မန်ယူနိုင်ပွဲ ရတဲ့ ကာရာဘောင်းပွဲများ၊ စီးတီးနဲ့ ချန်ပီယံလိဂ် ယူဦးမယ့် ဂွာဒီယိုလာ၊ ရော်နယ်ဒို ချိတ်ခဲ့တဲ့ ဖရန့်ဖတ်နဲ့ နံနက်ခင်း ဘောလုံးသတင်းများ
ကာရာဘောင်း စတုတ္ထအဆင့် ပွဲစဉ်တွေအဖြစ် ညက ကစားခဲ့ရာ ဘလက်ဘန်း ၁-၄ နော်တင်ဟမ် ဖောရက်စ်၊ ချာတန် ဝ-၀ ဘရိုက်တန်၊ ယူနိုက်တက် ၂-၀ ဘန်လေ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဂျူဗင်တပ် အသင်းတိုက်စစ်မှူးဟောင်း ထရက်ဇီဂေးက ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ရာဘီယော့ဟာ ဂျူဗင်တပ်အသင်းရဲ့ အရေးပါတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆို သွားခဲ့ပါတယ်။
အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီက အသင်းမှာ ခေါင်းထောင်ချင်နေတဲ့ တိုက်စစ်မှူး ဂျာအိုဖီးလစ် ကိစ္စနဲ့ ပတ်သက်ပြီး အသင်းရဲ့ အထက်မှာ ဘယ်ကစားသမားမှ မရှိဘူးဆိုပြီး ကြိုတင် သတိပေးသွားခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအတွက် ချန်ပီယံလိဂ်ဖလား မရယူနိုင်သေးပဲနဲ့ အသင်းနဲ့ လမ်းခွဲဖို့ အစီအစဉ် မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီကသာ GOAT တစ်ယောက်ဖြစ်ကြောင်း ဂွာဒီယိုလာက အတည်ပြု စကား ဆိုသွားခဲ့ပါသေးတယ်။

ဖရန့်ဖတ် အသင်းဘက်ကတော့ ရော်နယ်ဒို အနေနဲ့ ၎င်းတို့ကို ကမ်းလှမ်းမှုအချို့ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ၁၈ နှစ်အရွယ် ဘရာဇီး ကွင်းလယ်လူ အန်ဒရီ ဆန်းတိုစ့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့ကာ ပြောင်းရွှေ့ကြေး ညိနှိုင်းနေပြီဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဥက္ကဌ လာပေါ်တာကတော့ လာလီဂါဖလားဟာ ဘာစီလိုနာအသင်းအတွက် ပြန်လည် နီးစပ်မှုတွေ ရှိနေပြီဖြစ်ကြောင်း ကြိုတင်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
နယ်ဆန် ဒဏ်ရာရတာက အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ပလန်ကို အပြောင်းအလဲ ဖြစ်စေမှာ မဟုတ်ဘူးလို့ အာတီတာက ပြောဆိုခဲ့ပါတယ်။ ၎င်းတို့ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်သမား ရှာဖွေနေဆဲပါ။
ရီးရဲလ် မက်ဒရစ် အသင်း ကွင်းလယ် ကစားသမားဟောင်း အစ္စကိုဟာ လက်ရှိသွားရောက်ကစားနေတဲ့ ဆီဗီလာ အသင်း နဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာတင် နှစ်ဦးသဘောတူ ဖျက်သိမ်းလိုက်ကြပြီ ဖြစ်ပါတယ်။