အာဂျင်တီးနား ကမ္ဘာ့ဖလား ရရင် ပျော်နိုင်မှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်း ပြောလာတဲ့ ရော်နယ်ဒို

ဘရာဇီး ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒို နာဇာရီယိုက ဘရာဇီးရဲ့ တောင်အမေရိ မဟာပြိုင်ဘက် ဖြစ်တဲ့ အာဂျင်တီးနား ကမ္ဘာ့ဖလား ရရင် ပျော်ရွှင်လိမ့်မယ် လို့ သူတော်ကောင်း ယောင်ဆောင်ကာ မပြောချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

ဒီနှစ် ကာတာ ကမ္ဘာ့ဖလားမှာတော့ ဘရာဇီးအသင်းဟာ ခရိုအေးရှားအသင်းကို ပင်နယ်တီမှာရှုံးနိမ့်ကာ ကွာတား ဖိုင်နယ်ကနေ လက်ပြနှုတ်ဆက်ခဲ့ရ ပါတယ်။ ဒါပေမယ့် ဘရာဇီးရဲ့တောင်အမေရိကပြိုင်ဘက် အာ ဂျင်တီးနား အသင်းကတော့ ဟော်လန်ကိုပင်နယ်တီနဲ့နိုင်ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။

အခုဆိုရင် ကမ္ဘာတစ်ဝန်းလုံးရဲ့အာရုံစိုက်မှုက အာဂျင်တီးနားနဲ့ အာဂျင်တီးနားကပ္ပတိန်မက်ဆီအပေါ်ရှိနေခဲ့ကြ ပြီး တိုက်စစ်မှူးမက်ဆီအနေနဲ့ နောက်ဆုံးအခွင့်အရေးဖြစ်နိုင်တဲ့ ကမ္ဘာ့ဖလားရယူနိုင်မလားလို့ စောင့်ကြည့်နေ ကြတာဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားအသင်းနဲ့အတူကိုပါအမေရိကဆုဖလားကို ရယူ ထားနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလား ရရှိသွားပါက သမိုင်းတစ်လျောက်အကောင်းဆုံးကစားသမားတစ်ယောက်အ ဖြစ်ပြီးပြည့်စုံသွားမှာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားကို ဗိုလ်စွဲစေချင်သလား အမေး အပေါ် ဘရာဇီး တိုက်စစ်မှုးဟောင်းကြီး ရော်နယ်ဒို က အခုလို တုန့်ပြန်လာပါတယ်။

”ဘရာဇီး တစ်သင်းလုံးအတွက်တော့ အဖြေမပေးနိုင်ပါဘူး။ ကျွန်တော်အတွက်ပဲ ကျွန်တော် အဖြေပေးမှာပါ။ ကျွန်တော်လည်း မသေချာပါဘူး။ ဒါပေမယ့် မက်ဆီအတွက် ပျော်မှာကတော့ သေချာပါတယ်။

ဘရာဇီးနဲ့ အာဂျင်တီးနားရဲ့ကြားမှာတော့ ကြီးမားတဲ့ပြိုင်ဆိုင်မှုရှိတယ်ဆိုတာ ကိုတော့ ခင်ဗျားတု့ိသိကြ တဲ့အတိုင်းပါဘဲ။ ဒါကြောင့်လည်း အာဂျင်တီးနား ကမ္ဘာ့ဖလားရရင် ကျွန်တော် ပျော်လိမ့်မယ်ဆိုပြီး သူတော်ကောင်းယောင်ဆောင်ပြီး ပြောမယ် ဆိုရင် မှန်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အာဂျင်တီနားကမ္ဘာ့ဖလားဆု ရရင်လက်ခံရမှာဖြစ်သလို ဘယ်အသင်းချန်ပီယံဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကျေနပ်မိမှာပါ”လို့ ရော်နယ်ဒို က ပြောဆိုခဲ့ပါတယ်။