ရာသီကုန်မှာ မြင်ရမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ဟောကိန်းထုတ်လာတဲ့ စူပါကွန်ပျူတာ
အချက်အလက်တွေကို အခြေခံ တွက်ထုတ်တဲ့ စူပါကွန်ပျူတာ ကတော့ ကမ္ဘာ့ဖလားအပြီးမှာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ကြား ယှဉ်ပြိုင်မှု ပြင်းထန်တော့မယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ဟောကိန်းသစ် ထုတ်ခဲ့ပါတယ်။
ဂန်းနားတွေဟာ ၁၄ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဒုတိယနေရာက မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ လာမယ့်လတွေမှာ အာဆင်နယ်ကို အမီလိုက်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။
စူပါကွန်ပျူတာရဲ့ နောက်ဆုံး တွက်ထုတ်မှုမှာတော့ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

BonusCodeBets ရဲ့ စူပါကွန်ပျူတာက မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက အာဆင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ၃ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ရရှိသွားလိမ့်မယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်းဟာ ဒုတိယနေရာနဲ့ ကျေနပ်ရမှာဖြစ်ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ပြန်လည်ရရှိသွားမှာဖြစ်တယ်လို့ သိရပြီး စူပါကွန်ပျူတာက လီဗာပူးလ်အသင်းဟာ ရာသီဒုတိယပိုင်းမှာ ပုံစံကောင်း ပြန်လည်ရရှိလာခဲ့ပြီးနောက် တတိယနေရာမှာ ရာသီပြီးဆုံးမယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယား စတုတ္ထနေရာကိုတော့ တော့တင်ဟမ်ဟော့စပါးအသင်းက ရရှိသွားမှာဖြစ်ပြီး လက်ရှိ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်လ်ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့အထက်မှာ ရာသီပြီးဆုံး သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
စူပါကွန်ပျူတာ တွက်ထုတ်ထားတဲ့ ရာသီကုန်မှာ ဖြစ်နေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အခြေအနေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Manchester City (champions)
- Arsenal (Champions League)
- Liverpool (Champions League)
- Tottenham Hotspur (Champions League)
- Newcastle United (Europa League)
- Manchester United (Europa League)
- Chelsea (Europa Conference League)
- Brighton and Hove Albion
- Crystal Palace
- Aston Villa
- Leicester City
- West Ham United
- Brentford
- Fulham
- Leeds United
- Southampton
- Everton
- Wolverhampton Wanderers (relegation)
- Bournemouth (relegation)
- Nottingham Forest (relegation)
အမှတ်ပေးဇယား ဦးဆောင်ထားတဲ့ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားပြီးချိန်မှာ ၁၂ ပွဲအထိ အနိုင် ရရှိခဲ့တာဖြစ်ပြီး သရေတစ်ပွဲနဲ့ စက်တင်ဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့တာဖြစ်ပါတယ်။