ချယ်ဆီး မန်စီးတီး မန်ယူ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ပွဲတွေအတွက် အိုဝင် ပွဲကြို ခန့်မှန်းများ

Atalanta v Manchester United

စနေနေ့က ယူနိုက်တက်ရဲ့ ဘောလုံးရာသီကို ကယ်တင်ခဲ့တယ်လို့ ပြောလို့ရတဲ့ပွဲအပြီး ဒီပွဲကလည်း ကြီးမားတဲ့ ပွဲတစ်ပွဲပါ။ အပြောင်းအလဲတွေက အရမ်းကို အလုပ်ဖြစ်ထားပါတယ်။ ကာဗာနီ၊ ရော်နယ်ဒို တိုက်စစ်တွဲလုံးက ပြိုင်ဘက်အသင်းတွေကို ပြဿနာတွေ အများကြီး ပေးနိုင်စွမ်း ရှိပါတယ်။ ဒီပွဲက ခက်ခဲမှာဖြစ်ပေမယ့်လို့ သရေဆိုတာကလည်း ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျနော်ကတော့ ၁-၁ ဖြစ်မယ် ထင်ပါတယ်။

Malmo FF v Chelsea

ချယ်ဆီးက လက်တလောမှာ အံ့သြသင့်ဖွယ် ကောင်းလောက်အောင် ခြေစွမ်းပြနေပါတယ်။ သူတို့ ပရီးမီးယားလိဂ်မှာ ၃ ဂိုးပဲ ပေးထားရတာဖြစ်ပြီး မယ်မိုကို အိမ်ကွင်းမှာတုန်းက ၄-၀ နဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲမှာ ချယ်ဆီးက သက်သောင့်သက်သာ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ချယ်ဆီး ၂-၀ ပါပဲ။

Manchester City v Club Brugge

ပဲလေစ့်ပွဲမှာ မန်စီးတီး အရေးနိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ? စီးတီးက နောက်ပိုင်းမှာ ကစားပုံ ကောင်းခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ သူတို့ တုန့်ပြန်လာမယ်လို့ ထင်ပါတယ်။ ပထမအကျော့တုန်းက ၅-၁ ဖြင့် အနိုင်ရခဲ့ပြီး ဒီပွဲမှာတော့ ၃-၀ ဖြင့် အနိုင်ရပါလိမ့်မယ်။

Liverpool v Atletico Madrid

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ၃ ပွဲ ကစား ၃ ပွဲနိုင်တဲ့ အကောင်းစား စတင်ထားနိုင်ခဲ့ပါတယ်။ မက်ဒရစ်က ရင်ခုန်ဖွယ် နိုင်ပွဲ အပြီး ဒီတစ်ပတ် အန်းဖီးမှာလည်း လီဗာပူး အနိုင်လို့ပဲ ကျနော် မျှော်လင့်ထားတယ်။ ဆာလာက အုပ်စု ၃ ပွဲမှာ ၅ ဂိုး သွင်းထားတယ်။ ဒီပွဲမှာလည်း သူ သွင်းဦးမယ်လို့ မြင်နေတယ်။ လီဗာပူး ၂-ဝ နဲ့ အနိုင်ပါ။