့်ဖို့ ရည်ရွယ်နေခဲ့တာပါ။

မိုရိုကို အသင်းကို ရှုံးတဲ့ပွဲပြီးနောက် ဘယ်လ်ဂျီယံ အဝတ်လဲခန်းအတွင်းမှာ ဟာဇက်၊ ဒီဘရိုင်း၊ ဗာတွန်ဂန်တို့ တွန်းထိုး ပြသနာ ဖြစ်ခဲ့ကြပြီး တိုက်စစ်မှုး လူကာကူ က လူခွဲ ဖြန်ဖြေခဲ့ရကြောင်း သိရပါတယ်။

အင်တာမီလန်အသင်း ဟာ ချယ်ဆီး ချိတ်ဆက်နေတဲ့ ညာစွန်ခံစစ်သမား ဒမ်ဖရိုင်းစ် ကို ယူရို သန်း ၆ဝ လို့ ဈေး သတ်မှတ် လိုက်ပြီး နောက်နှစ်နွေမှ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။