သိပ် မညည်းနဲ့ တားထားတဲ့ နည်းပြ တန်ဟက်၊ ပြန်လာတဲ့ ဆန်ချိုနဲ့ ဒါလော့၊ အသင်းပြောင်းဖို့ ပြောခံရတဲ့ မက်ဂွဲရားနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက် ဟာ လူငယ် ကစားသမား ဂါနာချိုကို အာဂျင်တီးနားနဲ့အတူ တောင်အမေရိက ယူ-၂၀ ချန်ပီယံရှစ် အတွက် ကစားပေးဖို့ တားဆီး ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ဩဂုတ်လတုန်းက ဘရန့်ဖို့ဒ်ကို ရှုံးခဲ့တဲ့အတွင်း ကစားရတာ အရမ်း ပူလွန်းတယ်လို့ စောဒက တက်ခဲ့တဲ့နောက် ကစားသမားတစ်ယောက် အား ညည်းတွားတာတွေ ရပ်တန့်ဖို့ အမိန့် ပေးခဲ့ပြီး ဆင်ခြေပေးတာတွေကို ပိတ်ပင်ဖို့ လုပ်ခဲ့ပါတယ်။
ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဆော်ဒီ ကလပ် အယ်လ်နက်ဆာ ထံ မပြောင်းရွှေ့မီ မှာ အသင်းဟောင်း ရီးရဲ မက်ဒရစ် ဆီက ကမ်းလှမ်းမှု ကို မျှော်လင့် ခဲ့သေးတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ပါတယ်။

မန်ယူ ဂန္တဝင် ခံစစ်မှူး တဦး ဖြစ်သူ ရီယို ဖာဒီနန်ကတော့ အသင်းရဲ့ အင်္ဂလန်သား အဓိက ခံစစ်မှူး ဟယ်ရီ မက်ဂွဲရားဟာ အသင်းပြောင်းဖို့ စဉ်းစားရမယ့် အချိန်ကို ရောက်ပြီလို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ရဲ့ ပေါ်တူဂီ နောက်ခံလူ ဒီယေဂို ဒါးလော့ နဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို တို့ ဟာ အသင်းဆီ ပြန်လည် ရောက်ရှိ လာခဲ့ကြပြီး စတင် လေ့ကျင့်နေကြပြီလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက် စီအီးအို ရစ်ချတ်အာနိုးဟာ ကမ္ဘာ့ဖလားမတိုင်ခင် ဆော်ဒီအာရေဗျနဲ့ စပွန်ဆာကိစ္စ ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။