ဘရာဇီး နည်းပြနဲ့ ကစားသမားတွေ လုပ်ရပ် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချသွားတဲ့ ရွိုင်ကိန်း
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း တစ်ဦး ဖြစ်သူ ရွိုင်ကိန်း ကတော့ ဒီနေ့ နံနက် တောင် ကိုးရီးယား အသင်းဖက်ကို ဂိုးသွင်းယူပြီးနောက် က,ခုန် အောင်ပွဲခံနေခဲ့တဲ့ ဘရာဇီးသားတွေကို ဝေဖန်သွားခဲ့ပါတယ်။
ဘရာဇီး တို့ဟာ တောင် ကိုးရီးယား အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး ပထမပိုင်းမှာတင် ဗီနီးရှပ် ဂျူနီယာ၊ နေမာ၊ ရီချာလီဆင်၊ လူးကပ်စ် ပါကွီတာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲစဉ်ကို ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီပွဲမှာတော့ ဗီနီရှပ် ဂျူနီယာ ဖက်မှ အဖွင့်ဂိုး သွင်းယူလိုက်စဉ် ကတည်းက ဘရာဇီးသားတွေဟာ ကြိုတင် ညှိနှိုင်းထားကြသလိုမျိုး က,ခုန် အောင်ပွဲခံခဲ့ကြပြီး ဒါဟာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း အတွက် ဝေဖန်ချင်စရာ ဖြစ်ခဲ့ရပါတယ်။

” ဗီနီရှပ် ရဲ့ အကောင်းဆုံး အဆုံးသတ် စွမ်းရည် ပါပဲ ။ သူတို့တွေဟာ ပွဲစဉ်ကို အခမ်းနားဆုံး စတင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလောက်အထိ ကခုန် အောင်ပွဲခံတာမျိုး အရင်က လုံးဝ မမြင်တွေ့ခဲ့ဖူးသေးပါဘူး ”
” ကျွန်တော် မြင်တွေ့နေခဲ့ရတာကို မယုံကြည်နိုင်အောင်တောင် ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော် တကယ်ကို မယုံကြည်နိုင် ဖြစ်ခဲ့ရပါတယ် ။ အခုဟာ လာ, က,ကြမယ် ဆိုပြီး ကြိုတင် ညှိနှိုင်းထားသလိုကြီး ဖြစ်နေခဲ့ရပါတယ် ” လို့ ရွိုင်ကိန်း က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ” ကျွန်တော် ဒီလို အောင်ပွဲခံမှုထဲ နည်းပြ တိုက် ပါဝင်ခဲ့တာကိုလည်း မနှစ်သက်မိပါဘူး ။ လူတွေက ဒါဟာ သူတို့ရဲ့ ယဉ်ကျေးမှုလို့ ပြောကောင်း ပြောကြပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့တာက ပြိုင်ဖက် အသင်းကို မလေးမစားလုပ်ခြင်းပဲလို့ ကျွန်တော် တွေးတောနေခဲ့မိပါတယ် ။ သူတို့ 4 ဂိုးတောင် သွင်းပြီးပါပြီ ။ ဒါတောင် ကခုန်နေတုန်းလေ ”
” သူတို့ဟာ ဂိုး တစ်ကြိမ် သွင်းပြီးတိုင်း ဒါကို လုပ်ဆောင်နေခဲ့ကြတာပါ ။ ပထမဆုံး ဂိုးအပြီး အောင်ပွဲခံတာမျိုးကို ကျွန်တော် သိပ်ပြီး ဘဝင်မကျ မဖြစ်ခဲ့ရပါဘူး ။ ဒါပေမဲ့ အဲ့ဒီနောက် လုပ်ခဲ့တာတွေကိုတော့ သဘောမကျခဲ့ရပါဘူး ။ မန်နေဂျာပါ ပါဝင်နေခဲ့တယ်လေ ”
” ကျွန်တော် ဒါနဲ့ ပတ်သက်လို့ မပျော်ရွှင်မိပါဘူး ။ ဒါက ဘယ်နည်းနဲ့မှ ကောင်းတယ်လို့ ကျွန်တော် မထင်ဘူးလေ ” လို့ ရွိုင် ကိန်း က ပြောဆိုခဲ့ပြီး အနားမှာ ရှိနေခဲ့တဲ့ ဂရေမီ ဆောင်းနက်စ် ကပါ ထောက်ခံ သွားခဲ့ပါတယ်။