ချဲလ်ဆီးဂန္ထဝင် နှစ်ယောက် အပြိုင် လုရဖွယ် ရှိတဲ့ နယူးကာဆယ် နည်းပြသစ် ရာထူး

အခုချိန်ထိ တရားဝင် ခန့်အပ်ရခြင်းမရှိသေးတဲ့ နယူးကာဆယ် နည်းပြသစ် ရာထူး လျာထားစာရင်းထဲမှာ ချဲလ်ဆီး ဂန္ထဝင်ကစားသမား ဂျွန် တယ်ရီ လည်း ပါဝင်လာခဲ့ပါတယ်။ တယ်ရီ အပြင် ချဲလ်ဆီးကနေ ထုတ်ပယ်ခံရပြီးတည်းက နားနေ တဲ့ လမ်းပတ် ကလည်း ရှိတ်မန်ဆာတို့ရဲ့ စာရင်းမှာ ကနဦးတည်းက ပါဝင်ခဲ့ပါတယ်။

ဂျွန်တယ်ရီကတော့ နည်းပြချုပ်အတွေ့အကြုံမရှိပေမယ့် ဗီလာနည်းပြ ဒင်းစမစ်ရဲ့လက်ထောက်အဖြစ် ၃နှစ်ကြာ တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ဇူလိုင်ကမှလမ်းခွဲခဲ့တာဖြစ်ပါတယ်။ လမ်းပတ် ကတော့ ဒါဘီ၊ ချဲလ်ဆီးတို့မှာ နည်းပြ အတွေ့ အကြုံရှိထားခဲ့သလို ကောင်းမွန်တဲ့ မှတ်တမ်းအချို့လည်းပိုင်ဆိုင်ထားသူပါ။

ပေါင်သန်း ၃၀၀နဲ နယူးကာဆယ်ကို ဝယ်ယူခဲ့တဲ့ ဆော်ဒီ ပိုင်ရှင်သစ်တွေဟာ စတိဗ်ဘရုစ်ကို ထုတ်ပယ်ပြီး တည်းက နည်းပြသစ်တစ်ဦး အစားထိုးနိုင်ဖို့ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ ခန့်အပ်နိုင်ခြင်း မရှိသေးပဲ အသင်းရဲ့လက်ထောက်နည်းပြ ဂရေမီဂျုံးစ်က ယာယီနည်းပြအဖြစ်တာဝန်ယူထားခဲ့ပါတယ်။

ဒါပေမယ့် သူနည်းပြအဖြစ် ကိုင်ခဲ့တဲ့ ပရီမီးယားလိဂ် ၂ပွဲဟာလည်း ရမှတ် (၁)မှတ်သာရရှိထားပါတယ်။ ပွဲစဉ် (၁၀) ပွဲပြီးဆုံးချိန်မှာ အဆင့် (၁၉) မှာရပ်တည်နေပြီး ဒီရာသီနိုင်ပွဲမရှိ ၄မှတ်သာရသေးတာကြောင့် နယူးကာဆယ်အသင်းဟာ အရည်အချင်းရှိတဲ့နည်းပြ တစ်ဦးခန့်အပ်ဖို့ အလျင်အမြန်လိုအပ်နေတာလည်း ဖြစ်ပါတယ်။

အသင်းကို မိုက်အက်ရှလေ ဆီကနေ လွှဲပြောင်းရယူပြီးချိန်က လာမယ့်ရာသီတွေမှာ အသင်းဟာ ဆုဖလားတွေရယူဖို့ ရည်မှန်းထားတယ်လို့ ပိုင်ရှင်သစ်တွေက ဆိုခဲ့ပေမယ့် လက်ရှိ အရေးတကြီးလုပ်ရမှာက ရာသီအကုန်မှာ တန်းမဆင်းရဘို့ကို အဓိကထားရမှာပါပဲ။

အင်္ဂလန် သတင်းတွေ အဆိုအရတော့ နယူးကာဆယ်ဟာ နည်းပြတွေကို အင်တာဗျူးနေမှု ဒီ တစ်ပတ် အတွင်း အဆုံးသတ်တော့မှာမို့ နိုဝင်ဘာ နိုင်ငံတကာပွဲတွေမတိုင်မီ လာမယ့် အပတ်အတွင်း နည်းပြသစ် ခန့်အပ်နိုင်ဖို့ ပိုင်ရှင်သစ်တွေကမျှော်လင့်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဘယ်လ်ဂျီယံနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်၊ ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖက်ဗရီ၊ ရိုးမားနည်းပြဟောင်း ပေါ်လိုဖွန်ဆီကာ၊ အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟတ်တို့ကိုချဉ်းကပ်ခဲ့ပေမယ့် အဆင်ပြေခဲ့ခြင်း မရှိပါဘူး။

ZG

အခုခ်ိန္ထိ တရားဝင္ ခန္႔အပ္ရျခင္းမရွိေသးတဲ့ နယူးကာဆယ္ နည္းျပသစ္ ရာထူး လ်ာထားစာရင္းထဲမွာ ခ်ဲလ္ဆီး ဂႏၴဝင္ကစားသမား ဂြၽန္ တယ္ရီ လည္း ပါဝင္လာခဲ့ပါတယ္။ တယ္ရီ အျပင္ ခ်ဲလ္ဆီးကေန ထုတ္ပယ္ခံရျပီးတည္းက နားေန တဲ့ လမ္းပတ္ ကလည္း ရွိတ္မန္ဆာတို႕ရဲ႕ စာရင္းမွာ ကနဦးတည္းက ပါဝင္ခဲ့ပါတယ္။

ဂြၽန္တယ္ရီကေတာ့ နည္းျပခ်ဳပ္အေတြ႕အႀကဳံမရွိေပမယ့္ ဗီလာနည္းျပ ဒင္းစမစ္ရဲ႕လက္ေထာက္အျဖစ္ ၃ႏွစ္ၾကာ တာဝန္ယူခဲ့ၿပီး ၿပီးခဲ့တဲ့ဇူလိုင္ကမွလမ္းခြဲခဲ့တာျဖစ္ပါတယ္။ လမ္းပတ္ ကေတာ့ ဒါဘီ၊ ခ်ဲလ္ဆီးတို႕မွာ နည္းျပ အေတြ႕ အၾကံဳရွိထားခဲ့သလို ေကာင္းမြန္တဲ့ မွတ္တမ္းအခ်ိဳ႕လည္းပိုင္ဆိုင္ထားသူပါ။

ေပါင္သန္း ၃၀၀နဲ နယူးကာဆယ္ကို ဝယ္ယူခဲ့တဲ့ ေဆာ္ဒီ ပိုင္ရွင္သစ္ေတြဟာ စတိဗ္ဘ႐ုစ္ကို ထုတ္ပယ္ၿပီး တည္းက နည္းျပသစ္တစ္ဦး အစားထိုးႏိုင္ဖို႔ႀကိဳးစားခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိ ခန႔္အပ္ႏိုင္ျခင္း မရွိေသးပဲ အသင္းရဲ႕လက္ေထာက္နည္းျပ ဂေရမီဂ်ဳံးစ္က ယာယီနည္းျပအျဖစ္တာဝန္ယူထားခဲ့ပါတယ္။

ဒါေပမယ့္ သူနည္းျပအျဖစ္ ကိုင္ခဲ့တဲ့ ပရီမီးယားလိဂ္ ၂ပြဲဟာလည္း ရမွတ္ (၁)မွတ္သာရရွိထားပါတယ္။ ပြဲစဥ္ (၁၀) ပြဲၿပီးဆံုးခ်ိန္မွာ အဆင့္ (၁၉) မွာရပ္တည္ေနၿပီး ဒီရာသီႏိုင္ပြဲမရွိ ၄မွတ္သာရေသးတာေၾကာင့္ နယူးကာဆယ္အသင္းဟာ အရည္အခ်င္းရွိတဲ့နည္းျပ တစ္ဦးခန႔္အပ္ဖို႔ အလ်င္အျမန္လိုအပ္ေနတာလည္း ျဖစ္ပါတယ္။

အသင္းကို မိုက္အက္ရွေလ ဆီကေန လႊဲေျပာင္းရယူၿပီးခ်ိန္က လာမယ့္ရာသီေတြမွာ အသင္းဟာ ဆုဖလားေတြရယူဖို႕ ရည္မွန္းထားတယ္လို႕ ပိုင္ရွင္သစ္ေတြက ဆိုခဲ့ေပမယ့္ လက္ရွိ အေရးတႀကီးလုပ္ရမွာက ရာသီအကုန္မွာ တန္းမဆင္းရဘို႕ကို အဓိကထားရမွာပါပဲ။

အဂၤလန္ သတင္းေတြ အဆိုအရေတာ့ နယူးကာဆယ္ဟာ နည္းျပေတြကို အင္တာဗ်ဴးေနမႈ ဒီ တစ္ပတ္ အတြင္း အဆုံးသတ္ေတာ့မွာမို႔ ႏိုဝင္ဘာ ႏိုင္ငံတကာပြဲေတြမတိုင္မီ လာမယ့္ အပတ္အတြင္း နည္းျပသစ္ ခန္႔အပ္ႏိုင္ဖို႔ ပိုင္ရွင္သစ္ေတြကေမွ်ာ္လင့္ထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

နယူးကာဆယ္ဟာ ဘယ္လ္ဂ်ီယံနည္းျပ ေရာ္ဘတ္တိုမာတီနက္ဇ္၊ ေဒါ့မြန္နည္းျပေဟာင္း လူစီယန္ဖက္ဗရီ၊ ႐ိုးမားနည္းျပေဟာင္း ေပၚလိုဖြန္ဆီကာ၊ ေအဂ်က္ဇ္နည္းျပ အဲရစ္တန္ဟတ္တို႔ကိုခ်ဥ္းကပ္ခဲ့ေပမယ့္ အဆင္ေျပခဲ့ျခင္း မရွိပါဘူး။