မထင်မှတ်တဲ့ ကိစ္စကြောင့် ဘောလုံးကစားတာ ခဏနားရမယ့် အဂူရိုနဲ့ ကံဆိုးတဲ့ ဘာစီလိုနာ

စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါဝေဒနာကို ခံစားနေရတာကြောင့် ၃လကျော်ကြာ အနားယူရတော့မယ် လို့ သိရပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ မန်ချက်စတာ စီးတီးအသင်း ကနေ ဘာစီလိုနာအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

အဂူရိုဟာ ဘာစီလိုနာ ၁-၁ အလာဗက်တို့ရဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာပဲ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကို ခံစားခဲ့ရပြီး လူစားလဲခံခဲ့ရပါတယ်။ အဂူရိုဟာ ရင့်ဘတ်အောင့်ခြင်း ၊ မူးဝေခြင်းတို့ကို ခံစားခဲ့ရတာကြောင့် ဘာစီလိုနာ ဆေးအဖွဲ့ဟာ သူ့ကို ဆေးရုံတင်ခဲ့ပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဆေးစစ်ချက်တွေ အရ အဂူရိုဟာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကို ခံစားနေရကြောင်း သိရပြီး အနီးကပ် စောင့်ကြည့်မှု ကိုလည်း လိုအပ်တာကြောင့် ဘောလုံးကစားခြင်း ကနေ ခေတ္တ အနားယူရဖွယ် ရှိပါတယ်။

ယနေ့မနက် အစောပိုင်းမှာတော့ ဘာစီလိုနာအသင်းက အဂူရိုဟာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကို ကုသဖို့ အတွက် အနည်းဆုံး ၃လ အနားယူရတော့မှာ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန် ကြေညာသွားပြီး အဆိုပါ ၃လ အတွင်းမှာလည်း ဆရာဝန်တဦးဟာ အဂူရိုရဲ့ အနီးမှာ နေထိုင်ကာ သူ့ရဲ့ အခြေအနေကို အသေးစိတ် စောင့်ကြည့်သွားမယ့် အကြောင်းလည်း ထုတ်ပြန် ကြေညာချက်ထဲမှာ ပါဝင်နေပါတယ်။

အကယ်၍ အဂူရိုရဲ့ နှလုံးခုန်နှုန်း မူမမှန်တဲ့ ဝေဒနာကသာ ပိုမို ဆိုးရွားလာပါက အဂူရိုဟာ ဒိန်းမတ်နဲ့ အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင်လို နှလုံးခုန်စက် တပ်ဆင်ရဖွယ် ရှိကြောင်းလည်း နှလုံးရောဂါ ကျွမ်းကျင်သူ ဆရာဝန်တွေက သုံးသပ်ထားကြပါတယ်။

Zawgyi

စပိန္လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉး ဆာဂ်ီယို အဂူ႐ိုဟာ ႏွလုံးခုန္ႏႈန္း မူမမွန္တဲ့ ေရာဂါေဝဒနာကို ခံစားေနရတာေၾကာင့္ ၃လေက်ာ္ၾကာ အနားယူရေတာ့မယ္ လို႔ သိရပါတယ္။

အသက္ ၃၃ႏွစ္ အ႐ြယ္ အာဂ်င္တီးနား လက္ေ႐ြးစင္ တိုက္စစ္မႉး ဆာဂ်ီယို အဂူ႐ိုဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ မန္ခ်က္စတာ စီးတီးအသင္း ကေန ဘာစီလိုနာအသင္းထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး ဘာစီလိုနာအသင္းနဲ႔ ၂ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုထားပါတယ္။

အဂူ႐ိုဟာ ဘာစီလိုနာ ၁-၁ အလာဗက္တို႔ရဲ႕ ပြဲစဥ္ရဲ႕ ပထမပိုင္းမွာပဲ ႏွလုံးခုန္ႏႈန္း မူမမွန္တဲ့ ေဝဒနာကို ခံစားခဲ့ရၿပီး လူစားလဲခံခဲ့ရပါတယ္။ အဂူ႐ိုဟာ ရင့္ဘတ္ေအာင့္ျခင္း ၊ မူးေဝျခင္းတို႔ကို ခံစားခဲ့ရတာေၾကာင့္ ဘာစီလိုနာ ေဆးအဖြဲ႕ဟာ သူ႔ကို ေဆး႐ုံတင္ခဲ့ၿပီး လိုအပ္တဲ့ ေဆးစစ္မႈေတြ ျပဳလုပ္ေပးခဲ့ပါတယ္။

ေဆးစစ္ခ်က္ေတြ အရ အဂူ႐ိုဟာ ႏွလုံးခုန္ႏႈန္း မူမမွန္တဲ့ ေဝဒနာကို ခံစားေနရေၾကာင္း သိရၿပီး အနီးကပ္ ေစာင့္ၾကည့္မႈ ကိုလည္း လိုအပ္တာေၾကာင့္ ေဘာလုံးကစားျခင္း ကေန ေခတၱ အနားယူရဖြယ္ ရွိပါတယ္။

ယေန႔မနက္ အေစာပိုင္းမွာေတာ့ ဘာစီလိုနာအသင္းက အဂူ႐ိုဟာ ႏွလုံးခုန္ႏႈန္း မူမမွန္တဲ့ ေဝဒနာကို ကုသဖို႔ အတြက္ အနည္းဆုံး ၃လ အနားယူရေတာ့မွာ ျဖစ္ေၾကာင္း အတည္ျပဳ ထုတ္ျပန္ ေၾကညာသြားၿပီး အဆိုပါ ၃လ အတြင္းမွာလည္း ဆရာဝန္တဦးဟာ အဂူ႐ိုရဲ႕ အနီးမွာ ေနထိုင္ကာ သူ႔ရဲ႕ အေျခအေနကို အေသးစိတ္ ေစာင့္ၾကည့္သြားမယ့္ အေၾကာင္းလည္း ထုတ္ျပန္ ေၾကညာခ်က္ထဲမွာ ပါဝင္ေနပါတယ္။

အကယ္၍ အဂူ႐ိုရဲ႕ ႏွလုံးခုန္ႏႈန္း မူမမွန္တဲ့ ေဝဒနာကသာ ပိုမို ဆိုး႐ြားလာပါက အဂူ႐ိုဟာ ဒိန္းမတ္နဲ႔ အင္တာမီလန္ ကြင္းလယ္လူ အဲရစ္ဆင္လို ႏွလုံးခုန္စက္ တပ္ဆင္ရဖြယ္ ရွိေၾကာင္းလည္း ႏွလုံးေရာဂါ ကြၽမ္းက်င္သူ ဆရာဝန္ေတြက သုံးသပ္ထားၾကပါတယ္။