အင်္ဂလန်က ပြင်သစ်ကို နိုင်မယ် လို့ ကြောက်မက်ဖွယ် ဟောကိန်းထုတ်လိုက်တဲ့ ပြောင်းပြန် ဟောကိန်းရှင် သိုးလေး အယ်လ်ဖီ

ပြောင်းပြန် ဟောကိန်းတွေ ထုတ်လေ့ ရှိတဲ့ အကြားအမြင် စွမ်းအားရှင် သိုးလေးက ဂါးရတ် ဆောက်ဂိတ်ရဲ့အသင်းကို အားပေးထောက်ခံခဲ့တဲ့အတွက် အင်္ဂလန်အသင်းဟာ ပြင်သစ်ကို ရှုံးနိမ့်တော့မှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံတွေနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆီနီဂေါကို ၃-၀ နဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးပမ်းနေတာ ကြောင့် အင်္ဂလန်က ပရိသတ်သန်းပေါင်းများစွာက ၎င်းတို့အသင်းကို ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ အားပေး ထောက်ခံ နေကြတာဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ပဲ အင်္ဂလန်အသင်းဟာ အကြားအမြင်စွမ်းအားရှင် သိုးလေး အယ်လ်ဖီရဲ့ အားပေးထောက်ခံမှုကြောင့် ကျိန်စာ သင့်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး အယ်လ်ဖီဟာ ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ကစားနေတဲ့ နိုင်ငံအများအပြားကို အားပေးထောက်ခံကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

အယ်လ်ဖီက ပြိုင်ပွဲတလျှောက်မှာ အနိုင်ရမယ်လို့ ခံစားရတဲ့ နိုင်ငံအသင်းကို ရွေးချယ်ပေးခဲ့တာဖြစ်ပြီး ကစားနေတဲ့ နိုင်ငံအသင်းအလံတွေ တပ်ထားတဲ့နေရာက စားသောက်စရာတွေကို ရွေးချယ်စားသောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အယ်လ်ဖီက ဂါးရတ် ဆောက်ဂိတ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်တဲ့ အင်္ဂလန်အသင်း အလံတပ်ထားတဲ့ စားစရာကို ရွေးချယ်ခဲ့တာဖြစ်ပြီး အောက်စ်ဖို့ဒ်ရှိုင်းယားက Fairy Tale မွေးမြူရေးခြံမှာ နေထိုင်တဲ့ သိုးလေးဟာ ဗြိတိန်ရဲ့ အကောင်းဆုံး အကြားအမြင်စိတ်စွမ်းအားရှင်လို့ ချီးကျူးခြင်းခံခဲ့ရပေမယ့်လည်း လက်ရှိ အချိန် အထိတော့ သူ့ရဲ့ ဟောကိန်းတွေဟာ ပြောင်းပြန် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အမှန်တကယ်လည်း အယ်လ်ဖီရဲ့ စစချင်း ဟောကိန်းက မှားယွင်းခဲ့တာဖြစ်ပြီး အင်္ဂလန်နဲ့ အီရန်တို့ ပွဲစဉ်မတိုင်ခင် အကြားအမြင် စိတ်စွမ်းအားရှင် သိုးလေးက ကားလို့စ် ကွီးရော့ဇ်ရဲ့အသင်းက ဆောက်ဂိတ်ရဲ့အသင်းကို အနိုင် ယူသွားလိမ့်မယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဖီအတွက် ကံမကောင်းစွာနဲ့ပဲ အင်္ဂလန်အသင်းဟာ အီရန်ကို ဆာကာရဲ့ သွင်းဂိုး ၂ ဂိုး၊ ဘယ်လင်ဟမ်၊ ရက်ရှ်ဖို့ဒ်၊ စတားလင်း၊ ဂရီးလစ်ရှ်တို့ရဲ့ ဂိုးတွေကြောင့် ၆-၂ နဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အဲဒီ နေ့မှာပဲ အယ်လ်ဖီက ဝေးလ်စ်အသင်းဟာ ယူအက်စ်အေကို အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်ရရှိသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမယ့်လည်း လုံးလုံး မမှားခဲ့သလို မှန်လည်း မမှန်ကန်ခဲ့တာဖြစ်ပြီး ရောဘတ် ပေ့ဂျ်ရဲ့အသင်းဟာ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အယ်လ်ဖီရဲ့ ဟောကိန်းတွေနဲ့ ရလဒ်တွေက ဆက်ပြီး ဆန့်ကျင်ဘက် ဖြစ်နေမယ်ဆိုရင်တော့ ဆောက်ဂိတ်ရဲ့ အသင်း အတွက် ခက်ခဲတဲ့ ပွဲ ဖြစ်လာနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။