ဘရာဇီးသားလေး ရလိုက်ခြင်း၊ အန်ဇို အတွက် ကမ်းလှမ်းမှု၊ ဂျော်ဂျင်ဟို၊ ကိုင်ဟာဗက် တို့နဲ့ ယနေ့ည ချယ်ဆီး သတင်းတိုများ စုစည်းမှု
ချယ်ဆီး အသင်းဟာ ဘရာဇီး ကွင်းလယ် လူငယ် အင်ဒရေ ဆန်းတို့စ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။ ပြောင်းရွှေ့ကြေး က ယူရို ၁၂.၅ သန်း + ထပ်ဆောင်း ဆုကြေးတွေ ဖြစ်ပြီး စုစုပေါင်း ယူရို သန်း ၂ဝ ထက်တော့ မပိုဘူးလို့ ဆိုပါတယ်။
ချယ်ဆီး အသင်းဟာ ဘင်ဖီကာအသင်းမှ အာဂျင်တီးနား လူငယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်စ် အတွက် ၎င်းတို့ ကလပ် စံချိန်တင်ကြေး ဖြစ်စေမယ့် ယူရို ၁၂၇ သန်း (ပေါင် ၁၁၃ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် ဘင်ဖီကာ က ငြင်းဆန်လိုက်ပါတယ်။

ထိုပမာဏ ဟာ ၂၀၁၉ တုန်းက ဂျာအိုဖိလစ် ကို အက်သလက်တီကို မက်ဒရစ်ထံ ရောင်းလိုက်တဲ့ တန်ကြေး ထက် မြင့်ပေမယ့် ဘင်ဖီကာ ကတော့ ဒီရာသီကုန်ထိ အန်ဇို ကို အသင်းမှာ ဆက်ထိန်းထားချင် နေပါတယ်။ အန်ဇို ကို မန်ယူနိုက်တက်နဲ့ လီဗာပူး ကလည်း ချိတ်ဆက်နေတာပါ။
မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ အပြိုင်အဆိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂိုးသမား ပစ်ဖို့ဒ် ဟာ လက်ရှိကလပ် အဲဗာတန်မှာ ဆက်ရှိနေဖို့ မရေရာဘူး ဖြစ်လာနေပါတယ်။
နယူးကာဆယ်အသင်းဟာ ချယ်ဆီး ကွင်းလယ်သမား ဂျော်ဂျင်ဟို ကို နွေမှာ ခေါ်ယူဖို့ စည်းရုံးနေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။
ချယ်ဆီးအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ ဘုန်းမောက် အသင်းကို ဟာဗက်၊ မောင့်တို့ သွင်းဂိုးတွေနဲ့ အတူ ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။ ချယ်ဆီး ကွင်းလယ်ဟောင်းကြီး ဂျိုကိုးလ်ကတော့ ဟာဗက် ခြေစွမ်းကို အထူး သဘောကျနေပြီး အသင်း တိုက်စစ်ကို ဦးဆောင်နိုင်မယ့် သူ လို့ ချီးကျူးလိုက်ပါတယ်။