မက်ဆီ ကို ရပ်တန့်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကို ဖော်ထုတ်သွားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ခံလူဟောင်း
မန်ချက်စတာ ယူနိုက်တက် နှင့် အာဆင်နယ် အသင်းရဲ့ နောက်ခံလူဟောင်း ဆီဗက်စတား က ဒီနေ့မှာ ကစားမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာ အာဂျင်တီးနား ကြယ်ပွင့် မက်ဆီ ကို ရပ်တန့် နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ကို ထူတ်ဖေယ် ပြောကြား သွားခဲ့ပါတယ်။
လီယွန်နယ် မက်ဆီ ဟာ ဒီနှစ် ကာတာ ကမ္ဘာ့ဖလားမှာ အထူး ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး အာဂျင်တီးနား အသင်းကို ကပ္ပတိန် အဖြစ် ဦးဆောင်ကာ သွင်းဂိုး ၅ ဂိုး ၊ ဂိုးဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ် ထားပါတယ်။
ပြင်သစ် အသင်း အနေနဲ့ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ဆိုရင် မက်ဆီ နှင့် တခြား အာဂျင်တီးနား တိုက်စစ် ကစားသမားတွေကို ထိန်းချုပ် ဟန့်တား နိုင်ဖို့ လိုအပ်ပါတယ်။ ဆီဗက်စတား ကတော့ မက်ဆီ ကို ဘယ်လို ထိန်းချုပ်လို့ ရနိုင်မလဲ ဆိုတာ ခုလို ဖော်ထုတ်သွားခဲ့ပါတယ်။

” ပထမ ဦးဆုံး အနေနဲ့ မက်ဆီ ဆီ ဘောလုံး မရောက်အောင် ဟန့်တား နိုင်ဖို့ လိုအပ်ပါတယ်၊ မက်ဆီ ဘောလုံး ရ မသွားအောင် သူ့ကို အနီးကပ် လူကပ် ကစားဖို့က သိပ်အရေးကြီးပါတယ်။
သူ့ကို သေချာ လူကပ် မကစားနိုင်ရင် သူ့ဆီ ဘောလုံး ရောက်သွားပါလိမ့်မယ်၊ သူ့ဆီ ဘောလုံးရောက်တာနဲ့ ခင်ဗျားတို့ အသင်း နောက်ကောက် ကျသွားပြီလို့သာ မှတ်ထားလိုက်တော့ဗျာ၊ သူက သိပ်ကောင်းလွန်းပါတယ်။ ”
” မက်ဆီ ဆီကနေ ဘောလုံး ရယူဖို့က မဖြစ်နိုင်သလောက် နီးပါးပါပဲ၊ နောက်ခံလူ တစ်ယောက်ယောက်က သူ့ကို ပြစ်ဒဏ် ကျူးလွန်မှပဲ ရမှာပါ၊ ဒါကြောင့် သူ ဘောလုံး ရမသွားအောင် တောက်လျှောက် လိုက်ကပ် ဟန့်တား ကစားဖို့ လိုအပ်ပါတယ်။ ”
” ကျနော်ကတော့ ကျနော်တို့ ပြင်သစ် ပဲ အနိုင်ရမယ်လို့ ထင်ပါတယ်၊ ကျနော်တို့ ပြင်သစ် အသင်း ကစားတာ သိပ်ကို စည်းစနစ် ကျလွန်းပါတယ်၊ ဒါ့အပြင် ကျနော်တို့ အသင်းက သူတို့ထက် အနည်းငယ် ပိုပီး အသာရနေတယ်လို့ မြင်ပါတယ်၊ ကျနော့် နှလုံးသားကတော့ ပြင်သစ် အသင်း အနိုင်ရမယ်လို့ပဲ ပြောနေပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ်။