မန်ယူနဲ့ သူ့ကို အကြိမ်ကြိမ် ကယ်နေတဲ့ စီ ရော်နယ်ဒိုအား ကျေးဇူးတွေတင်နေတဲ့ ဆိုးရှား

အင်္ဂါနေ့ည ဘာဂါမိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ စီ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကို နောက်တစ်ကြိမ် ကယ်ဆယ်ရေး လုပ်ခဲ့ပြန်ပါတယ်။ အတ္တလန္တာကို ၂-၂ သရေကျခဲ့တဲ့ ပွဲမှာ ရော်နယ်ဒို ဟာ ယူနိုက်တက်အတွက် ချေပဂိုး ၂ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းကို အုပ်စု F ရဲ့ ထိပ်ဆုံး ပို့ပေးခဲ့ပါတယ်။

ယခုနှစ်ဥရောပမှာ အရေးပါတဲ့ဂိုးကို ၃ကြိမ်မြောက် သွင်းယူခဲ့ပြီး ဆိုးလ်ရှားက အသင်းအပေါ် ရော်နယ်ဒိုရဲ့ ဦးဆောင်နိုင်မှုနဲ့နည်းစနစ်ပိုင်းကြွယ်ဝမှုကို ချီးကျူးခဲ့ပါတယ်။

“ခရစ္စတီယာနိုက အံ့အားသင့်စရာပါပဲ။ သူက သူ လုပ်စရာ ရှိတာ လုပ်နေပါတယ်။ အခွင့်အရေး တစ်ခုကို ရယူချင်တဲ့သူဆိုရင် ရော်နယ်ဒိုပါဘဲ။ သူရဲ့ နည်းစနစ်က အံ့မခန်းပါ။ ကျွန်တော်ထင်ပါတယ်။ ရော်နယ်ဒိုက ချီကာဂို ဘူးစ်၊ မိုက်ကယ် ဂျော်ဒန် တို့လိုပါပဲ။

ကျွန်တော်တို့မှာ တာဝန်ယူမှုတွေ ၊လုပ်ရမယ့်အခန်းဏဏ္ဍတွေ ရှိပါတယ်။ အသင်းမှာ ခရစ္စတီယာနို က ဦးဆောင်သူပါ။ ဂိုးလည်းသွင်းပါတယ် ဒါတွေကို သူလုပ်ပါတယ်။

အံ့အားသင့်ဖွယ် အခိုက်အတန့်တွေကို သူပေးစွမ်းပါတယ်။ တဖြည်းဖြည်းပိုကောင်းလာပြီး သူအခြေအနေက လက်ရှိမှာ အမြင့်ဆုံး ရှိနေတယ်” လို့ ဆိုးရှားက ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။

နွေရာသီမှာ ယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်လာပြီးနောက် ရော်နယ်ဒိုဟာ ၁၁ပွဲမှာ ၉ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်၄ပွဲမှာ ၅ဂိုးသွင်းယူထားပါတယ်။ အလားတူ ပြီးခဲ့တဲ့အပတ်က ၃-၂ဂိုးဖြင့် နိုင်တဲ့အပါအဝင် ယခုအပွဲမှာလည်း နောက်ကျဂိုးတွေ သွင်းယူနိုင်တဲ့အပေါ် အသင်းသားတွေကို ဆိုးရှားက ချီးကျူးခဲ့ပါတယ်။

ZG

အဂၤါေန႔ည ဘာဂါမိုမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ စီ ေရာ္နယ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေနာက္တစ္ႀကိမ္ ကယ္ဆယ္ေရး လုပ္ခဲ့ျပန္ပါတယ္။ အတၱလႏၲာကို ၂-၂ သေရက်ခဲ့တဲ့ ပြဲမွာ ေရာ္နယ္ဒို ဟာ ယူႏိုက္တက္အတြက္ ေခ်ပဂိုး ၂ဂိုးစလုံး သြင္းယူေပးခဲ့ၿပီး ဆိုးလ္ရွားရဲ႕အသင္းကို အုပ္စု Fရဲ႕ ထိပ္ဆုံး ပို႔ေပးခဲ့ပါတယ္။

ယခုႏွစ္ဥေရာပမွာ အေရးပါတဲ့ဂိုးကို ၃ႀကိမ္ေျမာက္ သြင္းယူခဲ့ၿပီး ဆိုးလ္ရွားက အသင္းအေပၚ ေရာ္နယ္ဒိုရဲ႕ ဦးေဆာင္ႏိုင္မႈနဲ႔နည္းစနစ္ပိုင္းႂကြယ္ဝမႈကို ခ်ီးက်ဴးခဲ့ပါတယ္။

“ခရစၥတီယာႏိုက အံ့အားသင့္စရာပါပဲ။ သူက သူ လုပ္စရာ ရွိတာ လုပ္ေနပါတယ္။ အခြင့္အေရးတစ္ခုကို ရယူခ်င္တဲ့သူဆိုရင္ ေရာ္နယ္ဒိုပါဘဲ။ သူရဲ႕ နည္းစနစ္က အံ့မခန္းပါ။ ကြၽန္ေတာ္ထင္ပါတယ္။ ေရာ္နယ္ဒိုက ခ်ီကာဂို ဘူးစ္၊ မိုက္ကယ္ ေဂ်ာ္ဒန္ တို႔လိုပါပဲ။

ကြၽန္ေတာ္တို႔မွာ တာဝန္ယူမႈေတြ ၊လုပ္ရမယ့္အခန္းဏ႑ေတြ ရွိပါတယ္။ အသင္းမွာ ခရစၥတီယာႏိုက ဦးေဆာင္သူပါ။ ဂိုးလည္းသြင္းပါတယ္ ဒါေတြကို သူလုပ္ပါတယ္။

အံ့အားသင့္ဖြယ္ အခိုက္အတန္႔ေတြကို သူေပးစြမ္းပါတယ္။ တျဖည္းျဖည္းပိုေကာင္းလာၿပီး သူအေျခအေနက လက္ရွိမွာ အျမင့္ဆုံး ရွိေနတယ္” လို႔ ဆိုးရွားက ခ်ီးက်ဴးစကား ဆိုသြားခဲ့ပါတယ္။

ေႏြရာသီမွာ ယူႏိုက္တက္ကို တစ္ေက်ာ့ျပန္ေရာက္လာၿပီးေနာက္ ေရာ္နယ္ဒိုဟာ ၁၁ပြဲမွာ ၉ဂိုးသြင္းယူထားၿပီး ခ်န္ပီယံလိဂ္၄ပြဲမွာ ၅ဂိုးသြင္းယူထားပါတယ္။ အလားတူ ၿပီးခဲ့တဲ့အပတ္က ၃-၂ဂိုးျဖင့္ ႏိုင္တဲ့အပါအဝင္ ယခုအပြဲမွာလည္း ေနာက္က်ဂိုးေတြ သြင္းယူႏိုင္တဲ့အေပၚ အသင္းသားေတြကို ဆိုးရွားက ခ်ီးက်ဴးခဲ့ပါတယ္။