နူနို ကို နှိမ်ခဲ့ပေမယ့် ကွန်တီကို လစာ အမြင့်စားနဲ့ အသုံးစရိတ် ပေါင် သန်း ၁၅၀ ထုတ်ပေးမယ့် စပါး

တော့တင်ဟမ် စပါး အသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် နည်းပြ အန်တိုနီယိုကွန်တီအတွက် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၁၅၀ ရရှိသွားမယ်လို့ သိရပါတယ်။ နည်းပြနူနိုဆန်းတို့စ်ကို ထုတ်ပယ်ခဲ့ပြီးနောက်မှာ နည်းပြသစ်အဖြစ် ကွန်တီကို ခန့်အပ်ဖို့က သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

တော့တင်ဟမ်အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီချီက နူနိုရဲ့နေရာမှာ အစားထိုးဖို့ကို အမြန်ဆုံး ဆောင်ရွက်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြဟောင်းကွန်တီနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ကွန်တီဟာ ပါရာတီချီနဲ့ အရင်ကတည်းက ဆက်ဆံရေးရှိခဲ့ပြီး လစာပေါင် ၁၃ သန်းနဲ့ ၁၈ လစာချုပ် ကမ်းလှမ်းခဲ့ပါတယ်။ အဆိုပါ ကာလအတွင်း စာချုပ်သက်တမ်း တိုးသွားမှာဖြစ်ပြီး လစာအားဖြင့် ပေါင်သန်း ၂၀ လောက်ထိ တက်လာမှာလည်း ဖြစ်ပါတယ်။ ဒါဟာ ယခင်နည်းပြ နူနို ကို ပေါင် ၃ သန်း ပေးခဲ့တာထက် အဆများစွာ များပြားနေခဲ့တာကါ။

ဒါ့အပြင် ကွန်တီအနေနဲ့ လာမယ့်အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ပါဝင်လှုပ်ရှားသွားဖို့ ရှိနေပါတယ်။ တော့တင်ဟမ်ဟာ ဒီနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့မျိုးတွေ မပြုလုပ်ခဲ့ပေမယ့် ဟယ်ရီကိန်းကိုတော့ ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီ အသင်းရဲ့ခြေစွမ်းပိုင်းကတော့ ထင်ထားသလို ဖြစ်မလာခဲ့ပဲ ရာသီအစ ၁၀ ပွဲမှာ ၅ ပွဲ ရှုံးနိမ့်ကာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ZG

ေတာ့တင္ဟမ္ စပါး အသင္းရဲ႕ နည္းျပသစ္ျဖစ္လာမယ့္ နည္းျပ အန္တိုနီယိုကြန္တီအတြက္ အေျပာင္းအေ႐ႊ႕ အသုံးစရိတ္ ေပါင္သန္း ၁၅၀ ရရွိသြားမယ္လို႔ သိရပါတယ္။ နည္းျပႏူႏိုဆန္းတို႔စ္ကို ထုတ္ပယ္ခဲ့ၿပီးေနာက္မွာ နည္းျပသစ္အျဖစ္ ကြန္တီကို ခန႔္အပ္ဖို႔က ေသခ်ာသြားခဲ့ၿပီ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္အားကစားဒါ႐ိုက္တာ ေဖဘီယိုပါရာတီခ်ီက ႏူႏိုရဲ႕ေနရာမွာ အစားထိုးဖို႔ကို အျမန္ဆုံး ေဆာင္႐ြက္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီနဲ႔ မူအားျဖင့္ သေဘာတူညီမႈ ရရွိခဲ့တာ ျဖစ္ပါတယ္။

ကြန္တီဟာ ပါရာတီခ်ီနဲ႔ အရင္ကတည္းက ဆက္ဆံေရးရွိခဲ့ၿပီး လစာေပါင္ ၁၃ သန္းနဲ႔ ၁၈ လစာခ်ဳပ္ ကမ္းလွမ္းခဲ့ပါတယ္။ အဆိုပါ ကာလအတြင္း စာခ်ဳပ္သက္တမ္း တိုးသြားမွာျဖစ္ၿပီး လစာအားျဖင့္ ေပါင္သန္း ၂၀ ေလာက္ထိ တက္လာမွာလည္း ျဖစ္ပါတယ္။ ဒါဟာ ယခင္နည္းျပ နူနို ကို ေပါင္ ၃ သန္း ေပးခဲ့တာထက္ အဆမ်ားစြာ မ်ားျပားေနခဲ့တာကါ။

ဒါ့အျပင္ ကြန္တီအေနနဲ႔ လာမယ့္အေျပာင္းအေ႐ႊ႕ ေဈးကြက္ေတြမွာ ပါဝင္လႈပ္ရွားသြားဖို႔ ရွိေနပါတယ္။ ေတာ့တင္ဟမ္ဟာ ဒီေႏြရာသီမွာ ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕မ်ိဳးေတြ မျပဳလုပ္ခဲ့ေပမယ့္ ဟယ္ရီကိန္းကိုေတာ့ ဆက္ထိန္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ဒီရာသီ အသင္းရဲ႕ေျခစြမ္းပိုင္းကေတာ့ ထင္ထားသလို ျဖစ္မလာခဲ့ပဲ ရာသီအစ ၁၀ ပြဲမွာ ၅ ပြဲ ရႈံးနိမ့္ကာ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနပါတယ္။