မန်ယူထံ လာချင်တဲ့ ဘာစီလိုနာ ကြယ်ပွင့်၊ ပေါစခိုးလ် တိုက်တွန်းမှု၊ ရက်ဖို့ဒ်၊ ဂတ်ပိုတို့နဲ့ ယနေ့ည မန်ချက်စတာ ယူနိုက်တက် သတင်းများ စုစည်းမှု

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ် ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စား စောင့်ကြည့်လာကြောင်း ပေါ်တူဂီ ဘက်က သတင်းတွေက ဖော်ပြလာပါတယ်။

လာမယ့် ဇန်နဝါရီမှာ မန်ယူက ရော်နယ်ဒို နေရာ အတွက် ဗဟို တိုက်စစ်မှုး တစ်ဦး ခေါ်ယူရမှာ ဖြစ်ပြီး ချဲလ်ဆီးနဲ့ သတင်းကြီးနေတဲ့ လိုက်ပ်ဇစ်မှ အန်ကွန်ကူ ကို ထည့်သွင်း စဉ်းစားဖို့ ပေါစခိုးလ်က တိုက်တွန်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ PSV ကစားသမား ဂတ်ပို ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။ သရဲနီတွေက ကစားသမားနဲ့ တောက်လျောက် ဆက်သွယ်နေပြီး ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅ဝ အထက် ဆိုရင် PSV လက်ခံနိုင်ဖို့ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ကို နောက်ထပ် သက်တမ်းတိုးနိုင်မယ် လို့ ယုံကြည်ချက် ရှိနေပါတယ်။ ကမ္ဘာ့ဖလား မှာ ရက်ဖို့ဒ်ဟာ ပုံစံကောင်းတွေ ပြသနေတာပါ။

ဘာစီလိုနာ လူငယ်ကြယ်ပွင့် ဘာလ်ဒီက အခြား လာလီဂါအသင်းတွေထက် မန်ချက်စတာယူနိုက်တက်အတွက်ပဲ ကစားပေးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဘယ်နောက်ခံလူဟာ ယခုရာသီမှာ ဇာဗီရဲ့ ပွဲထွက် လူစာရင်းထဲမှာ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် လာလီဂါ ၁၄ ပွဲမှာ ၁၂ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းတိုက်စစ်မှူး ရက်ဖို့ဒ် ကတော့ စီ ရော်နယ်ဒိုနဲ့ အတူတွဲဖက် ကစားခွင့်ရရှိခဲ့တာက ၎င်းအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။