မိုနာကို ခံစစ်မှုးနဲ့ သေဘောတူညီမှု ရခြင်း၊ နောက်ဆုံးပွဲလား အန်ဇို၊ မူဒရစ်ကို ဝင်ချိတ်ခြင်းနဲ့ ယနေ့ည ချယ်ဆီး သတင်းတိုများ စုစည်းမှု
ချယ်ဆီးက သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် ပြင်သစ် လီဂူးဝမ်း ကလပ် မိုနာကို အသင်းမှ ဗဟိုခံစစ်မှူး ဘာဒစ်ရှီလာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြလာပါတယ်။
နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ချယ်ဆီးက ယနေ့ညနေမှာပဲ ဘာဒစ်ရှီလာကို ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီး ချယ်လ်ဆီးဟာ ဘာဒစ်ရှီလာ အတွက် မိုနာကိုထံ ပြောင်းရွှေ့ကြေး ပေါင် ၃၃သန်း ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။
ချယ်ဆီးဟာ အာဆင်နယ် အဓိကပစ်မှတ်ထားနေတဲ့ ရှက်တာဒိုးနက် တိုက်စစ်သမား မူဒရစ်ကို အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ရေးအတွက် ကြားဝင် နှောက်ယှက်ဖွယ် ရှိနေပါတယ်။

ချယ်ဆီး အသင်းဟာ ဘရာဇီး အံ့ဖွယ် လူငယ်လေး အင်ဒရေ ဆန်းတို့စ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် မိတ်ဆက် ကြေညာသွားပါတယ်။ ဆန်းတို့စ်အတွက် ချယ်ဆီးက ယူရို ၁၂သန်းခွဲ ပေးခဲ့ရတာပါ။
ချယ်ဆီးဟာ အန်ဇို ဖာနန်ဒက်ကိုခေါ်ဖို့ အရမ်း ကုန်ကျလွန်းမယ်ဆိုရင် သူ့အစား ဘရိုက်တန်ရဲ့ မက်အယ်လစ်စတာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဖရန့်လမ်းပတ် က သူ ချယ်ဆီးကို နည်းပြစဉ်အတွင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။
ချယ်ဆီး ပစ်မှတ် အန်ဇို ဖာနန်ဒက်စ် ဟာ မနေ့က ဘင်ဖီကာရဲ့ ဘရာဂါကို ၃-ဝနဲ့ ရှုံး ပွဲမှာ ပွဲချိန်ပြည့်နီးပါး ပါဝင် ကစားသွားပါတယ်။ ဘင်ဖီကာ နည်းပြ ရော်ဂျာရှမစ် ကတော့ အန်ဇို အနာဂတ်ကို သူလည်း မသိကြောင်းနဲ့ ဒါက နောက်ဆုံးပွဲလား မပြောနိုင်ကြောင်း ဆိုခဲ့ပါတယ်။