ဗန်ဒီဘိခ် အလဲထပ်၊ ရက်ဖို့ဒ်၊ ကိုင်စီဒို၊ မန်ဒီ၊ ရော်နယ်ဒို အနာဂတ်နဲ့ ယနေ့ညပိုင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဂျူဗင်တပ်ကြယ်ပွင့် ဝက်စတန် မက်ကန်နီအတွက် ဗန်ဒီဘိခ်နဲ့ လဲလှယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

မန်ယူရဲ့ ဘာစီလိုနာကို ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ပြန်ကစားနိုင်မယ်ဆိုရင် ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ လီယွန်နယ် မက်ဆီကို လူကပ်ထားခဲ့လိမ့်မယ်လို့ ရီယိုဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

မန်ယူ အသင်းက နောက်နှစ် နွေရာသီမှာ မားကပ် ရက်ရှ်ဖို့ဒ်ကို ရောင်းချရမှာကို စိုးရိမ်နေပါတယ်။ အင်္ဂလန်သားကို သက်တမ်းတိုးဖို့ ယူနိုက်တက်က ကြိုးစားနေဆဲပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ဟာ ဘရိုက်တန်ကြယ်ပွင့် ကိုင်ဆီဒိုကို ခေါ်ယူချင်ရင် ကြီးမားတဲ့ ပြစ်ဒဏ် နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုစီဒက်ကွင်းလယ်လူ မာတင် ဇူဘီ မန်ဒီရဲ့ ပေါင် ၅၁.၄သန်းတန် စာချုပ် ဖျက်သိမ်းကြေးကို ပေးဖို့ ဆန္ဒရှိနေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီကလပ် Al Nassr ထံက တစ်နှစ်လုပ်ခ ပေါင် ၁၇၃သန်း ကမ်းလှမ်းမှုကို လက်ခံမှာလား ဆိုတာ မဆုံးဖြတ်ရသေးသလို တခြားကမ်းလှမ်းမှုတွေကို ကြိုဆိုနေဆဲဖြစ်ပြီး ကမ္ဘာ့ဖလားပြီးမှသာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ Al Nassr ဆီက အစောပိုင်း ကမ်းလှမ်းမှုနဲ့အပြိုင် ၎င်းတို့ရဲ့ ပြည်တွင်းပြိုင်ဘက် Al Hilal ဆီက ကမ်းလှမ်းတစ်ခုကိုပါ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂျာအိုဖီးလစ်ကို ယူရို သန်း ၁၀၀နဲ့ ရောင်းဖို့ ပြင်ဆင်နေပြီး ၎င်းကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်ဟာ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့ဆီက ပြိုင်ဆိုင်မှုတွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

မန်ယူ နည်းပြဟောင်း အိုလီဂန်နာဆိုးရှားဟာ ထုတ်ပယ်ခံခဲ့ရပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ အသင်း ဝန်ထမ်းတွေ ဆီကို ဆပ်ပရိုက် ခရစ္စမတ်လက်ဆောင်တွေ ပေးပို့ခဲ့ပြီး ဝန်ထမ်းတွေကို မျက်ရည် လည်စေခဲ့တယ် လို့ သိရပါတယ်။