လီဗာပူးနဲ့ ရှိစဉ်က အာဆင်နယ် ထံ အထင်ကြီး ပြောင်းချင်ခဲ့ကြောင်း ဆွာရက်ဇ် ဝန်ခံ
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှုး လူးဝစ်ဆွာရက်ဇ် က ၎င်း လီဗာပူး အသင်းမှာ ကစားခဲ့တဲ့ ၂၀၁၃ ခုနှစ်ရာသီအကုန်တုန်းက ချန်ပီယံလိဂ် ပုံမှန်ကစားခွင့်ရရှိနေတဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ဖူးကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
လီဗာပူး အသင်း အဆင့် ၇ နဲ့ ရာသီပိတ်သိမ်းခဲ့တဲ့ အဆိုပါ ရာသီအပြီး ဆွာရက်ဇ်ကို ခေါ်ယူဖို့ အသင်းကြီး အချို့ အပြိုင်ကြိုးစားခဲ့ကြသလို အာဆင်နယ် ကလည်း ပါဝင် ကြိုးစားခဲ့ပါတယ်။

လီဗာပူးနဲ့ ဆွာရက်စ်ကြား ပေါင် သန်း ၄၀ ရရင် အသင်းပြောင်းခွင့် ပါဝင်ခဲ့တယ်လို့ သိရချိန်မှာ အာဆင်ဝင်းဂါးက စာချုပ်ပါကြေးထက် ၁ ပေါင် ပိုပေးခဲ့တာပါ။ အဆိုပါ ကမ်းလှမ်းမှုကို လီဗာပူး ပိုင်ရှင်တွေက အတော်လေး ဒေါသထွက်ခဲ့တာကြောင့် အသင်းပြောင်းလိုနေတဲ့ ဆွာရက်စ်ကို မရမက ဆက်ထိန်းသွားခဲ့ပါတယ်။
ဆွာရက်စ် ကိုယ်တိုင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်ကို ပြောင်းလိုပေမယ့် လီဗာပူး တာဝန်ရှိသူတွေနဲ့ စတီဗင်ဂျရတ်ရဲ့ ဆွဲထားမှုကို လက်ခံပြီး မာဆေးဆိုဒ်မှာ ဆက်နေခဲ့တာဖြစ်တယ်။ ဒီအပတ် လီဗာပူးပွဲကြိုမှာ ဆွာရက်စ်ကပဲ ထိုစဉ်တုန်းက အသင်းပြောင်းလိုတာဟာ အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်နေတာကြောင့်လို့ ဝန်ခံခဲ့တယ်။
အာဆင်နယ်အသင်းရဲ့ အဆိုပါ ကမ်းလှမ်းမှုဟာ လူရယ်စရာ အနေအထားဖြစ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းကသာ ဆွာရက်ဇ်ကို ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ထို အချိန်တုန်းက ရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့ လီဗာပူး ကို စွန့်ခွါပြီး အမ်းမရိတ်ကလပ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့သူတစ်ယောက်ဖြစ်ပြီး အသင်နည်းပြ ရော်ဂျာရဲ့ နှစ်ကိုယ်ကြား တွေ့ဆုံဆွေးနွေးမှုတွေမှာလည်း ငြင်းဆန်မှု ပြုလုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
ဆွာရက်စ်က ” ၂၀၁၂ ဇူလိုင်မှာ ဘရန်ဒန်ရော်ဂျာ လီဗာပူးကို စတင်တာဝန်ယူခဲ့တယ် အဲ့တာက လီဗာပူးကို ကျနော်ရောက်ပြီး တစ်နှစ်ခွဲလောက် အကြာမှာလို့ ထင်ပါတယ်။ အဲ့တုန်းက အခြားသော ကလပ်တွေကလည်း ကျနော်ကို ဆက်သွယ်လာခဲ့ပြီး အသင်းပြောင်းရေး လက်မှတ်ထိုးဖို့ အခွင့်အရေး ရခဲ့တယ်။
ဒါပေမယ့် ရော်ဂျာက သူ့ကို ယုံကြည်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဆွေးနွေးစကားပြောမှုကို ကျနော် ပျော်ခဲ့ပါတယ်။ သူနဲ့ စကားပြောရတာ၊ သူ့ရဲ့ အတွေးအမြင်တွေကို ကျနော် သဘောကျတယ်။ ဒီတော့ အေးဂျင့်နဲ့ စကားပြောပြီး လီဗာပူးမှာ ဆက်နေဖို့ လုပ်ခဲ့တယ်။ ကျနော် မထွက်ချင်ပါဘူး။ လီဗာပူးမှာ အောင်မြင်ဖို့ နောက်ထပ် အခွင့်အရေး ရချင်ပါတယ်။
အဲ့နှစ်က ကျနေ်ာတို့ မျှော်လင့်သလို ကောင်းမွန်တဲ့ ဘောလုံးရာသီ မဟုတ်ခဲ့ဘူး။ ဒါပေမယ့်လို့ ကျနေ်ာတို့ရဲ့ အစီအစဉ်တွေကတော့ ရှင်းပါတယ်။ ၂၀၁၂-၂၀၁၃ အပြီးမှာ အာဆင်နယ်ကို ကျနော် ပြောင်းချင်ခဲ့တယ်။ အာဆင်နယ်က ချန်ပီယံလိဂ်ကို နှစ်တိုင်း ပါဝင်ကစားနေတာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ချန်ပီယံလိဂ် ၁၆ ကြိမ်အထိ ပါဝင် ကစားခွင့်ရရှိခဲ့တဲ့ အသင်းဖြစ်ပြီး လီဗာပူးလ်ကတော့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ချန်ပီယံလိဂ် ကစားခွင့် မရရှိခဲ့တာကြောင့် ဆွာရက်ဇ်က အာဆင်နယ်အသင်းထံ ပြောင်းဖို့ စိတ်ကူးမိခဲ့တာ ဖြစ်ပါတယ်။

ZG
အက္သလက္တီကို မက္ဒရစ္ တိုက္စစ္မႈး လူးဝစ္ဆြာရက္ဇ္ က ၎ လီဗာပူး အသင္းမွာ ကစားခဲ့တဲ့ ၂၀၁၃ ခုႏွစ္ရာသီအကုန္တုန္းက ခ်န္ပီယံလိဂ္ ပုံမွန္ကစားခြင့္ရရွိေနတဲ့ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ဖို့ ဆႏၵရွိခဲ့ဖူးေၾကာင္း ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။
လီဗာပူး အသင္း အဆင့္ ၇ နဲ႔ ရာသီပိတ္သိမ္းခဲ့တဲ့ အဆိုပါ ရာသီအၿပီး ဆြာရက္ဇ္ကို ေခၚယူဖို့ အသင္းႀကီး အခ်ိဳ႕ အၿပိဳင္ႀကိဳးစားခဲ့ၾကသလို အာဆင္နယ္ ကလည္း ပါဝင္ ၾကိဳးစားခဲ့ပါတယ္။
လီဗာပူးနဲ႔ ဆြာရက္စ္ၾကား ေပါင္ သန္း ၄၀ ရရင္ အသင္းေျပာင္းခြင့္ ပါဝင္ခဲ့တယ္လို႔ သိရခ်ိန္မွာ အာဆင္ဝင္းဂါးက စာခ်ဳပ္ပါေၾကးထက္ ၁ ေပါင္ ပိုေပးခဲ့တာပါ။ အဆိုပါ ကမ္းလွမ္းမႈကို လီဗာပူး ပိုင္ရွင္ေတြက အေတာ္ေလး ေဒါသထြက္ခဲ့တာေၾကာင့္ အသင္းေျပာင္းလိုေနတဲ့ ဆြာရက္စ္ကို မရမက ဆက္ထိန္းသြားခဲ့ပါတယ္။
ဆြာရက္စ္ ကိုယ္တိုင္ကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အာဆင္နယ္ကို ေျပာင္းလိုေပမယ့္ လီဗာပူး တာဝန္ရွိသူေတြနဲ႔ စတီဗင္ဂ်ရတ္ရဲ႕ ဆြဲထားမႈကို လက္ခံျပီး မာေဆးဆိုဒ္မွာ ဆက္ေနခဲ့တာျဖစ္တယ္။ ဒီအပတ္ လီဗာပူးပြဲၾကိဳမွာ ဆြာရက္စ္ကပဲ ထိုစဥ္တုန္းက အသင္းေျပာင္းလိုတာဟာ အာဆင္နယ္က ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ပါဝင္ေနတာေၾကာင့္လို႔ ဝန္ခံခဲ့တယ္။
အာဆင္နယ္အသင္းရဲ့ အဆိုပါ ကမ္းလွမ္းမွုဟာ လူရယ္စရာ အေနအထားျဖစ္ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ ဘာစီလိုနာအသင္းကသာ ဆြာရက္ဇ္ကို ေခၚယူသြားနိုင္ခဲ့တာ ျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္အရြယ္ရွိ ဆြာရက္ဇ္ဟာ ထို အခ်ိန္တုန္းက ရလဒ္ဆိုးေတြၾကဳံေတြ႕ေနရတဲ့ လီဗာပူး ကို စြန႔္ခြါၿပီး အမ္းမရိတ္ကလပ္ကို ေျပာင္းေရႊ႕ဖို့ စိတ္ဝင္စားခဲ့သူတစ္ေယာက္ျဖစ္ၿပီး အသင္နည္းျပ ေရာ္ဂ်ာရဲ့ ႏွစ္ကိုယ္ၾကား ေတြ႕ဆုံေဆြးေႏြးမွုေတြမွာလည္း ျငင္းဆန္မွု ျပဳလုပ္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။
ဆြာရက္စ္က ” ၂၀၁၂ ဇူလိုင္မွာ ဘရန္ဒန္ေရာ္ဂ်ာ လီဗာပူးကို စတင္တာဝန္ယူခဲ့တယ္ အဲ့တာက လီဗာပူးကို က်ေနာ္ေရာက္ျပီး တစ္ႏွစ္ခြဲေလာက္ အၾကာမွာလို႔ ထင္ပါတယ္။ အဲ့တုန္းက အျခားေသာ ကလပ္ေတြကလည္း က်ေနာ္ကို ဆက္သြယ္လာခဲ့ျပီး အသင္းေျပာင္းေရး လက္မွတ္ထိုးဖို႔ အခြင့္အေရး ရခဲ့တယ္။
ဒါေပမယ့္ ေရာ္ဂ်ာက သူ႔ကို ယံုၾကည္ေပးဖို႔ ေတာင္းဆိုခဲ့တယ္။ ေဆြးေႏြးစကားေျပာမႈကို က်ေနာ္ ေပ်ာ္ခဲ့ပါတယ္။ သူနဲ႔ စကားေျပာရတာ၊ သူ႔ရဲ႕ အေတြးအျမင္ေတြကို က်ေနာ္ သေဘာက်တယ္။ ဒီေတာ့ ေအးဂ်င့္နဲ႔ စကားေျပာျပီး လီဗာပူးမွာ ဆက္ေနဖို႔ လုပ္ခဲ့တယ္။ က်ေနာ္ မထြက္ခ်င္ပါဘူး။ လီဗာပူးမွာ ေအာင္ျမင္ဖို႔ ေနာက္ထပ္ အခြင့္အေရး ရခ်င္ပါတယ္။
အဲ့ႏွစ္က က်ေန္ာတို႔ ေမွ်ာ္လင့္သလို ေကာင္းမြန္တဲ့ ေဘာလံုးရာသီ မဟုတ္ခဲ့ဘူး။ ဒါေပမယ့္လို႔ က်ေန္ာတို႔ရဲ႕ အစီအစဥ္ေတြကေတာ့ ရွင္းပါတယ္။ ၂၀၁၂-၂၀၁၃ အျပီးမွာ အာဆင္နယ္ကို က်ေနာ္ ေျပာင္းခ်င္ခဲ့တယ္။ အာဆင္နယ္က ခ်န္ပီယံလိဂ္ကို ႏွစ္တိုင္း ပါဝင္ကစားေနတာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ ၁၉၉၈ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အတြင္း ခ်န္ပီယံလိဂ္ ၁၆ ႀကိမ္အထိ ပါဝင္ ကစားခြင့္ရရွိခဲ့တဲ့ အသင္းျဖစ္ၿပီး လီဗာပူးလ္ကေတာ့ ၂၀၁၀ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အတြင္း ခ်န္ပီယံလိဂ္ ကစားခြင့္ မရရွိခဲ့တာေၾကာင့္ ဆြာရက္ဇ္က အာဆင္နယ္အသင္းထံ ေျပာင္းဖို့ စိတ္ကူးမိခဲ့တာ ျဖစ္ပါတယ္။