ပစ်ဖို့ဒ်၊ မာတင် တာရီယာ၊ အန်ဇို၊ ဒီဗရစ် တို့နဲ့ အားရစရာ မရှိသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အပြောင်းအရွှေ့ သတင်းများ
မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ အပြိုင်အဆိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂိုးသမား ပစ်ဖို့ဒ် ဟာ လက်ရှိကလပ် အဲဗာတန်မှာ ဆက်ရှိနေဖို့ မရေရာဘူး ဖြစ်လာနေပါတယ်။
ယူနိုက်တက်ဟာ ရော်နယ်ဒိုနေရာအတွက် တတ်နိုင်တဲ့ အစားထိုးစရာတစ်ခု ရှာဖွေနေတာဖြစ်သလို ရန်းနက်စ် တိုက်စစ်မှူး မာတင် တာရီယာက ပစ်မှတ်တစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
အာဂျင်တီးနား ကြယ်ပွင့် အန်ဇို ကို မန်ယူက ချိန်နေပေမယ့် ချယ်ဆီးက ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေးကာ ဘင်ဖီကာ ထံ ကမ်းလှမ်းထားပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က တိုက်စစ်မှုးသစ် ခေါ်ယူဖို့ ရှိကြောင်း အတည်ပြု ထားပေမယ့် အသင်းကို ရောင်းချဖို့ ကြိုးစားနေတဲ့ ပိုင်ရှင် ဂလေဇာ မိသားစု ထံက အသုံးစရိတ် များစွာ မရနိုင်တာကြောင့် အငှား ကစားသမား ခေါ်ယူမှုပဲ လုပ်ရဖွယ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဟာ နွေရာသီမှာ ခံစစ်ကို အားဖြည့်ဖို့ ဖရီးအေးဂျင့် ဖြစ်လာတော့မယ့် အင်တာဗဟိုနောက်ခံလူ ဒီဗရစ်ကို ခေါ်ယူချင်နေပါတယ်။
အဲဗာတန်ကနေ အငှားခေါ်ယူလိုနေတဲ့ အန်သိုနီ အီလန်ဂါဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် နေရာတစ်ခု မရယူနိုင်သေးတဲ့အပေါ် ပိုပိုပြီး စိတ်ပျက်လာနေပါတယ်။
ဆော်ဒီကလပ် အယ်နာဆာ အသင်း ဥက္ကဌ အယ်မူယာမာ က စီရော်နယ်ဒို ရောက်လာတော့မယ် ဆိုတဲ့ သတင်းတွေ မဟုတ်မမှန်ကြောင်း ငြင်းဆန်သွားခဲ့ပါတယ်။
အေဂျက်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဒါလေဘလိုင်းကို စာချုပ်ဖျက်သိမ်းပြီး အလွှတ်ဖြင့် ထွက်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။