မက်ဆီက ကမ္ဘာ့ဖလား မြှောက်ချိန်မှာ ရော်နယ်ဒိုက ဥရောပမှာ ခေါ်ချင်တဲ့ ကလပ် မရှိတော့ဘဲ ဝမ်းနည်းစရာ နိဂုံး ဖြစ်လာ

ဆော်ဒီကလပ်အယ်လ်နာဆာကို ရော်နယ်ဒို ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ဂယ်ရီနဗီးလ်နဲ့ ဂျင်မီကာရေဂါတို့က သူတို့ရဲ့ အမြင်တွေကို ကိုယ်စီပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဆော်ဒီကလပ်ကို တနှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂နှစ်ခွဲ စာချုပ်ချုပ်ဆို သွားမှာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ်ရာအင်တာဗျူးအပြီး မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ရကာ အရှေ့အလယ်ပိုင်းဒေသကို ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး စကိုင်းစပေါ့ အစီအစဉ်မှာ နဗီးလ်က ခုလို ဆိုလာခဲ့တာပါ။

” ရော်နယ်ဒို က ဥရောပမှာ ဆက်နေချင်တယ်လို့ ကျနော်ခံစားရတယ်၊ သူ့အတွက် ကလပ်အသင်းတွေဆီက ကမ်းလှမ်းမှုတွေကလည်း ရောက်မလာခဲ့ပါဘူး။

ကျနော့်အတွက် ဝမ်းနည်းစရာအချက်တခုကတော့ ရော်နယ်ဒိုရဲ့ ထိပ်တန်းအဆင့်က အိုးထရက်ဖို့ဒ်မှာ ပြီးဆုံးသွားခဲ့တာပါ၊ သူ့ရဲ့ ကစားသမားဘဝကို ဆော်ဒီမှာပဲ အဆုံးသတ်မယ့်ပုံပါပဲ” လို့ နဗီးလ်က ပြောဆိုခဲ့ပါတယ်။

ကာရေဂါကလည်း “ဒါက သူ့အတွက် ဝမ်းနည်းစရာ နိဂုံးပါပဲ၊ ရော်နယ်ဒိုက ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးလုပ်ပြီး သူ့ကစားသမားဘဝကို အဆုံးသတ်ခဲ့တယ်၊

တဖက်မှာ မက်ဆီကတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ထာဝရ အကောင်းဆုံး ကစားသမားတွေပါ၊ ဒါနဲ့ ပတ်သက်ပြီး အငြင်းအခုံပြုလုပ်တာကတော့ အမြဲတမ်းရှိနေမှာပါပဲ” လို့ ဆိုပါတယ်။

ZawGyi – ေဆာ္ဒီကလပ္အယ္လ္နာဆာကို ေရာ္နယ္ဒို ေျပာင္းေ႐ႊ႕မႈနဲ႔ပတ္သက္ၿပီး ဂယ္ရီနဗီးလ္နဲ႔ ဂ်င္မီကာေရဂါတို႔က သူတို႔ရဲ႕ အျမင္ေတြကို ကိုယ္စီေျပာဆိုသြားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္ကို တႏွစ္လုပ္ခ ယူ႐ိုသန္း ၂၀၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၂ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးဟာ ပီယာ့စ္ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အျငင္းပြားဖြယ္ရာအင္တာဗ်ဴးအၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့ရကာ အေရွ႕အလယ္ပိုင္းေဒသကို ေျပာင္းေ႐ႊ႕သြားခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕နဲ႕ ပတ္သတ္ျပီး စကိုင္းစေပါ့ အစီအစဥ္မွာ နဗီးလ္က ခုလို ဆိုလာခဲ့တာပါ။

” ေရာ္နယ္ဒို က ဥေရာပမွာ ဆက္ေနခ်င္တယ္လို႔ က်ေနာ္ခံစားရတယ္၊ သူ႔အတြက္ ကလပ္အသင္းေတြဆီက ကမ္းလွမ္းမႈေတြကလည္း ေရာက္မလာခဲ့ပါဘူး။

က်ေနာ့္အတြက္ ဝမ္းနည္းစရာအခ်က္တခုကေတာ့ ေရာ္နယ္ဒိုရဲ႕ ထိပ္တန္းအဆင့္က အိုးထရက္ဖို႔ဒ္မွာ ၿပီးဆုံးသြားခဲ့တာပါ၊ သူ႔ရဲ႕ ကစားသမားဘ၀ကို ေဆာ္ဒီမွာပဲ အဆုံးသတ္မယ့္ပုံပါပဲ” လို႔ နဗီးလ္က ေျပာဆိုခဲ့ပါတယ္။

ကာေရဂါကလည္း “ဒါက သူ႔အတြက္ ဝမ္းနည္းစရာ နိဂံုးပါပဲ၊ ေရာ္နယ္ဒိုက ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးလုပ္ၿပီး သူ႔ကစားသမားဘ၀ကို အဆုံးသတ္ခဲ့တယ္၊

တဖက္မွာ မက္ဆီကေတာ့ ကမာၻ႔ဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္၊ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ ထာဝရ အေကာင္းဆုံး ကစားသမားေတြပါ၊ ဒါနဲ႔ ပတ္သက္ၿပီး အျငင္းအခုံျပဳလုပ္တာကေတာ့ အၿမဲတမ္းရွိေနမွာပါပဲ” လို႔ ဆိုခဲ့ပါတယ္။