မက်ဆီ ကို လိုက်မှီပြီး ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား စံချိန် ထက် သာသွားတဲ့ ပြင်သစ်တိုက်စစ်မှုး အမ်ဘတ်ပီ
ပိုလန်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက်မှာ ပြင်သစ် တိုက်စစ်မှုး အမ်ဘတ်ပီ ကတော့ ထူးခြားစံချိန်ကောင်းတွေကို ပိုင်ဆိုင် ခဲ့ပြန်ပါပြီ။ ဘတ်ပီက အင်မတန်မှ လှပတဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့တာဖြစ်ပြီး တော်တော်လေး အဆင့်အတန်း မြင့်မားသလို သူက ဒီနှစ်ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုးအထိ ပိုင်ဆိုင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။
ဒါကြောင့် ဘတ်ပီဟာ ရွှေဖိနပ်ဆုရယူနိုင်ဖို့အတွက်ပါ တော်တော်လေးအခြေအနေကောင်းနေပြီး အနီးကပ် ပြိုင်ဘက်တွေကို ၂ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါပြီ။
ဒါ့အပြင် အသက် ၂၄ နှစ်မပြည့်ခင်မှာပဲ ကမ္ဘာ့ဖလားသွင်းဂိုး ၉ ဂိုး အထိ ပိုင်ဆိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ကာ ပြင်သစ်တိုက်စစ်မှူးအတွက် ဂုဏ်ယူဖွယ်ရာ ညတညဖြစ်ခဲ့ပါတယ်။

ဘတ်ပီရဲ့ ၉ ဂိုးစံချိန်ကတော့ ကမ္ဘာ့ဖလား ၂ ကြိမ်သာ ကစားထားရချိန်မှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၅ ကြိမ် အထိ ကစားထားတဲ့ မက်ဆီရဲ့ သွင်းဂိုး ၉ ဂိုးနဲ့ တူညီခဲ့သလို ရော်နယ်ဒိုရဲ့ သွင်းဂိုး ၈ ဂိုးထက်လည်း တဂိုးအသာစီးရရှိသွားခဲ့ပါပြီ။
မက်ဆီ၊ ရော်နယ်ဒို GOAT ကြီး နှစ်ဦးရဲ့ စံချိန်ကို လိုက်မီခဲ့ရုံတင်မက ရော်နယ်ဒိုကို ကျော်တက်နိုင်ခဲ့တာကလည်း ဘတ်ပီ အတွက် တကယ်ဂုဏ်ယူစရာပါပဲ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၄ ဂိုးအထိ ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဘတ်ပီက ဒီတကြိမ်လည်း လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ပြင်သစ်အတွက် အကောင်းဆုံးကစားပေးနေတာဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဘတ်ပီကို ပြန်လည်လိုက်မီဖို့အတွက်ဆိုရင် ဆွစ်ဇာလန်နဲ့ကစားရမယ့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။